ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး လိုင်ယွန်နယ် မက်ဆီက ဒီရာသီ ချန်ပီယံလိဂ်ကို အနိုင်ရနိုင်တဲ့ ကလပ် ၇ သင်းကို ရွေးထုတ်ရာမှာ အင်္ဂလန်ကလပ် ၃ သင်းထိ ရွေးချယ်သွားပါတယ်။

ပီအက်စ်ဂျီနည်းတူ ချန်ပီယံဖြစ်လာဖို့ ရေပန်းစား ကလပ်တွေကို မက်ဆီက ရွေးထုတ်ခဲ့တာဖြစ်ပေမယ့် အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ လီဗာပူးအသင်းကိုတော့ ချန်ပီယံဖြစ်မယ်လို့ မထင်ပါဘူး။ သူက အင်္ဂလန်ကလပ်တွေထဲ မန်စီးတီး၊ ယူနိုက်တက်၊ ချယ်ဆီးတို့ကို ချန်ပီယံဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့သေးတာဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့အပြိုင် ချန်ပီယံဖြစ်နိုင်တဲ့ အသင်းတွေကို မက်ဆီ ပြောရာမှာ ” လူတိုင်းက ပီအက်စ်ဂျီကိုပဲ စောင့်ကြည့်နေကြမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့်လို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် တောင့်တင်းတဲ့ အသင်းတွေလည်း ရှိနေပါသေးတယ်။

ချယ်ဆီး၊ မန်ချက်စတာကလပ် နှစ်သင်း၊ ချန်ပီယံလိဂ်မှာ အမြဲတမ်း တုန့်ပြန်မှုကောင်းတဲ့ ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်နဲ့ ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေဖြစ်ပါတယ် ” လို့ ဖြစ်တယ်။

မက်ဆီကတော့ အဆိုပါ ကလပ် ၇ သင်းဟာ ဥရောပရဲ့ ထိပ်တန်း အသင်းကောင်းတွေကို နာမည်တပ်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီကတော့ ပီအက်စ်ဂျီထက်စာရင် အဆိုပါ ၇ သင်းက အသင်းလိုက်မှာ ပိုမို ကောင်းမွန်ပြီး သမ္ဘာပိုရှိတယ်လို့ ပြောဆိုပါသေးတယ်။

မက်ဆီက ” ကျနေ်ာတို့အသင်းက တစ်ဦးချင်းမှာ ကောင်းမွန်ပေမယ့် အသင်းလိုက်မှာ တိုးတက်မှုတွေ ရှာဖွေဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ ဆုဖလားတွေကို အနိုင်ရဖို့ဆိုရင် အသင်းလိုက် ကစားနိုင်ဖို့ လိုပါတယ်။

အဲ့တာကြောင့်ပဲ အဲ့အသင်းတွေက ကျနေ်ာတို့ထက်စာရင် အသင်းလိုက်မှာ ပိုမို အတွေ့အကြုံကောင်းတွေ ရှိနေပြီး ခြေတစ်လှမ်းသာနေတယ်လို့ ပြောရတာပါ ” လို့ ဆိုသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ရလဒ်တွေ ကောင်းနေပြီး ပြိုင်ပွဲအတွင်း သွင်းဂိုး အများဆုံး အသင်းအဖြစ် ဘိုင်ယန်မြူးနစ်နဲ့အတူ ပူးတွဲ ရပ်တည်နေတာပါ။ ယာဂင်ကလော့ပ်ရဲ့ အသင်းကတော့ ရှုံးထွက်အဆင့် တက်နိုင်ဖို့ကိုပဲ အာရုံစိုက်နေမှာဖြစ်ပြီး ခက်ခဲတဲ့ ပွဲစဉ်တွေကို ကျော်ဖြတ်နိုင်ရေး ကြိုးစားလာဦးမှာ ဖြစ်ပါတယ်။

ZAWGYI

ပီအက္စ္ဂ်ီအသင္း တိုက္စစ္မွဴး လိုင္ယြန္နယ္ မက္ဆီက ဒီရာသီ ခ်န္ပီယံလိဂ္ကို အႏုိင္ရႏုိင္တဲ့ ကလပ္ ၇ သင္းကို ေရြးထုတ္ရာမွာ အဂၤလန္ကလပ္ ၃ သင္းထိ ေရြးခ်ယ္သြားပါတယ္။

