တိုက်စစ်မှူးဂျိုတာဟာ သူ့ရဲ့ ဒဏ်ရာကြောင့် ပေါ်တူဂီ လက်ရွေးစင်အသင်းကနေ လီဗာပူးအသင်းထံ ပြန်ပို့ခံခဲ့ရပြီလို့ The Athletic က ဖော်ပြသွားပါတယ်။

ဒီကနေ့မနက်မှာ ပေါ်တူဂီအသင်းက လုဇင်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂျိုတာက အရန်စာရင်းမှာတောင် မပါနိုင်ခဲ့တာဖြစ်ယတ်။ ဒါကြောင့် ဒီအပတ် ဝတ်ဖိုဒ့်နဲ့ ကစားရမယ့်ပွဲမှာ ဂျိုတာ ပါဝင်ကစားနိုင်ဖို့က မသေချာတော့ဘဲ အနားပေးခံရဖွယ် ရှိနေခဲ့ပြီဖြစ်တယ်။

နိုင်ငံတကာ သီတင်းပတ်မှာ ဂျိုတာဟာ ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းခဲ့ပေမယ့် အသင်းလိုက် လေ့ကျင့်ရေးတွေမှာ ပါဝင်နိုင်ခြင်း မရှိသလို ပွဲကစားခွင့်လည်း မိနစ်ပိုင်းမျှတောင် မရခဲ့ပါဘူး။

ကလော့ပ်ကလည်း အရဲစွန့် မသုံးဘူးဆိုရင် လီဗာပူးအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ ၆ ပွဲဆက်တိုက် ပွဲထွက်လူစာရင်းကနေ ပါဝင်ထားတဲ့ တိုက်စစ်မှူးကို ပွဲအနည်းငယ် လက်လွတ်ရဖွယ်ရှိတယ်။ ဂျိုတာဟာ ဒီရာသီမှာလည်း လီဗာပူးအတွက် အရေးပါနေပြီး ၆ ပွဲအတွင်း ၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

ပေါ်တူဂီမန်နေဂျာ ဖာနန်ဒို ဆန်းတိုစ့်က ” သူ ကျနေ်ာတို့နဲ့ လေ့ကျင့်ခဲ့တာက ကာလတစ်ခု ကြာခဲ့ပါပြီ။ ကျန်းမာရေးနည်းပြနဲ့ စစ်ဆေးမှုအရ တိုးတက်မှု ရှိလာပေမယ့် ကျနေ်ာတို့နဲ့ လေ့ကျင့်နိုင်ခြင်း မရှိပါဘူး။

သူသာ ပွဲမှာ မပါနိုင်ဘူးဆိုရင် သူ လီဗာပူးကို ပြန်သွားရပါမယ်။ ဘာလို့လည်းဆိုတော့ ကလပ်တွေဘက်ကလည်း သူတို့ ကစားသမားတွေကို ပြန်လိုချင်ပါတယ် ” လို့ ဆိုထားးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်မှာတော့ ဖာမင်နို ဒဏ်ရာက ပြန်သက်သာလာနေပြီး ဆာလာ၊ မာနေးတို့ကလည်း ကြံ့ခိုင်မှု အခြေအနေ ကောင်းမွန်နေတယ်လို့ သိရတာဖြစ်ပါတယ်။

ZAWGYI

တိုက္စစ္မွဴးဂ်ိဳတာဟာ သူ႔ရဲ႕ ဒဏ္ရာေၾကာင့္ ေပၚတူဂီ လက္ေရြးစင္အသင္းကေန လီဗာပူးအသင္းထံ ျပန္ပို႔ခံခဲ့ရျပီလုိ႔ The Athletic က ေဖာ္ျပသြားပါတယ္။

ဒီကေန႔မနက္မွာ ေပၚတူဂီအသင္းက လုဇင္ဘတ္အသင္းနဲ႔ ယွဥ္ျပိဳင္ကစားခဲ့ျပီး ဂ်ိဳတာက အရန္စာရင္းမွာေတာင္ မပါႏုိင္ခဲ့တာျဖစ္ယတ္။ ဒါေၾကာင့္ ဒီအပတ္ ဝတ္ဖိုဒ့္နဲ႔ ကစားရမယ့္ပြဲမွာ ဂ်ိဳတာ ပါဝင္ကစားႏုိင္ဖို႔က မေသခ်ာေတာ့ဘဲ အနားေပးခံရဖြယ္ ရွိေနခဲ့ျပီျဖစ္တယ္။

ႏုိင္ငံတကာ သီတင္းပတ္မွာ ဂ်ိဳတာဟာ ေပၚတူဂီအသင္းနဲ႔ ပူးေပါင္းခဲ့ေပမယ့္ အသင္းလိုက္ ေလ့က်င့္ေရးေတြမွာ ပါဝင္ႏုိင္ျခင္း မရွိသလို ပြဲကစားခြင့္လည္း မိနစ္ပိုင္းမွ်ေတာင္ မရခဲ့ပါဘူး။

ကေလာ့ပ္ကလည္း အရဲစြန္႔ မသံုးဘူးဆိုရင္ လီဗာပူးအတြက္ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ပြဲေတြမွာ ၆ ပြဲဆက္တိုက္ ပြဲထြက္လူစာရင္းကေန ပါဝင္ထားတဲ့ တိုက္စစ္မွဴးကို ပြဲအနည္းငယ္ လက္လြတ္ရဖြယ္ရွိတယ္။ ဂ်ိဳတာဟာ ဒီရာသီမွာလည္း လီဗာပူးအတြက္ အေရးပါေနျပီး ၆ ပြဲအတြင္း ၃ ဂိုး သြင္းယူထားတာ ျဖစ္ပါတယ္။

ေပၚတူဂီမန္ေနဂ်ာ ဖာနန္ဒို ဆန္းတိုစ့္က ” သူ က်ေန္ာတို႔နဲ႔ ေလ့က်င့္ခဲ့တာက ကာလတစ္ခု ၾကာခဲ့ပါျပီ။ က်န္းမာေရးနည္းျပနဲ႔ စစ္ေဆးမႈအရ တိုးတက္မႈ ရွိလာေပမယ့္ က်ေန္ာတို႔နဲ႔ ေလ့က်င့္ႏုိင္ျခင္း မရွိပါဘူး။

သူသာ ပြဲမွာ မပါႏုိင္ဘူးဆိုရင္ သူ လီဗာပူးကို ျပန္သြားရပါမယ္။ ဘာလို႔လည္းဆိုေတာ့ ကလပ္ေတြဘက္ကလည္း သူတို႔ ကစားသမားေတြကို ျပန္လိုခ်င္ပါတယ္ ” လို႔ ဆိုထားးခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးတိုက္စစ္မွာေတာ့ ဖာမင္ႏို ဒဏ္ရာက ျပန္သက္သာလာေနျပီး ဆာလာ၊ မာေနးတို႔ကလည္း ၾကံ႕ခိုင္မႈ အေျခအေန ေကာင္းမြန္ေနတယ္လို႔ သိရတာျဖစ္ပါတယ္။