လီဗာပူးအသင်း မန်နေဂျာ အဖြစ် ယာဂင်ကလော့ပ် တာဝန်ယူခဲ့တာက ၆ နှစ် ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဒီကာလအတွင်း မိုဆာလာနဲ့ ဗန်ဒိုက်တို့လို လူသိများတဲ့ ကြယ်ပွင့်တွေ ပေါ်ထွက်ခဲ့သလို အသင်း အတွက် တစ်ချက်ကောင်း တောက်ပခဲ့ပြီး ပရိသတ်တွေလည်း ချစ်ခင်ခြင်း ခံရတဲ့ လီဗာပူး အသင်းသားတွေလည်း ရှိနေပါတယ်။

ဒီလို ကစားသမားတွေကို TIA က အခုလို စုစည်း ဖော်ပြပေးထားပါတယ်။

(၆) စတီဗင် ကော်ကာ

စတီဗင် ကော်ကာဟာ ဗဟိုခံစစ် ရှားပါးတဲ့ ပြဿနာကို ကူညီဖြေရှင်းပေးဖို့အတွက် ၂၀၁၆ ဇန်နဝါရီမှာ အငှားနဲ့ ရောက်လာခဲ့တာပါ။ သူဟာ လီဗာပူးအတွက် ၄ ပွဲပဲ ကစားခဲ့ရပေမယ့် အဲ့ဒီ့အချိန်တွင်း သူ့ရဲ့ ရေပန်းစားတဲ့ သူရဲကောင်းဂုဏ်ပုဒ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အရန် ကစားသမား အနေနဲ့ အာဆင်နယ်နဲ့ အိမ်ကွင်းပွဲမှာ ပွဲဦးထွက်ခဲ့ပြီးနောက် ကော်ကာက ဒီလိုပြောခဲ့ပါတယ်။

“စနေနေ့ မနက်မှာ ကျွန်တော်တွေးမိတာက နောက် ၄ ရက်နေရင် လီဗာပူးအတွက် ပွဲဦးထွက်ခွင့် ရဖို့ထက် ထီပေါက်ဖို့ အလားအလာက ပိုသာလိမ့်မယ်လို့ပေါ့။ LOL! ဂုဏ်ယူစရာပါပဲ”
– ကော်ကာ

သူဟာ အာဆင်နယ်နဲ့ပွဲရဲ့ ၈၇ မိနစ်မှာ ပါဝင်ကစားပေးခဲ့ပြီးနောက် နောဝစ်ချ်ကို ၅-၄ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ပွဲထွက်ခဲ့ရပြီး အဒမ် လယ်လာနာရဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုးမှာ ပါဝင်ကူညီပေးခဲ့ကာ ယာဂင် ကလော့ပ် ကို မျက်မှန်ပြုတ်ကျတဲ့အထိ အောင်ပွဲခံနိုင်စေခဲ့တာပါ။

အခု တူရကီ ကလပ် ဂါဇီယန်တက်မှာ အငှားကစားနေတဲ့ ကော်ကာကို အချိန်အတော်ကြာ မေ့နေကြတာမျိုး ဖြစ်နိုင်ပေမယ့် အခုနေ လီဗာပူးပရိသတ် တစ်ယောက်ကို သူ့နာမည်ပြောလိုက်တာနဲ့ ပြုံးသွားစေမှာ ဖြစ်ပါတယ်။

(၅) ရှာဒန် ရှာကွီရီ

ရှာကွီရီ လက်ညှိုးထိုးပြနေတဲ့ပုံနဲ့ ဓာတ်ပုံလေး ထက် ပိုပြီး အသုံးပြုခံရတဲ့ တခြား လီဗာပူး ကစားသမား ရဲ့ ပုံ ရှိပါဦးမလား? အဲ့ဒီ့ ပုံ ကို တွစ်တာမှ မကြာခဏ မြင်နေရပေမယ့် သူနဲ့ ပတ်သက်ပြီး ချစ်စရာကောင်းတဲ့ အရာတွေ အများကြီး ရှိခဲ့ပါတယ်။

ရှာကွီရီဟာ မန်ယူနိုက်တက်၊ အဲဗာတန်တို့နဲ့ပွဲမှာ အရေးပါတဲ့ ဂိုးတွေကို သွင်းယူခဲ့ပြီး အမှတ်ရဖွယ် စတိုင်နဲ့ အောင်ပွဲခံခဲ့သလို ၂၀၁၈ တုန်း ယူနိုက်တက်နဲ့ပွဲအပြီးမှာ ဂယ်ရီနဗီးနဲ့ ရယ်စရာ ဖြစ်ခဲ့ပါသေးတယ်။

