လီဗာပူးဝါရင့် ကစားသမားကြီး ဂျိမ်းမီလ်နာက ကလပ် ကြယ်ပွင့်လေးတွေ အနာဂတ်ခရီး ကောင်းမွန်စွာ တောက်ပလာဖို့အတွက် အဝတ်လဲခန်းထဲကနေ ဦးဆောင် လမ်းပြပေးနေကြောင်း အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောလာပါတယ်။

ဒီရာသီ လီဗာပူးစီနီယာအသင်းမှာတော့ ကာတစ်ဂျုံး၊ ဟာဗေးအယ်လီးယော့၊ ကလယ်ဟာ၊ နီကိုး အစရှိတဲ့ လူငယ် ကစားသမားတွေက ထဲထဲဝင်ဝင် လေ့ကျင့်နေကြပြီဖြစ်ပါတယ်။ သူတို့ ရင်ဆိုင်ရမယ့် ဖိအားတွေကို ပုခုံးထမ်းကူပေးဖို့ကို မီလ်နာတို့လို စီနီယာတွေက ကြိုးစားနေသလို ကောင်းတာတွေ လုပ်နေချိန်မှာလည်း သူတို့လေးတွေ လုပ်နေတာက မှန်တယ်ဆိုတာကို ပြောပြဖို့ အဆင်သင့် ရှိနေတဲ့အကြောင်း မီလ်နာက ပြောပြလာခဲ့တယ်။

မီလ်နာက ” ကျွန်တော် အဲ့လိုပဲ ထင်ပါတယ်။ ကျွန်တော် လိဒ်စီနီယာအသင်းကို ရောက်လာချိန်မှာ အရမ်းကံကောင်းခဲ့တယ် ဆိုရမယ်။ အဲ့ဒီ့တုန်းက ကျွန်တော် ငယ်ငယ်လေးပဲ ရှိသေးပြီးတော့ ကျွန်တော့်နောက်မှာ သိပ်ကောင်းတဲ့ အဝတ်လဲခန်းတစ်ခု ရရှိခဲ့ပါတယ်။ အဲ့တုန်းက နည်းနည်းပိုပြီး ရန်လိုသလို ရှိခဲ့ပြီး လူကြီး မဖြစ်သေးတဲ့ အရွယ်ဆိုတော့ ပိုပြီး ဂရုစိုက်ဖို့ လိုခဲ့ပါတယ်။

အမှားတစ်ခု လုပ်လိုက်ရင် အဲ့ဒါကို သိပြီးတော့ ဒေါသဖြစ်တာတွေ၊ မကျေမနပ် ဖြစ်တာတွေကို ထိန်းသိမ်းရှောင်ကြဉ်ရတယ်။ လိဒ်မှာ ကျွန်တော် ကောင်းကောင်း ကြီးပြင်းလာခဲ့ပြီး အဆင့်အတန်းတစ်ခုကို ရောက်ရှိခဲ့ပြီး လူကြီးတွေလို ရင့်ကျက်လာတယ်။

ပထမအသင်းကြီးနဲ့အတူ ကျွန်တော်တို့မှာရှိတဲ့ အရည်အသွေးနဲ့ အကယ်ဒမီက လူငယ်ကစားသမားတွေကို စီနီယာတွေက တတ်နိုင်သလောက် အများကြီး ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဘောလုံးအားကစားက ဘယ်လောက် ရက်စက်တတ်တယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ အများကြီး ကံကောင်းဖို့လိုတယ်။ အတက်အကျတွေကို ရင်ဆိုင်ဖို့ စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့လိုတယ်။

ဒါတွေက ကျွန်တော်တို့ ကြီးပြင်းလာပြီး စီနီယာကစားသမားတွေ ဖြစ်လာချိန်မှာ တလှည့်ပြန်ကူညီပေးရမယ့် အရာတွေပေါ့။ လူငယ်ကစားသမားတွေရဲ့ ပုခုံးပေါ်က ခက်ခဲတဲ့ အရာတွေကို လွယ်ကူသွားအောင် ကူညီဖြေလျှော့ပေးရတယ်။ စိတ်ပျက်စရာ ဖြစ်လာတဲ့အခါ ခက်ခဲတဲ့ အရာတွေကို သူတို့နဲ့အဝေးမှာ ထားပေးရတယ်။

