ပေါ်တူဂီ လက်ရွေးစင်အသင်း မန်နေဂျာ ဖာနန်ဒို ဆန်တိုစ့်က လီဗာပူးတိုက်စစ်မှူး ဂျိုတာဟာ အသင်းနဲ့အတူ လေ့ကျင့်ရေး မဆင်းနိုင်တာ ကြာခဲ့ပြီလို့ ထုတ်ပြောလာခဲ့ပါတယ်။

ပေါ်တူဂီဟာ မနက်ဖြန်မှာတော့ ကမ္ဘာဖလား ခြေစစ်ပွဲအဖြစ် လုဇင်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ မန်နေဂျာဆန်တိုစ့်ကတော့ ဂျိုတာကို အရန်စာရင်းကနေ ထည့်သွင်းသွားမှာဖြစ်ပြီး အဲ့လို လုပ်နိုင်မယ့် အခွင့်အရေး မရှိဘူးဆိုရင်တော့ ဂျိုတာကို လီဗာပူးထံ ခပ်စောစော ပြန်ပို့ပါမယ်လို့ ဆိုသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီအပတ် ဝတ်ဖိုဒ့်နဲ့ပွဲကြိုမှာ ကြံ့ခိုင်မှု ပြဿနာတွေ ရင်ဆိုင်နေရပြီး သီယာဂို၊ ဂျုံး၊ ထရန့်၊ ဂျိုတာတို့ရဲ့ အနေအထားကို စောင့်ကြည့်နေရဆဲပါ။ အဆိုပါပွဲမှာတော့ အယ်လီဆန်နဲ့ ဖာဘင်ညိုတို့လည်း ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။

ဖာနန်ဒို ဆန်းတိုစ့်က ” သူ ကျနေ်ာတို့နဲ့ လေ့ကျင့်ခဲ့တာက ကာလတစ်ခု ကြာခဲ့ပါပြီ။ ဒီကနေ့မှာ ကလပ်ရဲ့ ကျန်းမာရေးနည်းပြနဲ့ စစ်ဆေးမှုအရ တိုးတက်မှု ရှိလာပေမယ့် ကျနေ်ာတို့နဲ့ လေ့ကျင့်နိုင်မှာ မဟုတ်ပါဘူး။ ဂျိုတာက ပွဲချိန် နည်းနည်းလေးပဲ ပါဝင်ကစားနိုင်မှာပါ။ သူ ဘယ်လို ခံစားနေရတယ်ဆိုတာကို ကျနော် စကားပြောကြည့်ရပါမယ်။

သူ့မှာ တစ်ခုခု ခံစားနေရတာမျိုး မရှိဘူးဆိုရင် အရန်ခုံမှာ ထိုင်ရမှာဖြစ်ပြီး လူစားဝင် ကစားရမှာပါ။ အဲ့တာက အဆင်ပြေပါတယ်။ အဲ့လိုတောင် မလုပ်နိုင်ဘူးဆိုရင် လက်ရွေးစင်နဲ့ ကာလရှည် လေ့ကျင့်မှု မလုပ်ထားနိုင်တဲ့ ကစားသမားတစ်ဦးအတွက် ကျနော်က အရဲစွန့် ထုတ်သုံးမှာ မဟုတ်ပါဘူး။

သူသာ ဒီပွဲမှာ မပါနိုင်ဘူးဆိုရင် သူ လီဗာပူးကို ပြန်သွားရပါမယ်။ ဘာလို့လည်းဆိုတော့ ကလပ်တွေဘက်ကလည်း သူတို့ ကစားသမားတွေကို ပြန်လိုချင်ပါတယ်။ သူတို့တွေလည်း ကျနေ်ာတို့ ဆေးအဖွဲ့ရဲ့ အရည်အချင်းကို သိပါတယ်။ ဒါပေမယ့် မနက်ဖြန်ပွဲကို မကစားနိုင်ရင်တော့ ဂျိုတာကို လီဗာပူးထံ ပြန်ပို့တာပဲ ကောင်းပါလိမ့်မယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ေပၚတူဂီ လက္ေရြးစင္အသင္း မန္ေနဂ်ာ ဖာနန္ဒို ဆန္တိုစ့္က လီဗာပူးတိုက္စစ္မွဴး ဂ်ိဳတာဟာ အသင္းနဲ႔အတူ ေလ့က်င့္ေရး မဆင္းႏုိင္တာ ၾကာခဲ့ျပီလို႔ ထုတ္ေျပာလာခဲ့ပါတယ္။