နဗီးဟာ ကာရေဂါနဲ့ လောင်းတာရှုံးလို့ ကျောမှာ ဆွစ်ဇာလန်သားရဲ့ နာမည်ပါတဲ့ တီရှပ်ကို ဝတ်ဆင် ခဲ့ရပြီး ကြည့်ရတာ ပျော်စရာကောင်းခဲ့ပါတယ်။ ရှာကွီရီရဲ့ ပုံစံကနေအစ ပြေးလွှားပုံအထိ သူမတူတဲ့ စတိုင် အမြဲရှိခဲ့သလို နှစ်ခုလုံးက ပရိသတ်တွေအတွက် ချစ်စရာ ဖြစ်နေခဲ့တာပါ။

(၄) နက် ဖီးလစ်

လီဗာပူးဟာ ၂၀၂၀-၂၁ ရာသီအတွင်း မထင်မှတ်ထားတဲ့ သူရဲကောင်းတစ်ယောက် ရရှိခဲ့ပြီး အဲ့ဒါကတော့ နက် ဖီးလစ် ဖြစ်ပါတယ်။ ဒါပေမယ့် သူက တနင်္ဂနွေနေ့ အပျော်တမ်း ကစားတဲ့ လိဂ်က ကစားသမား ပုံစံနဲ့ တူနေပါတယ် (ဆောရီး, နက်)။ အဲ့ဒါကပဲ သူ့ရဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်သလို ဘာမှမသိ၊ အတွေ့အကြုံမရှိတဲ့ သူလိုမျိုး အထင်ခံရစေခဲ့တာပါ။

ဖီးလစ်ဟာ အဲ့ဒီ့လို ခက်ခဲတဲ့အချိန်မှာ ရောက်လာပြီး နှစ်သက်ဖွယ် ခြေစွမ်းပြခဲ့ကာ လိဂ်မှာ တစ်ပွဲ ပျမ်းမျှ အမြင့်ဘော အောင်မြင်မှု ၅.၆ ကြိမ်ရရှိခဲ့ပြီး လီဗာပူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မှာ အရေးပါတဲ့ နေရာကနေ ပါဝင်ကူညီပေးခဲ့ပါတယ်။ ဘန်လေနဲ့ပွဲက သူ့ရဲ့ဂိုးဟာ ပျော်ရွှင်စရာ အခိုက်အတန့်ဖြစ်ခဲ့ပြီး အသင်းဖော်တွေ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အောင်ပွဲခံမှုတွေက အသင်းမှာ သူ့ရဲ့ ကျော်ကြားမှုကို မီးမောင်းထိုးပြနေတာပါ။

ဖီးလစ်ဟာ အန်ဖီးမှာ အနာဂတ် အများကြီး မရှိနိုင်ပေမယ့် သူ့အတွက် ကြီးမားတဲ့ အသိအမှတ်ပြု ချီးကျူးမှုတွေကတော့ အမြဲရှိနေမှာ ဖြစ်ပါတယ်။

(3) ရက်နာ ကလာဗန်

စကေးလ်ပိုင်း ကြွယ်ဝမှုနဲ့ ပတ်သက်ပြီး ကျော်ကြားတဲ့ ဗဟိုနောက်ခံလူ ဘယ်လောက်များများ ရှိပါသလဲ။ ဒါဟာ ရက်နာ ကလာဗန်ကို တခြားသော သာမန်နောက်ခံလူတွေနဲ့ ကွဲထွက်သွားစေတဲ့ အရာပါ။

ကလာဗန် ဟာ ဟက်ဒါဖီး၊ မာရီဗောတို့နဲ့ ပွဲတွေမှာ အဓိပ္ပါယ်မရှိတဲ့ လိမ်ခေါက်စကေးပြမှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး သူ့နားမှာ ဘယ်သူမှ မရှိတဲ့ကြားက ဘောလုံးကို လှည့်ပတ်ပြီး လက်ခံရယူခဲ့တဲ့ပုံစံက နာမည်ကြီးသွားစေခဲ့တာ ဖြစ်ပါတယ်။

လော့ဒ် ကလာဗန်လို့ လီဗာပူးပရိသတ်တွေ နာမည်ပြောင်ပေးထားရတဲ့ ကစားသမားဟာ သူရဲကောင်း ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တော့ သိပ်ပြီးမတွဲမိကြပါဘူး။ သူဟာ ဘန်လေနဲ့ပွဲမှာ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အဲ့ဒါဟာ ၂၀၁၇-၁၈ ရာသီရဲ့ အကောင်းဆုံး အခိုက်အတန့် တစ်ခု ဖြစ်ခဲ့ပါတယ်။

