ဝတ်ဖိုဒ့်ပွဲကြို လီဗာပူးအသင်းသားတွေရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ ပတ်သက်လို့ မန်နေဂျာကလော့ပ်က အသင်းဝဘ်ဆိုဒ်ကနေ ဖြေဆိုပေးမှု လုပ်သွားခဲ့ပါတယ်။

ပေါ်တို၊ မန်စီးတီးပွဲတွေကို လွဲချော်ထားတဲ့ ညာအစွန်လူ ထရန့် ဒီအပတ်ပွဲမှာ ပြန်ပါနိုင်မှာဖြစ်ပြီး ကြွက်သား ဒဏ်ရာကြောင့် လက်ရွေးစင်ပွဲတွေမှာ မပါနိုင်ဖြစ်နေတဲ့ ဂျိုတာကလည်း ဝတ်ဖိုဒ့်ပွဲအတွက် အဆင်သင့် ဖြစ်နေမှာပါ။

မနက်ဖြန်မှာ အသင်းလိုက် လေ့ကျင့်ရေး ပြန်လည် စတင်မှာဖြစ်ပြီး သူတို့ နှစ်ဦးက ပုံမှန်အတိုင်း ပါဝင်သွားနိုင်ဖို့ ရှိနေတာဖြစ်တယ်။ ဒါပေမယ့်လို့ စပိန်လက်ရွေးစင် သီယာဂိုကတော့ ပြန်ကစားနိုင်ဦးမှာ မဟုတ်ဘဲ ကြားရက် ချန်ပီယံလိဂ်ပွဲမှာမှ ပြန်လည် ပွဲထွက်ဖွယ် ရှိပါတယ်။

ကလော့ပ်က “ သူတို့အားလုံး အခြေအနေကောင်းပါတယ်။ အားလုံးက ကောင်းမွန်တဲ့ လမ်းကြောင်းမှာ ရှိနေတယ်။ ကျနော် အဲ့လိုပဲ ပြောပါရစေ။ ဒီတော့ ထရန့်နဲ့ ဂျိုတာတို့ရဲ့ အခြေအနေက ကောင်းပါတယ်။ မနက်ဖြန်မှာ သူတို့ ပုံမှန်အတိုင်း လေ့ကျင့်ကြပါလိမ့်မယ်။ ဒါက ကျနေ်ာတို့ရဲ့ အစီအစဉ်ပါပဲ။

သီယာဂိုကတော့ နည်းနည်းလေး အချိန်ပိုယူဖို့ လိုပါတယ်။ သူက အသင်းနဲ့ လေ့ကျင့်ရေး မဆင်းနိုင်သေးပါဘူး။ လာမယ့်ပွဲမှာ သူပါဝင်ကစားဖို့တော့ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။

လက်ရွေးစင်အသင်းတွေထံ ပြန်လွှတ်ထားတဲ့ ကစားသမားတွေထဲမှာ အချို့က ပြန်လာပါပြီ။ အချို့က ပြန်မလာသေးပါဘူး။ ကျနေ်ာတို့ စောင့်ကြည့်ရမှာပါ ” လို့ ဖြေပေးခဲ့ပါတယ်။

ZAWGYI

ဝတ္ဖိုဒ့္ပြဲၾကိဳ လီဗာပူးအသင္းသားေတြရဲ႕ ၾကံ႕ခိုင္မႈ အေျခအေနနဲ႔ ပတ္သက္လို႔ မန္ေနဂ်ာကေလာ့ပ္က အသင္းဝဘ္ဆိုဒ္ကေန ေျဖဆိုေပးမႈ လုပ္သြားခဲ့ပါတယ္။

ေပၚတို၊ မန္စီးတီးပြဲေတြကို လြဲေခ်ာ္ထားတဲ့ ညာအစြန္လူ ထရန္႔ ဒီအပတ္ပြဲမွာ ျပန္ပါႏုိင္မွာျဖစ္ျပီး ၾကြက္သား ဒဏ္ရာေၾကာင့္ လက္ေရြးစင္ပြဲေတြမွာ မပါႏုိင္ျဖစ္ေနတဲ့ ဂ်ိဳတာကလည္း ဝတ္ဖိုဒ့္ပြဲအတြက္ အဆင္သင့္ ျဖစ္ေနမွာပါ။

မနက္ျဖန္မွာ အသင္းလိုက္ ေလ့က်င့္ေရး ျပန္လည္ စတင္မွာျဖစ္ျပီး သူတို႔ ႏွစ္ဦးက ပံုမွန္အတိုင္း ပါဝင္သြားႏုိင္ဖို႔ ရွိေနတာျဖစ္တယ္။ ဒါေပမယ့္လို႔ စပိန္လက္ေရြးစင္ သီယာဂိုကေတာ့ ျပန္ကစားႏုိင္ဦးမွာ မဟုတ္ဘဲ ၾကားရက္ ခ်န္ပီယံလိဂ္ပြဲမွာမွ ျပန္လည္ ပြဲထြက္ဖြယ္ ရွိပါတယ္။

ကေလာ့ပ္က “ သူတို႔အားလံုး အေျခအေနေကာင္းပါတယ္။ အားလံုးက ေကာင္းမြန္တဲ့ လမ္းေၾကာင္းမွာ ရွိေနတယ္။ က်ေနာ္ အဲ့လိုပဲ ေျပာပါရေစ။ ဒီေတာ့ ထရန္႔နဲ႔ ဂ်ိဳတာတို႔ရဲ႕ အေျခအေနက ေကာင္းပါတယ္။ မနက္ျဖန္မွာ သူတို႔ ပံုမွန္အတိုင္း ေလ့က်င့္ၾကပါလိမ့္မယ္။ ဒါက က်ေန္ာတို႔ရဲ႕ အစီအစဥ္ပါပဲ။

သီယာဂိုကေတာ့ နည္းနည္းေလး အခ်ိန္ပိုယူဖို႔ လိုပါတယ္။ သူက အသင္းနဲ႔ ေလ့က်င့္ေရး မဆင္းႏုိင္ေသးပါဘူး။ လာမယ့္ပြဲမွာ သူပါဝင္ကစားဖို႔ေတာ့ ေကာင္းတဲ့ လကၡဏာ မဟုတ္ပါဘူး။

လက္ေရြးစင္အသင္းေတြထံ ျပန္လႊတ္ထားတဲ့ ကစားသမားေတြထဲမွာ အခ်ိဳ႔က ျပန္လာပါျပီ။ အခ်ိဳ႔က ျပန္မလာေသးပါဘူး။ က်ေန္ာတို႔ ေစာင့္ၾကည့္ရမွာပါ ” လို႔ ေျဖေပးခဲ့ပါတယ္။