ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းဟာ အဝေးကွင်းပွဲအဖြစ် ဝတ်ဖိုဒ့်အသင်းထံသွားပြီး ယှဉ်ပြိုင်ကစားရမှာပါ။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ လီဗာပူးနဲ့ ဝတ်ဖိုဒ့်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ဝတ်ဖို့ဒ် Vs လီဗာပူ
ပရီးမီးယားလိဂ် ပွဲစဉ် (၈)
အောက်တိုဘာလ ၁၆ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ညနေ ၆ နာရီ။

လော်ရိုးရဲ့ သုံးသပ်ချက်။ ။ ကလော်ဒီယို ရေနီရာရီရေ ပရီးမီးယားလိဂ်က ပြန်ကြိုဆိုလိုက်ပါတယ်။ လက်စတာ နည်းပြဟောင်းကတော့ ဝတ်ဖို့ဒ်မှာ အခြေကျဖို့ ရက်အနည်းငယ်ပဲ ရထားပြီး ဒီပွဲက သူ့အတွက်စတင်ဖို့ ပွဲကြီး တစ်ပွဲ ဖြစ်နေပါတယ်။

လီဗာပူးက တောင်အမေရိကသားတွေ ဖြစ်တဲ့ အယ်လစ်ဆန်နဲ့ ဖာဘင်ညို တို့ ဒီပွဲ အမှီ ပြန်လာနိုင်မလား ဇောချွေးပြန်နေရပါတယ်။ အယ်လစ်ဆန်သာ အချိန်မှီ ပြန်ရောက်မယ် ဆိုရင် ကျနော်သာ ဆို ထည့်သုံးမှာပါ။ ခရီးရှည် လာရလို့ နည်းနည်း ပင်ပန်းနိုင်ပေမယ့် ဂိုးသမား တစ်ယောက်ရဲ့ သက်လုံ ကိုတော့ အရမ်း မထိခိုက်နိုင်ပါဘူး။

ဒီပွဲက လီဗာပူး ဝတ်ဖို့ဒ်ကို ဘယ်လို ဖြိုခွဲမလဲ အဓိက ကြည့်ရမယ့် ပုံ ဖြစ်နေတယ်။ ရေနီရာရီက သူတို့ကို အခက်တွေ့အောင် လုပ်မှာပါ။ နိုင်ပွဲနဲ့ သူ့အသင်းသစ်ကို စတင်ဖို့က သိပ်များလွန်းပေမယ့် လီဗာပူး အခက်တွေ့အောင်ကတော့ သူတို့ လုပ်နိုင်ပါတယ်။

ဒီပွဲမှာ ပေးဂိုး မရှိဘူး ဆိုရင် ဝတ်ဖို့ဒ် အသင်းသားတွေကို ဒင်နာလိုက်ကျွေးမယ်လို့လည်း ရေနီရာရီက ကတိစကားတွေ ပေးထားပါတယ်။ လက်စတာနဲ့ တုန်းကလည်း သူက ပီဇာ ဝယ်ကျွေးဖူးပါတယ်။ ဒါပေမယ့် ဒီသီတင်းပတ်မှာတော့ သူ့ အိတ်ကပ်က ဖောင်းမြဲဖောင်းဆဲ ဖြစ်နေမှာပါ။ ငွေကုန်ဦးမှာ မဟုတ်ဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဝတ်ဖိုဒ့် ဝ-၂ လီဗာပူး

ZAWGYI

ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ လီဗာပူးအသင္းဟာ အေဝးကြင္းပြဲအျဖစ္ ဝတ္ဖိုဒ့္အသင္းထံသြားျပီး ယွဥ္ျပိဳင္ကစားရမွာပါ။ ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သုံးသပ္သူ ေလာ္႐ိုးကေတာ့ လီဗာပူးနဲ႔ ဝတ္ဖိုဒ့္တို႔ ပြဲ အတြက္ အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။

ဝတ္ဖို႔ဒ္ Vs လီဗာပူ
ပရီးမီးယားလိဂ္ ပြဲစဥ္ (၈)
ေအာက္တိုဘာလ ၁၆ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ညေန ၆ နာရီ။

ေလာ္ရိုးရဲ႕ သံုးသပ္ခ်က္။ ။ ကေလာ္ဒီယို ေရနီရာရီေရ ပရီးမီးယားလိဂ္က ျပန္ၾကိဳဆိုလိုက္ပါတယ္။ လက္စတာ နည္းျပေဟာင္းကေတာ့ ဝတ္ဖို႔ဒ္မွာ အေျခက်ဖို႔ ရက္အနည္းငယ္ပဲ ရထားျပီး ဒီပြဲက သူ႔အတြက္စတင္ဖို႔ ပြဲၾကီး တစ္ပြဲ ျဖစ္ေနပါတယ္။

လီဗာပူးက ေတာင္အေမရိကသားေတြ ျဖစ္တဲ့ အယ္လစ္ဆန္နဲ႕ ဖာဘင္ညိဳ တို႔ ဒီပြဲ အမွီ ျပန္လာနုိင္မလား ေဇာေခၽြးျပန္ေနရပါတယ္။ အယ္လစ္ဆန္သာ အခ်ိန္မွီ ျပန္ေရာက္မယ္ ဆိုရင္ က်ေနာ္သာ ဆို ထည့္သံုးမွာပါ။ ခရီးရွည္ လာရလို႔ နည္းနည္း ပင္ပန္းနုိင္ေပမယ့္ ဂိုးသမား တစ္ေယာက္ရဲ႕ သက္လံု ကိုေတာ့ အရမ္း မထိခိုက္နုိင္ပါဘူး။

ဒီပြဲက လီဗာပူး ဝတ္ဖို႔ဒ္ကို ဘယ္လို ျဖိဳခြဲမလဲ အဓိက ၾကည့္ရမယ့္ ပံု ျဖစ္ေနတယ္။ ေရနီရာရီက သူတို႔ကို အခက္ေတြ႔ေအာင္ လုပ္မွာပါ။ နုိင္ပြဲနဲ႕ သူ႔အသင္းသစ္ကို စတင္ဖို႔က သိပ္မ်ားလြန္းေပမယ့္ လီဗာပူး အခက္ေတြ႔ေအာင္ကေတာ့ သူတို႔ လုပ္နုိင္ပါတယ္။

ဒီပြဲမွာ ေပးဂိုး မရွိဘူး ဆိုရင္ ဝတ္ဖို႔ဒ္ အသင္းသားေတြကို ဒင္နာလိုက္ေကၽြးမယ္လို႔လည္း ေရနီရာရီက ကတိစကားေတြ ေပးထားပါတယ္။ လက္စတာနဲ႕ တုန္းကလည္း သူက ပီဇာ ၀ယ္ေကၽြးဖူးပါတယ္။ ဒါေပမယ့္ ဒီသီတင္းပတ္မွာေတာ့ သူ႔ အိတ္ကပ္က ေဖာင္းျမဲေဖာင္းဆဲ ျဖစ္ေနမွာပါ။ ေငြကုန္ဦးမွာ မဟုတ္ဘူး။

ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ ဝတ္ဖိုဒ့္ ၀-၂ လီဗာပူး