လိဒ်ယူနိုက်တက် တောင်ပံသမား ရာဖင်ဟာက လီဗာပူးကို အထင်ကြီးရင်းစွဲ ရှိနေချိန်မှာ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဘာစီလိုနာနဲ့ ချယ်ဆီးကစားသမားဟောင်း ဒေကိုက ကစားသမားအတွက် မာဆေးဆိုဒ်ဘက်က ချဉ်းကပ်မှုတွေ ရှိခဲ့ကြောင်း ထုတ်ပြောလာပါတယ်။

၂၀၂၀ မှာ ပြင်သစ်ကလပ်ကနေ ပရီးမီးယားလိဂ်ကို ပြောင်းလာခဲ့တဲ့ တိုက်စစ်သမားဟာ အသက် ၂၄ နှစ်အရွယ်ပဲ ရှိနေသေးသူဖြစ်တယ်။ သူဟာ လက်တလောမှာ လိဒ်ယူနိုက်တက်နဲ့ ခြေစွမ်းပြပြီး ကမ္ဘာဖလား ပြိုင်ပွဲဝင် ဘရာဇီးအတွက် ပါဝင်ခွင့်ရဖို့ မျှော်လင့်နေသူ ဖြစ်ပါတယ်။

ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဒေကိုက ပြောရာမှာ ” ရာဖင်ဟာကို စိတ်ဝင်စားတဲ့ ကလပ်တွေ အများကြီးရှိတာက သေချာတာပေါ့။ လီဗာပူးက သူ့ကို သဘောကျသလို ချဉ်းကပ်မှုတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့်လို့ တရားဝင် ကိစ္စတော့ ဖြစ်မလာခဲ့ဘူး။ လိဒ်ဘက်ကလည်း သူတို့ရဲ့ အကြောင်းပြချက်တွေနဲ့ ကစားသမားကို တစ်ရာသီ ဆက်ထိန်းထားလိုခဲ့တယ်။

ရာဖင်ဟာက လိဒ်မှာ အတော်လေး ပျော်ပါတယ်။ ဒါပေမယ့်လို့ သူ့ရဲ့ ကစားသမားဘဝ ရှေ့ဆက်ဖို့ရာ နောက်တစ်ဆင့်ကို သွားလိုတဲ့ အချိန်ကို သေချာပေါက် ရောက်လာမှာပါ။ သူ့ရဲ့ စာချုပ်က ၃ နှစ် ကျန်နေပါသေးတယ် ဒါပေမယ့် အခုအခြေအနေမှာတော့ အပြောင်းအရွှေ့ ကိစ္စတွေဖြစ်လာဖို့ ထူးထူးခြားခြားမျိုး မရှိပါဘူး။ လိဒ်ဘက်က သူ့ကို ရောင်းထုတ်ရမယ်ဆိုရင် ပြောင်းရွှေ့ကြေးကြီး လိုပါတယ်။

ရာဖင်ဟာက ဈေးကွက်ထဲမှာ ရှိနေပြီး လိဒ်က သူ့အပေါ် အများကြီး မျှော်လင့်ထားပါတယ်။ ကစားသမားကို ရောင်းထုတ်ရေးနဲ့ ပတ်သက်ပြီး အလျင်စလို လုပ်သွားမှာ မဟုတ်ပါဘူး။

လိဒ်က ပရီးမီးယားလိဂ်မှာ ရှိနေတာဆိုပေမယ့် ရာဖင်ဟာက အမြင့်ဆုံး အဆင့်တွေမှာ ကစားရဖို့ ရည်မှန်းချက်ကြီး ရှိပါတယ်။ ဒါပေမယ့်လို့ အခုအခြေအနေက အဲ့အကြောင်းတွေ ပြောဖို့ရာ အချိန်ကောင်း မဟုတ်သေးပါဘူး။ ရာဖင်ဟာကလည်း အပြောင်းအရွှေ့ ကိစ္စကို အာရုံစိုက်နေခြင်း မရှိပါဘူး။ အချိန်ကျလာရင် ကိစ္စတွေက ဖြစ်လာမှာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လိဒ္ယူႏုိက္တက္ ေတာင္ပံသမား ရာဖင္ဟာက လီဗာပူးကို အထင္ၾကီးရင္းစြဲ ရွိေနခ်ိန္မွာ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူ ဘာစီလိုနာနဲ႔ ခ်ယ္ဆီးကစားသမားေဟာင္း ေဒကိုက ကစားသမားအတြက္ မာေဆးဆိုဒ္ဘက္က ခ်ဥ္းကပ္မႈေတြ ရွိခဲ့ေၾကာင္း ထုတ္ေျပာလာပါတယ္။

