ဆီမီကက်စ်ရဲ့ သူငယ်ချင်းတစ်ယောက်ဟာ ကစားသမားအတွက် ကျော်ကြားတဲ့ နာမည်ပြောင်တစ်ခု ထွင်ပေးခဲ့ပြီး အဲ့ဒါဟာ သူ့ရဲ့ မွေးရပ်မြေနိုင်ငံနဲ့ မွေးစားနိုင်ငံကို ပေါင်းစပ်ထားတဲ့နာမည်ဖြစ်ကာ အခု သူ့ရဲ့ အင်စတာဂရမ် ပို့စ်များစွာမှာ အဲ့ဒီ့ နာမည်ပြောင်ဖြစ်တဲ့ ‘Greek Scouser’ ကို ထည့်ရေးလာနေပါတယ်။

ဂရိမှာ မွေးခဲ့တဲ့ သူဟာ ခရီးမိုင်ပေါင်းမျာဝေးကွာတဲ့ လီဗာပူးအသင်းနဲ့ ဆက်နွယ်သူ တစ်ယောက်အဖြစ် ကြီးပျင်းလာခဲ့တာ ဖြစ်ပါတယ်။ သူ့ဖခင်နဲ့ အကိုဖြစ်သူတို့ဟာ အန်ဖီးက ပွဲတွေကို အဓိက အားပေးခဲ့သူတွေဖြစ်ပြီး တစ်နေ့မှာ ဆီမီကက်စ်က အန်ဖီးရဲ့ အသင်းသားတစ်ယောက်အဖြစ် ပါဝင်လာဖို့ ဆန္ဒရှိခဲ့ကြဖူးတာပါ။

၂၀၂၀ ဩဂုတ်မှာ ကော်စတာစ် ဆီမီကက်စ်ဟာ မိသားစုရဲ့ အိမ်မက်တွေကို အမှန်တကယ် ဖြစ်လာစေခဲ့ပါတယ်။ ဒိန်းမတ်နဲ့ နယ်သာလန်မှာ အငှားကစားခဲ့တာတွေကနေ တဆင့် အိုလံပီယာကို့စ် ပထမအသင်းနဲ့ ၈၆ ပွဲကစားခဲ့ပြီး ၅ နှစ်ကြာခဲ့တဲ့နောက် ပြောင်းလဲသွားတဲ့ တောင်ပံကစားသမားဟာ လီဗာပူးရဲ့ နံပါတ် ၂၁ ကစားသမား ဖြစ်လာခဲ့တာပါ။

“ ဂရိက လူတိုင်းအတွက် ဒါက အံ့အားသင့်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးကို ပြောင်းရွှေ့နိုင်တာက သိပ်ကိုကြီးမားတဲ့ ခြေလှမ်းပါပဲ။ တချို့ဆို ဒါက တကယ်ဆိုတာတောင် မယုံနိုင်ခဲ့ဘူး။ ကျွန်တော် အရမ်းပျော်ပြီး ဂုဏ်ယူမိပါတယ်။ အဲ့ဒီ့နှစ်တွေအတွင်း ကျွန်တော့်ရဲ့ ကြိုးစားမှုအတွက် ပြန်ရခဲ့တဲ့ ဆုလာဘ်တစ်ခုမို့လေ။

ပထမဆုံးအနေနဲ့ ကျွန်တော့်မိသားစုကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့အတွက် အဲ့ဒါက တကယ်ကို ထူးခြားပြီး ကြီးမားတဲ့အရာတစ်ခု ဖြစ်ခဲ့တာပါ။ ကျွန်တော့်အတွက်လည်း အတူတူပါပဲ။ ဒီအတွက် ကျွန်တော် တကယ်ပျော်ပါတယ်။

