AXA လေ့ကျင့်ရေးစင်တာ လေ့ကျင့်ရေးတစ်ခု လုပ်ဆောင်အပြီး လီဗာပူးဝဘ်ဆိုဒ်နဲ့ အင်တာဗျူး လုပ်ရချိန်မှာ ဆီမီကက်စ်က မေးခွန်းတွေ ဖြေကြားပေးခဲ့သလို သူ့ရဲ့ စကားပြောဆိုမှုမှာ တက်ကြွနေတာကို မြင်တွေ့ရပါတယ်။

ပွဲဦးထွက် နှစ်အတွင်း သူကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ယှဉ်ရင် ယခု ၂၀၂၁-၂၂ ရာသီကို အလားအလာကောင်းတဲ့ ပုံစံတွေနဲ့ စတင်ခဲ့တာက သံသယဖြစ်စရာမရှိပါဘူး။ ကိုဗစ် ကူးစက်မှု၊ ဒဏ်ရာပြဿနာနဲ့ ဗဟိုခံစစ်မှာ လီဗာပူးရဲ့ ဒဏ်ရာ ကံမကောင်းမှုတွေကြောင့် ယာဂန်ကလော့ပ်ရဲ့ တောင်ပံနေရာတွေမှာ တည်ငြိမ်မှုလိုအပ်တာက မနှစ်က ၇ ပွဲပဲ ကစားခဲ့ရတဲ့ ဆီမီကက်စ်အနေနဲ့ ဒီနှစ်မှာ ၃ ကြိမ် ပွဲထွက်ခွင့်ရထားခဲ့ပါတယ်။

ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ပွဲထွက်ခွင့် အပါအဝင် ဒီရာသီ ၅ ပွဲကစားခဲ့ပြီးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ဘန်လေ၊ နောဝစ်ချ်နဲ့ပွဲတွေမှာ ဖန်တီးမှုတွေ လုပ်ပေးခဲ့တာအပါအဝင် တိုက်စစ်အားသန်တဲ့ နောက်ခံလူအနေနဲ့ သူ့ရဲ့ အင်အားကို ပြသခဲ့တာ ဖြစ်ပါတယ်။

“ရာသီစတဲ့အချိန် ကျွန်တော့် စိတ်ထဲရောက်လာတဲ့ ပထမဆုံးအရာက မနှစ်ကထက် ပိုပြီး ပွဲကစားခွင့်ရဖို့ပါပဲ။ အရေးအကြီးဆုံးအရာက ကြံ့ခိုင်မှုပြည့်ဝနေဖို့ပါ။ ဒါက သိပ်ကို အရေးပါတယ်။ ဘာလို့လဲဆိုတော့ မနှစ်က ကျွန်တော့်မှာ ဒဏ်ရာပြဿနာတချို့ ရှိခဲ့တာပါ။ ပထမဆုံးအနေနဲ့ ကြံ့ခိုင်မှုပြည့်ဝဖို့၊ ဒုတိယက ဖန်တီးမှုတွေလုပ်ဖို့နဲ့ တတိယက ပွဲတွေအားလုံးကို အနိုင်ယူဖို့ပဲ။

ဒါတွေက ပွဲအားလုံးအတွက် ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေပါ။ ကျွန်တော့်ရဲ့ အကြီးမားဆုံး အိမ်မက်တစ်ခုကတော့ ဒီအသင်းနဲ့ ဆုဖလားတွေ အောင်မြင်ဖို့ပါ။

အမြဲတမ်း ကျွန်တော်က ကျွန်တော့်ဆီကနေ နည်းပြ ဘာလိုချင်လဲဆိုတာကို သေချာသိဖို့ နည်းပြနဲ့ စကားပြောဖြစ်ပါတယ်။ ကျွန်တော် ဒီမှာ တတ်နိုင်သလောက် ကြံ့ခိုင်မှုထိန်းသိမ်းဖို့၊ လေ့ကျင့်ဖို့၊ နည်းပြလိုချင်တဲ့အရာအတွက် အဆင်သင့်ဖြစ်ဖို့၊ ကျွန်တော့်ကို အခွင့်အရေးပေးရင် ကွင်းထဲမှာ ကျွန်တော် ဘာလုပ်နိုင်တယ်ဆိုတာကို သက်သေပြဖို့ ကျွန်တော့်မွေးရပ်မြေက အကြို ပြင်ဆင်မှုတွေအတွင်း အလုပ်ကြိုးစားခဲ့ပါတယ်။

