ကာရေဂါဟာ လီဗာပူးနဲ့ ပတ်သက်လို့ မတူညီတဲ့ အကြောင်းအရာများစွာကို ဖွင့်ဟခဲ့ရာမှာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ မန်နေဂျာနှစ်ဦးအကြောင်းလည်း ပါဝင်ခဲ့ပါတယ်။

ကာရေဂါ၊ ဖောင်လာ၊ အိုဝင်၊ ဂျရတ် အစရှိတဲ့ လီဗာပူးဖွား အကယ်ဒမီထွက် ကစားသမားတွေဟာ ဟူလီယာနဲ့ ဘင်နီတက်ဇ် နှစ်ဦး ကိုင်တွယ်ချိန်မှာ ကစားသမားဘဝ အပြောင်းအလဲကြီးတွေ ဖြစ်ခဲ့သူတွေပါ။ အိုဝင်က ဘင်နီတက်ဇ် လက်ထက်မှာ အဝေးကို လွှင့်ပါးသွားသူဖြစ်ပြီး ဂျရတ်နဲ့ ကာရေဂါကတော့ ၂၀၀၅ အစ္စတန်ဘူလ်ညကို ပိုင်ဆိုင်ခဲ့တာဖြစ်တယ်။

သူ မြင်ခဲ့ဖူးသမျှ အကောင်းဆုံး နည်းပြဟောင်းတွေဖြစ်တဲ့ ရာဖေး ဘင်နီတက်ဇ်၊ ဂျရတ် ဟူလီယာတို့နဲ့ သူ့ရဲ့ ဆက်ဆံရေးတွေအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ ဘယ်နည်းပြကို အကောင်းဆုံးလို့ ထင်လဲလို့ မေးမြန်းခံရချိန်မှာ ကာရေဂါက

“ဒီတစ်ခုကိုတော့ ကျွန်တော် ဘယ်တော့မှ မဖြေနိုင်ဘူး။ ရာဖေးဘင်နီတက်ဇ်က ပိုကောင်းတဲ့ ဘောလုံးမန်နေဂျာ တစ်ယောက် ဖြစ်ခဲ့ပေမယ့် ဟူလီယာက ပိုတော်တဲ့ လူသားဆန်သူ ဖြစ်ခဲ့တာပါ။

ဘင်နီတက်ဇ်ကိုတော့ ကျွန်တော် နည်းနည်းလေး ပိုအားသာလောက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အတူတူ အောင်မြင်ခဲ့တဲ့ အရာတွေ၊ သူ့လက်အောက် ဗဟိုခံစစ်မှူးနေရာမှာ ကျွန်တော် အကောင်းဆုံး ကစားခဲ့တဲ့ အချိန်တွေကြောင့်ပါပဲ။

ဘင်နီတက်ဇ်နဲ့ဆိုရင် ဒါကို မပျော်ဘူးလို့ ပြောရလုနီးပါးပဲ။ မပျော်ဘူးလို့ ပြောတာက ပျော်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ကျွန်တော်တို့ အံ့ဩဖို့ကောင်းတဲ့ အရာတွေ လုပ်ခဲ့ကြပြီး ဒါတွေကို ပျော်ရွှင်ခဲ့ကြပါတယ်။ သူက ကာပယ်လိုပုံစံနဲ့ (အင်္ဂလန်အသင်း မန်နေဂျာဟောင်း) တူပါတယ်။ အမြဲတမ်း ကျွန်တော်တို့ဆီကနေ ပိုပြီးအားထုတ်တာကို လိုချင်တယ်။ ‘မင်း ကောင်းကောင်းကစားခဲ့တာပဲ’လို့ သူ ဘယ်တော့မှ ချီးကျူးမှာ မဟုတ်ပါဘူး။

၂၀၀၆ ကမ္ဘာ့ဖလားမှာ ပွဲအနည်းငယ်ကို ကျွန်တော် ကစားခဲ့ရတာ အမြဲမှတ်မိပါတယ်။ ကျွန်တော်တို့ အက်ဖ်အေဖလားဖိုင်နယ် ရောက်ခဲ့တယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ် အောင်မြင်ခဲ့တာကြောင့် ရာသီကို စောစောစတင်ခဲ့ရတယ်။ ကျွန်တော် ထိခိုက်ခဲ့ပြီးတော့ ရာသီကို ကောင်းကောင်း မစတင်နိုင်ခဲ့ဘူး။ ဝေဖန်မှုတွေ ခံခဲ့ရတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။

ကျွန်တော့်အနေနဲ့ ရာဖာဆီကနေ ‘မင်း ငါ့အတွက် အံ့ဩစရာကောင်းတွေ နှစ်နဲ့ချီ လုပ်ပေးခဲ့တာပဲ။ ဒီအတွက် မစိုးရိမ်နဲ့။ ရက်သတ္တပတ်အနည်းငယ်အတွင်း မင်း အဆင်ပြေသွားမှာပါ’ဆိုတဲ့ အားပေးမှုကို လိုချင်ခဲ့တာပါ။ ဒါပေမယ့် သူကတော့ ‘မင်း ဒီလိုလုပ်ခဲ့သင့်တယ်’ဆိုပြီး ဆူနေတုန်းပဲ” လို့ ပြောပြခဲ့ပါတယ်။

ZAWGYI

ကာေရဂါဟာ လီဗာပူးနဲ႔ ပတ္သက္လို႔ မတူညီတဲ့ အေၾကာင္းအရာမ်ားစြာကို ဖြင့္ဟခဲ့ရာမွာ သူ႔ရဲ႕ လီဗာပူးကစားသမားဘဝ မန္ေနဂ်ာႏွစ္ဦးအေၾကာင္းလည္း ပါဝင္ခဲ့ပါတယ္။