ကြီးမားတဲ့ကလပ်တစ်ခုမှာ ကစားဖို့က ကျွန်တော့်ရဲ့ အကြီးဆုံးအိမ်မက်တစ်ခု ဖြစ်ခဲ့တယ်။ အဲ့ဒါက လီဗာပူးပဲ။ ကျွန်တော့်မိသားစုက ကျွန်တော် ငယ်ငယ်ကတည်းက လီဗာပူး အမာခံပရိသတ်တွေ ဖြစ်ခဲ့တာပါ။ ကျွန်တော့်အဖေနဲ့ ကျွန်တော့်အကိုပေါ့။ အဲ့တော့ ကျွန်တော်ကသူတို့အိမ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့တဲ့အတွက် နှစ်ဆ ပျော်ရတာပေါ့ဗျာ”လို့ ဆီမီကက်စ်က ပြောပြခဲ့ပါတယ်။

“Greek Scouser” နာမည်နဲ့ ပတ်သက်ပြီးတော့လဲ ၎င်းက “ပရိသတ်တွေက ကျွန်တော့်ကို အဲ့လိုခေါ်တာ တွေ့ရတော့ သဘောကျပါတယ်။ တခါတလေ ကွင်းထဲမှာ ကျွန်တော် ကစားနေတုန်း အဲ့ဒီ့လိုခေါ်သံတွေကို ကြားရပါတယ်။ အဲ့ဒါက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်။

ကိုယ့်အသင်းရဲ့ ပရိသတ်တွေက ကိုယ့်ကို အားပေးနေပြီး အဲ့လို ခေါ်တာကို သိရတော့ ကျွန်တော့်အတွက် အပိုအင်အား ပေးပါတယ်။ ကျွန်တော့်ကို အများကြီး အကူအညီဖြစ်စေပြီး ပွဲထဲမှာ ပိုအင်အား ဖြစ်စေတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဆီမီကက္စ္ရဲ႕ သူငယ္ခ်င္းတစ္ေယာက္ဟာ ကစားသမားအတြက္ ေက်ာ္ၾကားတဲ့ နာမည္ေျပာင္တစ္ခု ထြင္ေပးခဲ့ၿပီး အဲ့ဒါဟာ သူ႔ရဲ႕ ေမြးရပ္ေျမႏိုင္ငံနဲ႔ ေမြးစားႏိုင္ငံကို ေပါင္းစပ္ထားတဲ့နာမည္ျဖစ္ကာ အခု သူ႔ရဲ႕ အင္စတာဂရမ္ ပို႔စ္မ်ားစြာမွာ အဲ့ဒီ့ နာမည္ေျပာင္ျဖစ္တဲ့ ‘Greek Scouser’ ကို ထည့္ေရးလာေနပါတယ္။

ဂရိမွာ ေမြးခဲ့တဲ့ သူဟာ ခရီးမိုင္ေပါင္းမ်ာေဝးကြာတဲ့ လီဗာပူးအသင္းနဲ႔ ဆက္ႏြယ္သူ တစ္ေယာက္အျဖစ္ ႀကီးပ်င္းလာခဲ့တာ ျဖစ္ပါတယ္။ သူ႔ဖခင္နဲ႔ အကိုျဖစ္သူတို႔ဟာ အန္ဖီးက ပြဲေတြကို အဓိက အားေပးခဲ့သူေတြျဖစ္ၿပီး တစ္ေန႔မွာ ဆီမီကက္စ္က အန္ဖီးရဲ႕ အသင္းသားတစ္ေယာက္အျဖစ္ ပါဝင္လာဖို႔ ဆႏၵရွိခဲ့ၾကဖူးတာပါ။

၂၀၂၀ ဩဂုတ္မွာ ေကာ္စတာစ္ ဆီမီကက္စ္ဟာ မိသားစုရဲ႕ အိမ္မက္ေတြကို အမွန္တကယ္ ျဖစ္လာေစခဲ့ပါတယ္။ ဒိန္းမတ္နဲ႔ နယ္သာလန္မွာ အငွားကစားခဲ့တာေတြကေန တဆင့္ အိုလံပီယာကို႔စ္ ပထမအသင္းနဲ႔ ၈၆ ပြဲကစားခဲ့ၿပီး ၅ ႏွစ္ၾကာခဲ့တဲ့ေနာက္ ေျပာင္းလဲသြားတဲ့ ေတာင္ပံကစားသမားဟာ လီဗာပူးရဲ႕ နံပါတ္ ၂၁ ကစားသမား ျဖစ္လာခဲ့တာပါ။

