လီဗာပူးအသင်းရဲ့ ဘရာဇီးသား ကစားသမားတွေဖြစ်တဲ့ အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ဟာ ဝတ်ဖိုဒ့်နဲ့ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲအား သေချာပေါက် လွဲချော်သွားမှာ ဖြစ်ပါတယ်။

ဘရာဇီးရဲ့ ကမ္ဘာဖလား ခြေစစ်ပွဲနဲ့ ဝတ်ဖိုဒ့်ပွဲကြားမှာ ပွဲချိန်ကွာခြားမှု ၃၅ နာရီပဲ ရှိတာကြောင့် ဘရာဇီးသား နှစ်ဦးဟာ ကလပ်ပွဲကို လွဲမှာဖြစ်တယ်။ အယ်လီဆန်နေရာမှာ ကလယ်ဟာ ပါဝင်ကစားနိုင်မယ်လို့ ယုံကြည်ရပြီး ဖာဘင်ညိုရဲ့ နံပါတ် ၆ နေရာအတွက်တော့ ဟန်ဒါဆန်က ပါဝင်ကစားသွားဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းရဲ့ ပွဲစဉ်ကို နောက်ဆုတ်ပေးဖို့ ကလပ်ဘက်က တောင်းဆိုခဲ့ပေမယ့် ဝတ်ဖိုဒ့်ဘက်က ငြင်းဆန်ခြင်းကြောင့် ဘရာဇီးသား နှစ်ဦးရဲ့ ကစားခွင့်ဟာ သေချာပေါက် လွဲချော်ခဲ့ရခြင်းလည်းဖြစ်တယ်။

သူတို့နှစ်ဦး အင်္ဂလန်ကို ပြန်လာမယ်ဆိုရင် ကွာရန်တင်း ၁၀ ရက် ဝင်ရေး ကိစ္စ ရှိနေပေမယ့် ကလပ်နဲ့တော့ လေ့ကျင့်ကစားခွင့် ရမှာဖြစ်ပါတယ်။ ဘရာဇီးကနေ စပိန်ကို တိုက်ရိုက်သွားပြီး အင်္ဂလန်မှာ ကွာရန်တင်းဝင်ဖို့ ကိစ္စကို ရှောင်ဖို့ ကြိုးစားဖို့ကတော့ လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စလို့ သိရတယ်။

ရှုပ်ထွေးနေတဲ့ ဒီအခြေအနေအတွက် လီဗာပူးသတင်းထောက် Chris Bascombe က the Telegraph ကနေ ဖော်ပြရာမှာ “ အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ဟာ စပိန်မှာ သွားရောက်ကစားရမယ့် ပွဲစဉ်အတွက် အသင်းနဲ့အတူ ကွာရန်တင်းကနေ ထွက်ခွာခွင့်ရမယ်လို့ ယုံကြည်နေပါတယ် ” ဆိုပြီါ် ဖော်ပြခဲ့တာဖြစ်တယ်။

အဲ့လို ကစားနိုင်မယ်ဆိုရင် ၂၂ ရက်အတွင်း ပွဲပေါင်း ၇ ပွဲ ကစားရမယ့် လီဗာပူးအတွက်လည်း အားတက်စရာ ကိစ္စဖြစ်လာပါမယ်။

အက်သလက်တီကိုဟာ အုပ်စု B မှာ လီဗာပူးအသင်းအတွက် အန္တရာယ်ကြီးတဲ့ ပြိုင်ဘက်အသင်း ဖြစ်ပါတယ်။ အဖွင့် ၂ ပွဲကို အနိုင်ရထားတဲ့ လီဗာပူးက ဒီတစ်ကြိမ် ယှဉ်ပြိုင်ရမယ့် အဝေးကွင်းပွဲမှာ ရလဒ်ကောင်းရမယ်ဆိုရင် ရှုံးထွက်ကို တက်ရောက်ဖို့အတွက် အခြေအနေကောင်းကို ပိုင်ဆိုင်သွားမှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ဘရာဇီးသား ကစားသမားေတြျဖစ္တဲ့ အယ္လီဆန္နဲ႔ ဖာဘင္ညိဳတို႔ဟာ ဝတ္ဖိုဒ့္နဲ႔ ယွဥ္ျပိဳင္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲအား ေသခ်ာေပါက္ လြဲေခ်ာ္သြားမွာ ျဖစ္ပါတယ္။

