လက်ထောက်အသင်းခေါင်းဆောင် ဂျိမ်းမီလ်နာက ဒဏ်ရာကနေ ပြန်လည် နိုးထနိုင်ဖို့ ကြိုးစားနေရတဲ့ အယ်လီးယော့ဟာ ကောင်းကောင်းကြီး လုပ်ဆောင်နေပါကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

အယ်လီးယော့ဟာ သူ့ရဲ့ တိုးတက်မှု အခြေအနေတွေကို အင်စတာဂရမ်ကနေ မပြတ် ဖော်ပြနေတာပါ။ ဆယ်ကျော်သက်လေးဟာ အရွယ်နဲ့ မလိုက်တဲ့ စိတ်ဓါတ်ပိုင်းကြောင့် အမြန်ဆုံး တိုးတက်လာနေတယ်လို့ မီလ်နာက ချီးကျူးပေမယ့် လူမှုကွန်ယက်ကို အလွန်အကျွံ ပျော်မွေ့မှုကိုတော့ ဆင်ခြင်ဖို့ မီနာက သတိပေးခဲ့ပါတယ်။

လီဗာပူးဝဘ်ဆိုဒ်ဘက်က ” မီလ်နာရေး ခင်ဗျားက ဟာဗေး အယ်လီးယက်နဲ့ လေ့ကျင့်ရေးရုံမှာ အတူတူ ရှိခဲ့ပြီး အခုလို ခက်ခဲတဲ့ ကာလကို ရောက်နေချိန်မှာ သူ့ရဲ့ စိတ်အားထက်သန်မှု အဆင့်အတန်းကို မြှင့်တင်ပေးဖို့ ကြိုးစားပေးနေတာလား? ” လို့ မေးခွန်းထုတ်ခဲ့တာပါ။

မီလ်နာက ” ဟာဗေးက အစထဲက သိပ်ကို အကောင်းမြင်တတ်ခဲ့တာပါ။ သူဒဏ်ရာရကတည်းက ကျွန်တော်က စိတ်ဓာတ်ကြံ့ခိုင်ဖို့အကြောင်း ပြောပြခဲ့ပါတယ်။ သူကတော့ အရင်ထဲက ဒီလိုဟာတွေကို ကျော်ဖြတ်လာခဲ့သလိုမျိုး ရင့်ကျက်မှုနဲ့ စကားပြန်ပြောတတ်တယ်။ သူက အသက် ၃၀ ကျော် ကစားသမားကျနေတာပဲ။ တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။

သူ့မှာ သိပ်ကောင်းတဲ့ စိတ်ဓာတ်ရှိတယ်။ သူလုပ်စရာရှိတာကို ကြိုးစားလုပ်ပြီးတော့ အခုလဲ ကောင်းကောင်း တိုးတက်လာနေတာပါ။ ချိုင်းထောက်ကို လွှတ်ပစ်နိုင်ဖို့ သိပ်မကြာတော့ဘူးလို့ ထင်ပါတယ်။ သူ့လက်ထဲက ဖုန်းကို လွှတ်ချခိုင်းဖို့ပဲ လိုတယ်။

သူ ချိုင်းထောက် ထောက်ထားရတာလည်း တမျိုးတော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ တချိန်လုံး သူ တွစ်တာနဲ့ အင်စတာဂရမ်ပေါ်မှာ ရှိမနေနိုင်တော့ဘူးပေါ့။ ဒါပေမယ့် သူက အလုပ်ကြိုးစားပါတယ်။ ဒါက လူတွေမမြင်တဲ့အရာပါ။ သူတို့က လေ့ကျင့်ရေးရုံနဲ့ ဗီဒီယိုထဲက အရာတွေကိုပဲ မြင်ရတယ်။

ဒါပေမယ့် အခု သူက ချိုင်းထောက်နဲ့ နေနေရပြီးတော့ သားရေကြိုးနဲ့ လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ လုပ်နေပါတယ်။ ကြွက်သားကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့ ခြေထောက် မြှောက်ရတာတွေရောပေါ့။ ဒါက သိပ်ပျင်းစရာကောင်းပြီး လုပ်ရတာ လွယ်လွန်းနေတယ်။ ဒါပေမယ့် အဲ့ဒါက မင်းကို မြန်မြန်ပြန်ကောင်းလာဖို့ အခြေခံ လုပ်ရတဲ့ အလုပ်ပါပဲ။ သူ တကယ်ကို ကောင်းကောင်းလုပ်နေပါတယ်။ ” လို့ ပြန်ဖြေခဲ့တာဖြစ်ပါတယ်။

ZAWGYI

လက္ေထာက္အသင္းေခါင္းေဆာင္ ဂ်ိမ္းမီလ္နာက ဒဏ္ရာကေန ျပန္လည္ ႏိုးထႏုိင္ဖို႔ ၾကိဳးစားေနရတဲ့ အယ္လီးေယာ့ဟာ ေကာင္းေကာင္းၾကီး လုပ္ေဆာင္ေနပါေၾကာင္း ထုတ္ေျပာလာခဲ့ပါတယ္။