“ ဂရိက လူတိုင္းအတြက္ ဒါက အံ့အားသင့္စရာတစ္ခု ျဖစ္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ လီဗာပူးကို ေျပာင္းေ႐ႊ႕ႏိုင္တာက သိပ္ကိုႀကီးမားတဲ့ ေျခလွမ္းပါပဲ။ တခ်ိဳ႕ဆို ဒါက တကယ္ဆိုတာေတာင္ မယုံႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္ အရမ္းေပ်ာ္ၿပီး ဂုဏ္ယူမိပါတယ္။ အဲ့ဒီ့ႏွစ္ေတြအတြင္း ကြၽန္ေတာ့္ရဲ႕ ႀကိဳးစားမႈအတြက္ ျပန္ရခဲ့တဲ့ ဆုလာဘ္တစ္ခုမို႔ေလ။

ပထမဆုံးအေနနဲ႔ ကြၽန္ေတာ့္မိသားစုကို ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးႏိုင္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔အတြက္ အဲ့ဒါက တကယ္ကို ထူးျခားၿပီး ႀကီးမားတဲ့အရာတစ္ခု ျဖစ္ခဲ့တာပါ။ ကြၽန္ေတာ့္အတြက္လည္း အတူတူပါပဲ။ ဒီအတြက္ ကြၽန္ေတာ္ တကယ္ေပ်ာ္ပါတယ္။

ႀကီးမားတဲ့ကလပ္တစ္ခုမွာ ကစားဖို႔က ကြၽန္ေတာ့္ရဲ႕ အႀကီးဆုံးအိမ္မက္တစ္ခု ျဖစ္ခဲ့တယ္။ အဲ့ဒါက လီဗာပူးပဲ။ ကြၽန္ေတာ့္မိသားစုက ကြၽန္ေတာ္ ငယ္ငယ္ကတည္းက လီဗာပူး အမာခံပရိသတ္ေတြ ျဖစ္ခဲ့တာပါ။ ကြၽန္ေတာ့္အေဖနဲ႔ ကြၽန္ေတာ့္အကိုေပါ့။ အဲ့ေတာ့ ကြၽန္ေတာ္ကသူတို႔အိမ္မက္ေတြကို အေကာင္အထည္ေဖာ္ေပးခဲ့တဲ့အတြက္ ႏွစ္ဆ ေပ်ာ္ရတာေပါ့ဗ်ာ”လို႔ ဆီမီကက္စ္က ေျပာျပခဲ့ပါတယ္။

“Greek Scouser” နာမည္နဲ႔ ပတ္သက္ၿပီးေတာ့လဲ ၎က “ပရိသတ္ေတြက ကြၽန္ေတာ့္ကို အဲ့လိုေခၚတာ ေတြ႕ရေတာ့ သေဘာက်ပါတယ္။ တခါတေလ ကြင္းထဲမွာ ကြၽန္ေတာ္ ကစားေနတုန္း အဲ့ဒီ့လိုေခၚသံေတြကို ၾကားရပါတယ္။ အဲ့ဒါက ကြၽန္ေတာ့္ကို ေပ်ာ္႐ႊင္ေစပါတယ္။

ကိုယ့္အသင္းရဲ႕ ပရိသတ္ေတြက ကိုယ့္ကို အားေပးေနၿပီး အဲ့လို ေခၚတာကို သိရေတာ့ ကြၽန္ေတာ့္အတြက္ အပိုအင္အား ေပးပါတယ္။ ကြၽန္ေတာ့္ကို အမ်ားႀကီး အကူအညီျဖစ္ေစၿပီး ပြဲထဲမွာ ပိုအင္အား ျဖစ္ေစတယ္”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။