(၃) ဒီဗော့ အိုရီဂီ

လီဗာပူး မှာ ဂန္တဝင်ဆန်တဲ့ အခိုက်အတန့်တွေ များစွာ ပြုလုပ်ပေးခဲ့တဲ့ အဆုံးအဖြတ် ကစားသမား တစ်ယောက် ရှိခဲ့ပါသလား? အိုရီဂီရဲ့ ကစားသမားဘဝဟာ လီဗာပူးသမိုင်းမှာ စိတ်ဝင်စားစရာ အကောင်းဆုံးတစ်ခုလို့ ဆိုရမှာဖြစ်ပြီး အဲ့ဒါကပဲ သူ့ကို ကျော်ကြားတဲ့ သူရဲကောင်းတံဆိပ် ရရှိစေခဲ့တာပါ။

ဘာစီလိုနာနဲ့ပွဲက ဂိုး ၂ ဂိုး၊ စပါးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲက သွင်းဂိုး၊ အဲဗာတန် နယူးကာဆယ် တို့နဲ့ ပွဲတွေက အနိုင်ဂိုး စတဲ့ ၂၀၁၈-၁၉ ရာသီအတွင်း အိုရီဂီ လုပ်ပြခဲ့တဲ့အရာတွေက သူ့ကို လီဗာပူး ဂန္တဝင် တစ်ယောက်အဖြစ် အမြဲ မှတ်မိသွားစေမှာပါ။

ဘယ်လ်ဂျီယမ်သားဟာ ကွင်းပြင်ပမှာလဲ စိတ်ဝင်စားစရာ ဘဝရှိသူဖြစ်ပြီး လီဗာပူး တက္ကသိုလ်နဲ့ လက်တွဲကာ မြို့ထဲက ကျောင်းသားနှစ်ယောက်ကို စကောလားရှစ် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ သူဟာ အစကောင်းပေမယ့် အဆုံးမှာ စိတ်ပျက်စရာ ဖြစ်သွားတာတောင်မှပဲ အဲ့ဒါဟာ တကယ့် လီဗာပူး သူရဲကောင်း တစ်ယောက်ဆီက သိပ်ကောင်းတဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

(၁) ဂျိုဝယ် မာတစ်

သူတို့ရဲ့ ပြောပုံဆိုပုံ ဒါမှမဟုတ် မတော်တဆ ဖြစ်ရပ်တွေကို တုံ့ပြန်ပုံက တမင်လုပ်ယူစရာမလိုပဲ ရယ်စရာကောင်းနေတဲ့ သူငယ်ချင်းမျိုး ရှိတာထက် ပိုပြီး ပျော်စရာ ကောင်းတဲ့အရာ မရှိတော့ပါဘူး။ လီဗာပူးမှာဆိုရင် အဲ့ဒီ့လိုလူမျိုးက ဂျိုဝယ်မာတစ်ပါပဲ။

တမင်လုပ်ယူမထားတဲ့ ဗဟိုနောက်ခံလူရဲ့ ရယ်စရာကောင်းတဲ့ အရည်အသွေးက ကျော်ကြားလွန်း လှပြီး အဲ့ဒါကြောင့်ပဲ ‘No Context Joel Matip’ ဆိုတဲ့ သူ့ ပရိသတ် တွစ်တာ အကောင့် တစ်ခုလုံးက သူ့ရဲ့ ရယ်စရာ ဓာတ်ပုံတွေနဲ့ ပြည့်နှက်နေတာပါ။

မနှစ်က Team Meeting ဗီဒီယို ကနေ ပေါ်ထွက်လာတဲ့ ကလစ်တစ်ခုကလဲ ရယ်စရာကောင်းခဲ့ပြီး မာတစ်ရဲ့ ကွင်းထဲက အပြုအမူတွေဟာ ကြောင်တောင်တောင်နဲ့ ရယ်ရတာမျိုး ဖြစ်နေတဲ့အတွက် နာမည်ကြီးတာ ဖြစ်ပါတယ်။

သူ့နားမှာ ဖြစ်ပျက်နေသမျှ အရာအားလုံးကို အူမြူးစရာ ကောင်းလောက်အောင် ဘာမှ မသိ နားမလည်တဲ့ ပုံစံနဲ့ မကြာခဏ မြင်တွေ့ရတဲ့ မာတစ်ဟာ ကလော့ပ်ခေတ်မှာ လီဗာပူးရဲ့ နောက်ဆုံး နာမည်ကြီးသူ ရဲကောင်းပဲ ဖြစ်ပါတယ်။