၂၀၂၀ မွာ ျပင္သစ္ကလပ္ကေန ပရီးမီးယားလိဂ္ကို ေျပာင္းလာခဲ့တဲ့ တိုက္စစ္သမားဟာ အသက္ ၂၄ ႏွစ္အရြယ္ပဲ ရွိေနေသးသူျဖစ္တယ္။ သူဟာ လက္တေလာမွာ လိဒ္ယူႏုိက္တက္နဲ႔ ေျခစြမ္းျပျပီး ကမၻာဖလား ျပိဳင္ပြဲဝင္ ဘရာဇီးအတြက္ ပါဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ေနသူ ျဖစ္ပါတယ္။

ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူ ေဒကိုက ေျပာရာမွာ ” ရာဖင္ဟာကို စိတ္ဝင္စားတဲ့ ကလပ္ေတြ အမ်ားၾကီးရွိတာက ေသခ်ာတာေပါ့။ လီဗာပူးက သူ႔ကို သေဘာက်သလို ခ်ဥ္းကပ္မႈေတြလည္း ရွိခဲ့တယ္။ ဒါေပမယ့္လို႔ တရားဝင္ ကိစၥေတာ့ ျဖစ္မလာခဲ့ဘူး။ လိဒ္ဘက္ကလည္း သူတို႔ရဲ႕ အေၾကာင္းျပခ်က္ေတြနဲ႔ ကစားသမားကို တစ္ရာသီ ဆက္ထိန္းထားလိုခဲ့တယ္။

ရာဖင္ဟာက လိဒ္မွာ အေတာ္ေလး ေပ်ာ္ပါတယ္။ ဒါေပမယ့္လို႔ သူ႔ရဲ႕ ကစားသမားဘဝ ေရွ႔ဆက္ဖို႔ရာ ေနာက္တစ္ဆင့္ကို သြားလိုတဲ့ အခ်ိန္ကို ေသခ်ာေပါက္ ေရာက္လာမွာပါ။ သူ႔ရဲ႕ စာခ်ဳပ္က ၃ ႏွစ္ က်န္ေနပါေသးတယ္ ဒါေပမယ့္ အခုအေျခအေနမွာေတာ့ အေျပာင္းအေရႊ႔ ကိစၥေတြျဖစ္လာဖို႔ ထူးထူးျခားျခားမ်ိဳး မရွိပါဘူး။ လိဒ္ဘက္က သူ႔ကို ေရာင္းထုတ္ရမယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကးၾကီး လိုပါတယ္။

ရာဖင္ဟာက ေစ်းကြက္ထဲမွာ ရွိေနျပီး လိဒ္က သူ႔အေပၚ အမ်ားၾကီး ေမွ်ာ္လင့္ထားပါတယ္။ ကစားသမားကို ေရာင္းထုတ္ေရးနဲ႔ ပတ္သက္ျပီး အလ်င္စလို လုပ္သြားမွာ မဟုတ္ပါဘူး။

လိဒ္က ပရီးမီးယားလိဂ္မွာ ရွိေနတာဆိုေပမယ့္ ရာဖင္ဟာက အျမင့္ဆံုး အဆင့္ေတြမွာ ကစားရဖို႔ ရည္မွန္းခ်က္ၾကီး ရွိပါတယ္။ ဒါေပမယ့္လို႔ အခုအေျခအေနက အဲ့အေၾကာင္းေတြ ေျပာဖို႔ရာ အခ်ိန္ေကာင္း မဟုတ္ေသးပါဘူး။ ရာဖင္ဟာကလည္း အေျပာင္းအေရႊ႔ ကိစၥကို အာရံုစိုက္ေနျခင္း မရွိပါဘူး။ အခ်ိန္က်လာရင္ ကိစၥေတြက ျဖစ္လာမွာပါ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။