ကာေရဂါ၊ ေဖာင္လာ၊ အိုဝင္၊ ဂ်ရတ္ အစရွိတဲ့ လီဗာပူးဖြား အကယ္ဒမီထြက္ ကစားသမားေတြဟာ ဟူလီယာနဲ႔ ဘင္နီတက္ဇ္ ႏွစ္ဦး ကိုင္တြယ္ခ်ိန္မွာ ကစားသမားဘဝ အေျပာင္းအလဲၾကီးေတြ ျဖစ္ခဲ့သူေတြပါ။ အိုဝင္က ဘင္နီတက္ဇ္ လက္ထက္မွာ အေဝးကို လႊင့္ပါးသြားသူျဖစ္ျပီး ဂ်ရတ္နဲ႔ ကာေရဂါကေတာ့ ၂၀၀၅ အစၥတန္ဘူလ္ညကို ပိုင္ဆိုင္ခဲ့တာျဖစ္တယ္။

သူ ျမင္ခဲ့ဖူးသမွ် အေကာင္းဆုံး နည္းျပေဟာင္းေတြျဖစ္တဲ့ ရာေဖး ဘင္နီတက္ဇ္၊ ဂ်ရတ္ ဟူလီယာတို႔နဲ႔ သူ႔ရဲ႕ ဆက္ဆံေရးေတြအေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။ ဘယ္နည္းျပကို အေကာင္းဆုံးလို႔ ထင္လဲလို႔ ေမးျမန္းခံရခ်ိန္မွာ ကာေရဂါက

“ဒီတစ္ခုကိုေတာ့ ကြၽန္ေတာ္ ဘယ္ေတာ့မွ မေျဖႏိုင္ဘူး။ ရာေဖးဘင္နီတက္ဇ္က ပိုေကာင္းတဲ့ ေဘာလုံးမန္ေနဂ်ာ တစ္ေယာက္ ျဖစ္ခဲ့ေပမယ့္ ဟူလီယာက ပိုေတာ္တဲ့ လူသားဆန္သူ ျဖစ္ခဲ့တာပါ။

ဘင္နီတက္ဇ္ကိုေတာ့ ကြၽန္ေတာ္ နည္းနည္းေလး ပိုအားသာေလာက္တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အတူတူ ေအာင္ျမင္ခဲ့တဲ့ အရာေတြ၊ သူ႔လက္ေအာက္ ဗဟိုခံစစ္မွဴးေနရာမွာ ကြၽန္ေတာ္ အေကာင္းဆုံး ကစားခဲ့တဲ့ အခ်ိန္ေတြေၾကာင့္ပါပဲ။

ဘင္နီတက္ဇ္နဲ႔ဆိုရင္ ဒါကို မေပ်ာ္ဘူးလို႔ ေျပာရလုနီးပါးပဲ။ မေပ်ာ္ဘူးလို႔ ေျပာတာက ေပ်ာ္တယ္ဆိုတဲ့ အဓိပၸါယ္ပါပဲ။ ကြၽန္ေတာ္တို႔ အံ့ဩဖို႔ေကာင္းတဲ့ အရာေတြ လုပ္ခဲ့ၾကၿပီး ဒါေတြကို ေပ်ာ္႐ႊင္ခဲ့ၾကပါတယ္။ သူက ကာပယ္လိုပုံစံနဲ႔ (အဂၤလန္အသင္း မန္ေနဂ်ာေဟာင္း) တူပါတယ္။ အၿမဲတမ္း ကြၽန္ေတာ္တို႔ဆီကေန ပိုၿပီးအားထုတ္တာကို လိုခ်င္တယ္။ ‘မင္း ေကာင္းေကာင္းကစားခဲ့တာပဲ’လို႔ သူ ဘယ္ေတာ့မွ ခ်ီးက်ဴးမွာ မဟုတ္ပါဘူး။

၂၀၀၆ ကမာၻ႔ဖလားမွာ ပြဲအနည္းငယ္ကို ကြၽန္ေတာ္ ကစားခဲ့ရတာ အၿမဲမွတ္မိပါတယ္။ ကြၽန္ေတာ္တို႔ အက္ဖ္ေအဖလားဖိုင္နယ္ ေရာက္ခဲ့တယ္။ ကြၽန္ေတာ္တို႔က ခ်န္ပီယံလိဂ္ ေအာင္ျမင္ခဲ့တာေၾကာင့္ ရာသီကို ေစာေစာစတင္ခဲ့ရတယ္။ ကြၽန္ေတာ္ ထိခိုက္ခဲ့ၿပီးေတာ့ ရာသီကို ေကာင္းေကာင္း မစတင္ႏိုင္ခဲ့ဘူး။ ေဝဖန္မႈေတြ ခံခဲ့ရတယ္။ ဟုတ္ေတာ့လည္း ဟုတ္ပါတယ္။

ကြၽန္ေတာ့္အေနနဲ႔ ရာဖာဆီကေန ‘မင္း ငါ့အတြက္ အံ့ဩစရာေကာင္းေတြ ႏွစ္နဲ႔ခ်ီ လုပ္ေပးခဲ့တာပဲ။ ဒီအတြက္ မစိုးရိမ္နဲ႔။ ရက္သတၱပတ္အနည္းငယ္အတြင္း မင္း အဆင္ေျပသြားမွာပါ’ဆိုတဲ့ အားေပးမႈကို လိုခ်င္ခဲ့တာပါ။ ဒါေပမယ့္ သူကေတာ့ ‘မင္း ဒီလိုလုပ္ခဲ့သင့္တယ္’ဆိုၿပီး ဆူေနတုန္းပဲ” လို႔ ေျပာျပခဲ့ပါတယ္။