မနှစ်က ကျွန်တော် မျှော်လင့်သလို မလုပ်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒဏ်ရာတွေရပြီး ကိုဗစ်လည်း ကူးစက်ခံခဲ့ရတဲ့အပြင် အသင်းက ခက်ခဲတဲ့ အခြေအနေတစ်ခုမှာ ရှိနေခဲ့တာပါ။ အဲ့ဒါတွေအားလုံးပြီးသွားတော့ ကျွန်တော် အရမ်းပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အလုပ်ကြိုးစားပြီး ကိုယ်လုပ်နိုင်တာကို ပြသခဲ့တာပါ။

ပထမဆုံးအနေနဲ့ အရာအားလုံး လုပ်နိုင်တယ်ဆိုတာကို ကိုယ့်ကိုယ်ကို ပြသခဲ့တယ်။ အဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်” လို့ ဆီမီကက်စ်က ပြောဆိုခဲ့တာဖြစ်တယ်။

ဘယ်အစွန်လူဟာ လာမယ့် ဝတ်ဖိုဒ့်နဲ့ပွဲ (သို့) အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲ နှစ်ပွဲတည်းက တစ်ပွဲမှာ ပွဲထွက် လူစာရင်းနေရာက ပါဝင်ရမယ်လို့ အသံထွက်နေပြီး ပရိသတ်ကြိုက် ခြေစွမ်းတွေ ဆက်လက် ပြသနေဖို့ မျှော်လင့်နေရတာ ဖြစ်ပါတယ်။

ZAWGYI

AXA ေလ့က်င့္ေရးစင္တာ ေလ့က်င့္ေရးတစ္ခု လုပ္ေဆာင္အျပီး လီဗာပူးဝဘ္ဆိုဒ္နဲ႔ အင္တာဗ်ဴး လုပ္ရခ်ိန္မွာ ဆီမီကက္စ္က ေမးခြန္းေတြ ေျဖၾကားေပးခဲ့သလို သူ႔ရဲ႕ စကားေျပာဆိုမႈမွာ တက္ႂကြေနတာကို ျမင္ေတြ႕ရပါတယ္။

ပြဲဦးထြက္ ႏွစ္အတြင္း သူႀကဳံေတြ႕ခဲ့ရတဲ့ စိန္ေခၚမႈေတြနဲ႔ ယွဥ္ရင္ ယခု ၂၀၂၁-၂၂ ရာသီကို အလားအလာေကာင္းတဲ့ ပုံစံေတြနဲ႔ စတင္ခဲ့တာက သံသယျဖစ္စရာမရွိပါဘူး။ ကိုဗစ္ ကူးစက္မႈ၊ ဒဏ္ရာျပႆနာနဲ႔ ဗဟိုခံစစ္မွာ လီဗာပူးရဲ႕ ဒဏ္ရာ ကံမေကာင္းမႈေတြေၾကာင့္ ယာဂန္ကေလာ့ပ္ရဲ႕ ေတာင္ပံေနရာေတြမွာ တည္ၿငိမ္မႈလိုအပ္တာက မႏွစ္က ၇ ပြဲပဲ ကစားခဲ့ရတဲ့ ဆီမီကက္စ္အေနနဲ႔ ဒီႏွစ္မွာ ၃ ႀကိမ္ ပြဲထြက္ခြင့္ရထားခဲ့ပါတယ္။

ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ ပြဲထြက္ခြင့္ အပါအဝင္ ဒီရာသီ ၅ ပြဲကစားခဲ့ၿပီးျဖစ္တဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ ကစားသမားဟာ ဘန္ေလ၊ ေနာဝစ္ခ်္နဲ႔ပြဲေတြမွာ ဖန္တီးမႈေတြ လုပ္ေပးခဲ့တာအပါအဝင္ တိုက္စစ္အားသန္တဲ့ ေနာက္ခံလူအေနနဲ႔ သူ႔ရဲ႕ အင္အားကို ျပသခဲ့တာ ျဖစ္ပါတယ္။