ေပၚတူဂီဟာ မနက္ျဖန္မွာေတာ့ ကမၻာဖလား ေျခစစ္ပြဲအျဖစ္ လုဇင္ဘတ္အသင္းနဲ႔ ယွဥ္ျပိဳင္ရမွာပါ။ မန္ေနဂ်ာဆန္တိုစ့္ကေတာ့ ဂ်ိဳတာကို အရန္စာရင္းကေန ထည့္သြင္းသြားမွာျဖစ္ျပီး အဲ့လို လုပ္ႏုိင္မယ့္ အခြင့္အေရး မရွိဘူးဆိုရင္ေတာ့ ဂ်ိဳတာကို လီဗာပူးထံ ခပ္ေစာေစာ ျပန္ပို႔ပါမယ္လို႔ ဆိုသြားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ဒီအပတ္ ဝတ္ဖိုဒ့္နဲ႔ပြဲၾကိဳမွာ ၾကံ႕ခိုင္မႈ ျပႆနာေတြ ရင္ဆိုင္ေနရျပီး သီယာဂို၊ ဂ်ံဳး၊ ထရန္႔၊ ဂ်ိဳတာတို႔ရဲ႕ အေနအထားကို ေစာင့္ၾကည့္ေနရဆဲပါ။ အဆိုပါပြဲမွာေတာ့ အယ္လီဆန္နဲ႔ ဖာဘင္ညိဳတို႔လည္း ပါဝင္ခြင့္ရမွာ မဟုတ္ပါဘူး။

ဖာနန္ဒို ဆန္းတိုစ့္က ” သူ က်ေန္ာတို႔နဲ႔ ေလ့က်င့္ခဲ့တာက ကာလတစ္ခု ၾကာခဲ့ပါျပီ။ ဒီကေန႔မွာ ကလပ္ရဲ႕ က်န္းမာေရးနည္းျပနဲ႔ စစ္ေဆးမႈအရ တိုးတက္မႈ ရွိလာေပမယ့္ က်ေန္ာတို႔နဲ႔ ေလ့က်င့္ႏုိင္မွာ မဟုတ္ပါဘူး။ ဂ်ိဳတာက ပြဲခ်ိန္ နည္းနည္းေလးပဲ ပါဝင္ကစားႏုိင္မွာပါ။ သူ ဘယ္လို ခံစားေနရတယ္ဆိုတာကို က်ေနာ္ စကားေျပာၾကည့္ရပါမယ္။

သူ႔မွာ တစ္ခုခု ခံစားေနရတာမ်ိဳး မရွိဘူးဆိုရင္ အရန္ခံုမွာ ထိုင္ရမွာျဖစ္ျပီး လူစားဝင္ ကစားရမွာပါ။ အဲ့တာက အဆင္ေျပပါတယ္။ အဲ့လိုေတာင္ မလုပ္ႏုိင္ဘူးဆိုရင္ လက္ေရြးစင္နဲ႔ ကာလရွည္ ေလ့က်င့္မႈ မလုပ္ထားႏုိင္တဲ့ ကစားသမားတစ္ဦးအတြက္ က်ေနာ္က အရဲစြန္႔ ထုတ္သံုးမွာ မဟုတ္ပါဘူး။

သူသာ ဒီပြဲမွာ မပါႏုိင္ဘူးဆိုရင္ သူ လီဗာပူးကို ျပန္သြားရပါမယ္။ ဘာလို႔လည္းဆိုေတာ့ ကလပ္ေတြဘက္ကလည္း သူတို႔ ကစားသမားေတြကို ျပန္လိုခ်င္ပါတယ္။ သူတို႔ေတြလည္း က်ေန္ာတို႔ ေဆးအဖြဲ႔ရဲ႕ အရည္အခ်င္းကို သိပါတယ္။ ဒါေပမယ့္ မနက္ျဖန္ပြဲကို မကစားႏုိင္ရင္ေတာ့ ဂ်ိဳတာကို လီဗာပူးထံ ျပန္ပို႔တာပဲ ေကာင္းပါလိမ့္မယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။