ဘရာဇီးရဲ႕ ကမၻာဖလား ေျခစစ္ပြဲနဲ႔ ဝတ္ဖိုဒ့္ပြဲၾကားမွာ ပြဲခ်ိန္ကြာျခားမႈ ၃၅ နာရီပဲ ရွိတာေၾကာင့္ ဘရာဇီးသား ႏွစ္ဦးဟာ ကလပ္ပြဲကို လြဲမွာျဖစ္တယ္။ အယ္လီဆန္ေနရာမွာ ကလယ္ဟာ ပါဝင္ကစားႏုိင္မယ္လို႔ ယံုၾကည္ရျပီး ဖာဘင္ညိဳရဲ႕ နံပါတ္ ၆ ေနရာအတြက္ေတာ့ ဟန္ဒါဆန္က ပါဝင္ကစားသြားဖို႔ ရွိေနပါတယ္။

လီဗာပူးအသင္းရဲ႕ ပြဲစဥ္ကို ေနာက္ဆုတ္ေပးဖို႔ ကလပ္ဘက္က ေတာင္းဆိုခဲ့ေပမယ့္ ဝတ္ဖိုဒ့္ဘက္က ျငင္းဆန္ျခင္းေၾကာင့္ ဘရာဇီးသား ႏွစ္ဦးရဲ႕ ကစားခြင့္ဟာ ေသခ်ာေပါက္ လြဲေခ်ာ္ခ့ဲရျခင္းလည္းျဖစ္တယ္။

သူတို႔ႏွစ္ဦး အဂၤလန္ကို ျပန္လာမယ္ဆိုရင္ ကြာရန္တင္း ၁၀ ရက္ ဝင္ေရး ကိစၥ ရွိေနေပမယ့္ ကလပ္နဲ႔ေတာ့ ေလ့က်င့္ကစားခြင့္ ရမွာျဖစ္ပါတယ္။ ဘရာဇီးကေန စပိန္ကို တုိက္ရိုက္သြားျပီး အဂၤလန္မွာ ကြာရန္တင္းဝင္ဖို႔ ကိစၥကို ေရွာင္ဖို႔ ၾကိဳးစားဖို႔ကေတာ့ လံုးဝကို မျဖစ္ႏုိင္တဲ့ ကိစၥလို႔ သိရတယ္။

ရႈပ္ေထြးေနတဲ့ ဒီအေျခအေနအတြက္ လီဗာပူးသတင္းေထာက္ Chris Bascombe က the Telegraph ကေန ေဖာ္ျပရာမွာ “ အယ္လီဆန္နဲ႔ ဖာဘင္ညိဳတို႔ဟာ စပိန္မွာ သြားေရာက္ကစားရမယ့္ ပြဲစဥ္အတြက္ အသင္းနဲ႔အတူ ကြာရန္တင္းကေန ထြက္ခြာခြင့္ရမယ္လို႔ ယံုၾကည္ေနပါတယ္ ” ဆိုျပီၚ ေဖာ္ျပခဲ့တာျဖစ္တယ္။

အဲ့လို ကစားႏုိင္မယ္ဆိုရင္ ၂၂ ရက္အတြင္း ပြဲေပါင္း ၇ ပြဲ ကစားရမယ့္ လီဗာပူးအတြက္လည္း အားတက္စရာ ကိစၥျဖစ္လာပါမယ္။

အက္သလက္တီကိုဟာ အုပ္စု B မွာ လီဗာပူးအသင္းအတြက္ အႏၱရာယ္ၾကီးတဲ့ ျပိဳင္ဘက္အသင္း ျဖစ္ပါတယ္။ အဖြင့္ ၂ ပြဲကို အႏုိင္ရထားတဲ့ လီဗာပူးက ဒီတစ္ၾကိမ္ ယွဥ္ျပိဳင္ရမယ့္ အေဝးကြင္းပြဲမွာ ရလဒ္ေကာင္းရမယ္ဆိုရင္ ရွံဳးထြက္ကို တက္ေရာက္ဖို႔အတြက္ အေျခအေနေကာင္းကို ပိုင္ဆိုင္သြားမွာပဲ ျဖစ္ပါတယ္။