“ရာသီစတဲ့အခ်ိန္ ကြၽန္ေတာ့္ စိတ္ထဲေရာက္လာတဲ့ ပထမဆုံးအရာက မႏွစ္ကထက္ ပိုၿပီး ပြဲကစားခြင့္ရဖို႔ပါပဲ။ အေရးအႀကီးဆုံးအရာက ႀကံ့ခိုင္မႈျပည့္ဝေနဖို႔ပါ။ ဒါက သိပ္ကို အေရးပါတယ္။ ဘာလို႔လဲဆိုေတာ့ မႏွစ္က ကြၽန္ေတာ့္မွာ ဒဏ္ရာျပႆနာတခ်ိဳ႕ ရွိခဲ့တာပါ။ ပထမဆုံးအေနနဲ႔ ႀကံ့ခိုင္မႈျပည့္ဝဖို႔၊ ဒုတိယက ဖန္တီးမႈေတြလုပ္ဖို႔နဲ႔ တတိယက ပြဲေတြအားလုံးကို အႏိုင္ယူဖို႔ပဲ။

ဒါေတြက ပြဲအားလုံးအတြက္ ကြၽန္ေတာ့္ရဲ႕ ရည္မွန္းခ်က္ေတြပါ။ ကြၽန္ေတာ့္ရဲ႕ အႀကီးမားဆုံး အိမ္မက္တစ္ခုကေတာ့ ဒီအသင္းနဲ႔ ဆုဖလားေတြ ေအာင္ျမင္ဖို႔ပါ။

အၿမဲတမ္း ကြၽန္ေတာ္က ကြၽန္ေတာ့္ဆီကေန နည္းျပ ဘာလိုခ်င္လဲဆိုတာကို ေသခ်ာသိဖို႔ နည္းျပနဲ႔ စကားေျပာျဖစ္ပါတယ္။ ကြၽန္ေတာ္ ဒီမွာ တတ္ႏိုင္သေလာက္ ႀကံ့ခိုင္မႈထိန္းသိမ္းဖို႔၊ ေလ့က်င့္ဖို႔၊ နည္းျပလိုခ်င္တဲ့အရာအတြက္ အဆင္သင့္ျဖစ္ဖို႔၊ ကြၽန္ေတာ့္ကို အခြင့္အေရးေပးရင္ ကြင္းထဲမွာ ကြၽန္ေတာ္ ဘာလုပ္ႏိုင္တယ္ဆိုတာကို သက္ေသျပဖို႔ ကြၽန္ေတာ့္ေမြးရပ္ေျမက အႀကိဳ ျပင္ဆင္မႈေတြအတြင္း အလုပ္ႀကိဳးစားခဲ့ပါတယ္။

မႏွစ္က ကြၽန္ေတာ္ ေမွ်ာ္လင့္သလို မလုပ္ႏိုင္ခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ဒဏ္ရာေတြရၿပီး ကိုဗစ္လည္း ကူးစက္ခံခဲ့ရတဲ့အျပင္ အသင္းက ခက္ခဲတဲ့ အေျခအေနတစ္ခုမွာ ရွိေနခဲ့တာပါ။ အဲ့ဒါေတြအားလုံးၿပီးသြားေတာ့ ကြၽန္ေတာ္ အရမ္းေပ်ာ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ အလုပ္ႀကိဳးစားၿပီး ကိုယ္လုပ္ႏိုင္တာကို ျပသခဲ့တာပါ။

ပထမဆုံးအေနနဲ႔ အရာအားလုံး လုပ္ႏိုင္တယ္ဆိုတာကို ကိုယ့္ကိုယ္ကို ျပသခဲ့တယ္။ အဲ့အတြက္ ကြၽန္ေတာ္ အရမ္းေပ်ာ္ပါတယ္” လို႔ ဆီမီကက္စ္က ေျပာဆိုခဲ့တာျဖစ္တယ္။

ဘယ္အစြန္လူဟာ လာမယ့္ ဝတ္ဖိုဒ့္နဲ႔ပြဲ (သို႔) အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ပြဲ ႏွစ္ပြဲတည္းက တစ္ပြဲမွာ ပြဲထြက္ လူစာရင္းေနရာက ပါဝင္ရမယ္လို႔ အသံထြက္ေနျပီး ပရိသတ္ၾကိဳက္ ေျခစြမ္းေတြ ဆက္လက္ ျပသေနဖို႔ ေမွ်ာ္လင့္ေနရတာ ျဖစ္ပါတယ္။