ဒါပေမယ့် သူတို့ ကောင်းကောင်းလုပ်နေတဲ့အချိန်မှာ အားပေးပြီးတော့ သူတို့လုပ်တာ ကောင်းတယ်ဆိုတာကို သိအောင် ပြောပြပေးဖို့လည်း လိုတယ်။ သူတို့တွေ ဆက်ပြီးတော့ တိုးတက်လာဖို့ လမ်းပြပေးရတာပေါ့။

ဒီလူငယ်လေးတွေမှာရှိတဲ့ အရည်အသွေးက တကယ်ကို မယုံနိုင်စရာကောင်းတယ်။ ဒါကြောင့် သူတို့ကို စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ကူညီပေးဖို့လိုတာပါ။ ” လို့ ရှင်းပြခဲ့တာဖြစ်ပါတယ်။

ဂျိမ်းမီလ်နာဟာ အခြားသော စီနီယာလိုပဲ ကာတစ်ဂျုံးရဲ့ တိုးတက်မှုကို စိတ်ဝင်တစားရှိခဲ့ပြီး သူ့ကို နောက်တဆင့်ဆီ တွန်းတင်ပေးဖို့ ကြိုးစားနေကြောင်း၊ ဒါက ကွင်းပြင်ပမှာ သူ့ရဲ့ တာဝန်အနေနဲ့ လုပ်ပေးရမယ့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ထုတ်ပြောခဲ့သေးတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဝါရင့္ ကစားသမားၾကီး ဂ်ိမ္းမီလ္နာက ကလပ္ ၾကယ္ပြင့္ေလးေတြ အနာဂတ္ခရီး ေကာင္းမြန္စြာ ေတာက္ပလာဖို႔အတြက္ အဝတ္လဲခန္းထဲကေန ဦးေဆာင္ လမ္းျပေပးေနေၾကာင္း အသင္းဝဘ္ဆိုဒ္ကေန ထုတ္ေျပာလာပါတယ္။

ဒီရာသီ လီဗာပူးစီနီယာအသင္းမွာေတာ့ ကာတစ္ဂ်ံဳး၊ ဟာေဗးအယ္လီးေယာ့၊ ကလယ္ဟာ၊ နီကိုး အစရွိတဲ့ လူငယ္ ကစားသမားေတြက ထဲထဲဝင္ဝင္ ေလ့က်င့္ေနၾကျပီျဖစ္ပါတယ္။ သူတို႔ ရင္ဆိုင္ရမယ့္ ဖိအားေတြကို ပုခံုးထမ္းကူေပးဖို႔ကို မီလ္နာတို႔လို စီနီယာေတြက ၾကိဳးစားေနသလို ေကာင္းတာေတြ လုပ္ေနခ်ိန္မွာလည္း သူတို႔ေလးေတြ လုပ္ေနတာက မွန္တယ္ဆိုတာကို ေျပာျပဖို႔ အဆင္သင့္ ရွိေနတဲ့အေၾကာင္း မီလ္နာက ေျပာျပလာခဲ့တယ္။

မီလ္နာက ” ကြၽန္ေတာ္ အဲ့လိုပဲ ထင္ပါတယ္။ ကြၽန္ေတာ္ လိဒ္စီနီယာအသင္းကို ေရာက္လာခ်ိန္မွာ အရမ္းကံေကာင္းခဲ့တယ္ ဆိုရမယ္။ အဲ့ဒီ့တုန္းက ကြၽန္ေတာ္ ငယ္ငယ္ေလးပဲ ရွိေသးၿပီးေတာ့ ကြၽန္ေတာ့္ေနာက္မွာ သိပ္ေကာင္းတဲ့ အဝတ္လဲခန္းတစ္ခု ရရွိခဲ့ပါတယ္။ အဲ့တုန္းက နည္းနည္းပိုၿပီး ရန္လိုသလို ရွိခဲ့ၿပီး လူႀကီး မျဖစ္ေသးတဲ့ အ႐ြယ္ဆိုေတာ့ ပိုၿပီး ဂ႐ုစိုက္ဖို႔ လိုခဲ့ပါတယ္။