အယ္လီးေယာ့ဟာ သူ႔ရဲ႕ တိုးတက္မႈ အေျခအေနေတြကို အင္စတာဂရမ္ကေန မျပတ္ ေဖာ္ျပေနတာပါ။ ဆယ္ေက်ာ္သက္ေလးဟာ အရြယ္နဲ႔ မလိုက္တဲ့ စိတ္ဓါတ္ပိုင္းေၾကာင့္ အျမန္ဆံုး တိုးတက္လာေနတယ္လို႔ မီလ္နာက ခ်ီးက်ဴးေပမယ့္ လူမႈကြန္ယက္ကို အလြန္အကၽြံ ေပ်ာ္ေမြ႔မႈကိုေတာ့ ဆင္ျခင္ဖို႔ မီနာက သတိေပးခဲ့ပါတယ္။

လီဗာပူးဝဘ္ဆိုဒ္ဘက္က ” မီလ္နာေရး ခင္ဗ်ားက ဟာေဗး အယ္လီးယက္နဲ႔ ေလ့က်င့္ေရး႐ုံမွာ အတူတူ ရွိခဲ့ၿပီး အခုလို ခက္ခဲတဲ့ ကာလကို ေရာက္ေနခ်ိန္မွာ သူ႔ရဲ႕ စိတ္အားထက္သန္မႈ အဆင့္အတန္းကို ျမႇင့္တင္ေပးဖို႔ ႀကိဳးစားေပးေနတာလား? ” လို႔ ေမးခြန္းထုတ္ခဲ့တာပါ။

မီလ္နာက ” ဟာေဗးက အစထဲက သိပ္ကို အေကာင္းျမင္တတ္ခဲ့တာပါ။ သူဒဏ္ရာရကတည္းက ကြၽန္ေတာ္က စိတ္ဓာတ္ႀကံ့ခိုင္ဖို႔အေၾကာင္း ေျပာျပခဲ့ပါတယ္။ သူကေတာ့ အရင္ထဲက ဒီလိုဟာေတြကို ေက်ာ္ျဖတ္လာခဲ့သလိုမ်ိဳး ရင့္က်က္မႈနဲ႔ စကားျပန္ေျပာတတ္တယ္။ သူက အသက္ ၃၀ ေက်ာ္ ကစားသမားက်ေနတာပဲ။ တကယ္ကို အံ့ဩဖို႔ေကာင္းပါတယ္။

သူ႔မွာ သိပ္ေကာင္းတဲ့ စိတ္ဓာတ္ရွိတယ္။ သူလုပ္စရာရွိတာကို ႀကိဳးစားလုပ္ၿပီးေတာ့ အခုလဲ ေကာင္းေကာင္း တိုးတက္လာေနတာပါ။ ခ်ိဳင္းေထာက္ကို လႊတ္ပစ္ႏိုင္ဖို႔ သိပ္မၾကာေတာ့ဘူးလို႔ ထင္ပါတယ္။ သူ႔လက္ထဲက ဖုန္းကို လႊတ္ခ်ခိုင္းဖို႔ပဲ လိုတယ္။

သူ ခ်ိဳင္းေထာက္ ေထာက္ထားရတာလည္း တမ်ိဳးေတာ့ ေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ တခ်ိန္လုံး သူ တြစ္တာနဲ႔ အင္စတာဂရမ္ေပၚမွာ ရွိမေနႏိုင္ေတာ့ဘူးေပါ့။ ဒါေပမယ့္ သူက အလုပ္ႀကိဳးစားပါတယ္။ ဒါက လူေတြမျမင္တဲ့အရာပါ။ သူတို႔က ေလ့က်င့္ေရး႐ုံနဲ႔ ဗီဒီယိုထဲက အရာေတြကိုပဲ ျမင္ရတယ္။

ဒါေပမယ့္ အခု သူက ခ်ိဳင္းေထာက္နဲ႔ ေနေနရၿပီးေတာ့ သားေရႀကိဳးနဲ႔ လုပ္ရတဲ့ ေလ့က်င့္ခန္းေတြ လုပ္ေနပါတယ္။ ႂကြက္သားႀကံ့ခိုင္မႈကို ထိန္းသိမ္းဖို႔ ေျခေထာက္ ေျမႇာက္ရတာေတြေရာေပါ့။ ဒါက သိပ္ပ်င္းစရာေကာင္းၿပီး လုပ္ရတာ လြယ္လြန္းေနတယ္။ ဒါေပမယ့္ အဲ့ဒါက မင္းကို ျမန္ျမန္ျပန္ေကာင္းလာဖို႔ အေျခခံ လုပ္ရတဲ့ အလုပ္ပါပဲ။ သူ တကယ္ကို ေကာင္းေကာင္းလုပ္ေနပါတယ္။ ” လို႔ ျပန္ေျဖခဲ့တာျဖစ္ပါတယ္။