လာဇီယိုကွင်းလယ်လူ လူးဝစ် အယ်ဘာတိုက လီဗာပူးအသင်းကို ပြောင်းခွင့်ရခြင်းဟာ ကံကောင်းခြင်းလို့ ယူဆခဲ့ပေမယ့်လည်း ကောင်းမွန်တဲ့ ပြောင်းရွှေ့ခြင်း မဟုတ်ခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။

၂၀၁၃ ခုနှစ် နွေမှာ ဆီးဗီးလာ ကွင်းလယ်လူ လူးဝစ် အယ်ဘာတိုဟာ လီဗာပူးအသင်းထံ အပြီးသတ် ပြောင်းရွှေ့လာခဲ့တယ်။ ဒါပေမယ့်လို့ တစ်ရာသီပဲ ရှိခဲ့ပြီး နောက်ထပ် ၂ ရာသီမှာ စပိန်ကလပ်တွေထံ အငှားထွက်ကစားခြင်းနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ စီးရီးအေကလပ် လာဇီယိုကို နည်းပါးတဲ့ ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

မန်နေဂျာရော်ဂျာရဲ့ အသင်းမှာ နေရာရဖို့ ရုန်းကန်ခဲ့ရတဲ့ လူးဝစ် အယ်ဘာတိုဟာ စီးရီးအေမှာတော့ ကစားသမားကောင်းအဖြစ် တောက်ပလာခဲ့သူလည်း ဖြစ်ပါတယ်။ လီဗာပူးကစားသမားဘဝ ကစားခွင့်ရတဲ့ ၉ ပွဲလုံးက လူစားဝင် ကစားသမားအဖြစ်ပဲ ကစားခဲ့တာဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာတော့ လာဇီယိုထံ ပေါင် ၃.၄ သန်းဖြင့် ရောင်းထုတ်ခြင်း ခံခဲ့ရပါတယ်။

လူးဝစ် အယ်ဘာတိုက ပြောရာမှာ “ လီဗာပူးလို အသင်းက ခေါ်ယူဖို့ ကြိုးစားချိန်မှာ ကျနော် မငြင်းနိုင်ခဲ့ပါဘူး။ ကာလတိုလေး ဖြစ်ပေမယ့်လို့ စပိန်ရဲ့ ဒုတိယတန်း ကလပ်ကနေ ဂျရတ်၊ ဆွာရက်ဇ်နဲ့ စတားရစ်လို ကစားသမားတွေ ရှိနေပြီး ပရီးမီးယားလိဂ်ကို အောင်မြင်နိုင်တဲ့ ကလပ်ထံ ပြောင်းရွှေ့ခဲ့တာပါ။

လုံးဝကို ခြားနားတဲ့ ဘောလုံးကစားဟန်တွေထံကို ကျနော် ပြောင်းခဲ့တာဖြစ်တယ်။ နည်းစနစ်ပိုင်း အရည်အသွေးအပြင် အခြားအရာတွေ အများကြီးကို ကျနော် တိုးတက်လာအောင် လုပ်ရမယ်ဆိုတာကို နားလည်ခဲ့တယ်။

လီဗာပူးက အခြားသော အချိန်မှာ ကျနော်ကို ခေါ်ခဲ့မယ်ဆိုရင်တော့ လုံးဝကို ခြားနားတဲ့ ကိစ္စတွေ ဖြစ်လာမှာပေါ့။ ဒါပေမယ့်လို့ ကိုယ်ကစားသမားဘဝ တစ်ခုလုံးကို ဖြုန်းတီးခဲ့တာထက်စာရင် ကျနော်က နှစ်နှစ်လောက်ပဲ အချိန်ဖြုန်းခဲ့မိတာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အယ်ဘာတိုဟာ လာဇီယိုအတွက် ကစားခွင့်ရတဲ့ ၆ ရာသီအတွင်း ပွဲပေါင်း ၁၇၃ ပွဲ ကစားပြီး ၃၄ ဂိုး သွင်းယူပေးထားနိုင်ခဲ့တယ်။ သူဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ စီးရီးအေ အကောင်းဆုံးအသင်းမှာပါ နာမည် ပါဝင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လာဇီယိုကြင္းလယ္လူ လူးဝစ္ အယ္ဘာတိုက လီဗာပူးအသင္းကို ေျပာင္းခြင့္ရျခင္းဟာ ကံေကာင္းျခင္းလို႔ ယူဆခဲ့ေပမယ့္လည္း ေကာင္းမြန္တဲ့ ေျပာင္းေရႊ႔ျခင္း မဟုတ္ခဲ့ေၾကာင္း ဝန္ခံလိုက္ပါတယ္။