အမွားတစ္ခု လုပ္လိုက္ရင္ အဲ့ဒါကို သိၿပီးေတာ့ ေဒါသျဖစ္တာေတြ၊ မေက်မနပ္ ျဖစ္တာေတြကို ထိန္းသိမ္းေရွာင္ၾကဥ္ရတယ္။ လိဒ္မွာ ကြၽန္ေတာ္ ေကာင္းေကာင္း ႀကီးျပင္းလာခဲ့ၿပီး အဆင့္အတန္းတစ္ခုကို ေရာက္ရွိခဲ့ၿပီး လူႀကီးေတြလို ရင့္က်က္လာတယ္။

ပထမအသင္းႀကီးနဲ႔အတူ ကြၽန္ေတာ္တို႔မွာရွိတဲ့ အရည္အေသြးနဲ႔ အကယ္ဒမီက လူငယ္ကစားသမားေတြကို စီနီယာေတြက တတ္ႏိုင္သေလာက္ အမ်ားႀကီး ကူညီေပးႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ေဘာလုံးအားကစားက ဘယ္ေလာက္ ရက္စက္တတ္တယ္ဆိုတာ ကြၽန္ေတာ္တို႔ သိတယ္။ အမ်ားႀကီး ကံေကာင္းဖို႔လိုတယ္။ အတက္အက်ေတြကို ရင္ဆိုင္ဖို႔ စိတ္ဓာတ္ႀကံ့ခိုင္မႈရွိဖို႔လိုတယ္။

ဒါေတြက ကြၽန္ေတာ္တို႔ ႀကီးျပင္းလာၿပီး စီနီယာကစားသမားေတြ ျဖစ္လာခ်ိန္မွာ တလွည့္ျပန္ကူညီေပးရမယ့္ အရာေတြေပါ့။ လူငယ္ကစားသမားေတြရဲ႕ ပုခုံးေပၚက ခက္ခဲတဲ့ အရာေတြကို လြယ္ကူသြားေအာင္ ကူညီေျဖေလွ်ာ့ေပးရတယ္။ စိတ္ပ်က္စရာ ျဖစ္လာတဲ့အခါ ခက္ခဲတဲ့ အရာေတြကို သူတို႔နဲ႔အေဝးမွာ ထားေပးရတယ္။

ဒါေပမယ့္ သူတို႔ ေကာင္းေကာင္းလုပ္ေနတဲ့အခ်ိန္မွာ အားေပးၿပီးေတာ့ သူတို႔လုပ္တာ ေကာင္းတယ္ဆိုတာကို သိေအာင္ ေျပာျပေပးဖို႔လည္း လိုတယ္။ သူတို႔ေတြ ဆက္ၿပီးေတာ့ တိုးတက္လာဖို႔ လမ္းျပေပးရတာေပါ့။

ဒီလူငယ္ေလးေတြမွာရွိတဲ့ အရည္အေသြးက တကယ္ကို မယုံႏိုင္စရာေကာင္းတယ္။ ဒါေၾကာင့္ သူတို႔ကို စိတ္ဓာတ္ပိုင္းဆိုင္ရာမွာ ကူညီေပးဖို႔လိုတာပါ။ ” လို႔ ရွင္းျပခဲ့တာျဖစ္ပါတယ္။

ဂ်ိမ္းမီလ္နာဟာ အျခားေသာ စီနီယာလိုပဲ ကာတစ္ဂ်ဳံးရဲ႕ တိုးတက္မႈကို စိတ္ဝင္တစားရွိခဲ့ၿပီး သူ႔ကို ေနာက္တဆင့္ဆီ တြန္းတင္ေပးဖို႔ ႀကိဳးစားေနေၾကာင္း၊ ဒါက ကြင္းျပင္ပမွာ သူ႔ရဲ႕ တာဝန္အေနနဲ႔ လုပ္ေပးရမယ့္ အစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္း ထုတ္ေျပာခဲ့ေသးတာ ျဖစ္ပါတယ္။