ပီအက္စ္ဂ်ီနည္းတူ ခ်န္ပီယံျဖစ္လာဖို႔ ေရပန္းစား ကလပ္ေတြကို မက္ဆီက ေရြးထုတ္ခဲ့တာျဖစ္ေပမယ့္ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ဟာ လီဗာပူးအသင္းကိုေတာ့ ခ်န္ပီယံျဖစ္မယ္လို႔ မထင္ပါဘူး။ သူက အဂၤလန္ကလပ္ေတြထဲ မန္စီးတီး၊ ယူႏုိက္တက္၊ ခ်ယ္ဆီးတို႔ကို ခ်န္ပီယံျဖစ္ႏုိင္တယ္လို႔ မွတ္ခ်က္ေပးခဲ့ေသးတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီနဲ႔အျပိဳင္ ခ်န္ပီယံျဖစ္ႏုိင္တဲ့ အသင္းေတြကို မက္ဆီ ေျပာရာမွာ ” လူတိုင္းက ပီအက္စ္ဂ်ီကိုပဲ ေစာင့္ၾကည့္ေနၾကမယ္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္လို႔ ခ်န္ပီယံဆုကို စိန္ေခၚႏုိင္မယ့္ ေတာင့္တင္းတဲ့ အသင္းေတြလည္း ရွိေနပါေသးတယ္။

ခ်ယ္ဆီး၊ မန္ခ်က္စတာကလပ္ ႏွစ္သင္း၊ ခ်န္ပီယံလိဂ္မွာ အျမဲတမ္း တုန္႔ျပန္မႈေကာင္းတဲ့ ရီးရဲလ္မက္ဒရစ္၊ အင္တာမီလန္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔လို အသင္းေတြျဖစ္ပါတယ္ ” လို႔ ျဖစ္တယ္။

မက္ဆီကေတာ့ အဆိုပါ ကလပ္ ၇ သင္းဟာ ဥေရာပရဲ႕ ထိပ္တန္း အသင္းေကာင္းေတြကို နာမည္တပ္ခဲ့ပါတယ္။ ဒါ့အျပင္ မက္ဆီကေတာ့ ပီအက္စ္ဂ်ီထက္စာရင္ အဆိုပါ ၇ သင္းက အသင္းလိုက္မွာ ပိုမို ေကာင္းမြန္ျပီး သမၻာပိုရွိတယ္လို႔ ေျပာဆိုပါေသးတယ္။

မက္ဆီက ” က်ေန္ာတို႔အသင္းက တစ္ဦးခ်င္းမွာ ေကာင္းမြန္ေပမယ့္ အသင္းလိုက္မွာ တိုးတက္မႈေတြ ရွာေဖြဖို႔ လိုအပ္ေနဆဲျဖစ္ပါတယ္။ ဆုဖလားေတြကို အႏုိင္ရဖို႔ဆိုရင္ အသင္းလိုက္ ကစားႏုိင္ဖို႔ လိုပါတယ္။

အဲ့တာေၾကာင့္ပဲ အဲ့အသင္းေတြက က်ေန္ာတို႔ထက္စာရင္ အသင္းလိုက္မွာ ပိုမို အေတြ႔အၾကံဳေကာင္းေတြ ရွိေနျပီး ေျခတစ္လွမ္းသာေနတယ္လို႔ ေျပာရတာပါ ” လို႔ ဆိုသြားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ရလဒ္ေတြ ေကာင္းေနျပီး ျပိဳင္ပြဲအတြင္း သြင္းဂိုး အမ်ားဆံုး အသင္းအျဖစ္ ဘိုင္ယန္ျမဴးနစ္နဲ႔အတူ ပူးတြဲ ရပ္တည္ေနတာပါ။ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းကေတာ့ ရွံဳးထြက္အဆင့္ တက္ႏုိင္ဖို႔ကိုပဲ အာရံုစိုက္ေနမွာျဖစ္ျပီး ခက္ခဲတဲ့ ပြဲစဥ္ေတြကို ေက်ာ္ျဖတ္ႏုိင္ေရး ၾကိဳးစားလာဦးမွာ ျဖစ္ပါတယ္။