၂၀၁၃ ခုႏွစ္ ေႏြမွာ ဆီးဗီးလာ ကြင္းလယ္လူ လူးဝစ္ အယ္ဘာတိုဟာ လီဗာပူးအသင္းထံ အျပီးသတ္ ေျပာင္းေရႊ႔လာခဲ့တယ္။ ဒါေပမယ့္လို႔ တစ္ရာသီပဲ ရွိခဲ့ျပီး ေနာက္ထပ္ ၂ ရာသီမွာ စပိန္ကလပ္ေတြထံ အငွားထြက္ကစားျခင္းနဲ႔ပဲ အခ်ိန္ကုန္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ စီးရီးေအကလပ္ လာဇီယိုကို နည္းပါးတဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာသြားခဲ့တာ ျဖစ္ပါတယ္။

မန္ေနဂ်ာေရာ္ဂ်ာရဲ႕ အသင္းမွာ ေနရာရဖို႔ ရုန္းကန္ခဲ့ရတဲ့ လူးဝစ္ အယ္ဘာတိုဟာ စီးရီးေအမွာေတာ့ ကစားသမားေကာင္းအျဖစ္ ေတာက္ပလာခဲ့သူလည္း ျဖစ္ပါတယ္။ လီဗာပူးကစားသမားဘဝ ကစားခြင့္ရတဲ့ ၉ ပြဲလံုးက လူစားဝင္ ကစားသမားအျဖစ္ပဲ ကစားခဲ့တာျဖစ္ျပီး ၂၀၁၆-၂၀၁၇ ေဘာလံုးရာသီမွာေတာ့ လာဇီယိုထံ ေပါင္ ၃.၄ သန္းျဖင့္ ေရာင္းထုတ္ျခင္း ခံခဲ့ရပါတယ္။

လူးဝစ္ အယ္ဘာတိုက ေျပာရာမွာ “ လီဗာပူးလို အသင္းက ေခၚယူဖို႔ ၾကိဳးစားခ်ိန္မွာ က်ေနာ္ မျငင္းႏုိင္ခဲ့ပါဘူး။ ကာလတိုေလး ျဖစ္ေပမယ့္လို႔ စပိန္ရဲ႕ ဒုတိယတန္း ကလပ္ကေန ဂ်ရတ္၊ ဆြာရက္ဇ္နဲ႔ စတားရစ္လို ကစားသမားေတြ ရွိေနျပီး ပရီးမီးယားလိဂ္ကို ေအာင္ျမင္ႏုိင္တဲ့ ကလပ္ထံ ေျပာင္းေရႊ႔ခဲ့တာပါ။

လံုးဝကို ျခားနားတဲ့ ေဘာလံုးကစားဟန္ေတြထံကို က်ေနာ္ ေျပာင္းခဲ့တာျဖစ္တယ္။ နည္းစနစ္ပိုင္း အရည္အေသြးအျပင္ အျခားအရာေတြ အမ်ားၾကီးကို က်ေနာ္ တုိးတက္လာေအာင္ လုပ္ရမယ္ဆိုတာကို နားလည္ခဲ့တယ္။

လီဗာပူးက အျခားေသာ အခ်ိန္မွာ က်ေနာ္ကို ေခၚခဲ့မယ္ဆိုရင္ေတာ့ လံုးဝကို ျခားနားတဲ့ ကိစၥေတြ ျဖစ္လာမွာေပါ့။ ဒါေပမယ့္လို႔ ကိုယ္ကစားသမားဘဝ တစ္ခုလံုးကို ျဖဳန္းတီးခဲ့တာထက္စာရင္ က်ေနာ္က ႏွစ္ႏွစ္ေလာက္ပဲ အခ်ိန္ျဖဳန္းခ့ဲမိတာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

အယ္ဘာတိုဟာ လာဇီယိုအတြက္ ကစားခြင့္ရတဲ့ ၆ ရာသီအတြင္း ပြဲေပါင္း ၁၇၃ ပြဲ ကစားျပီး ၃၄ ဂိုး သြင္းယူေပးထားႏုိင္ခဲ့တယ္။ သူဟာ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ စီးရီးေအ အေကာင္းဆံုးအသင္းမွာပါ နာမည္ ပါဝင္လာႏုိင္ခဲ့တာ ျဖစ္ပါတယ္။