လီဗာပူးစတားဟောင်း ဇာဗီအလွန်ဆိုက အန်ဖီးမှာ ယာဂင်ကလော့ပ်ရဲ့ ဆက်ခံသူအဖြစ် မျှော်လင့်နေသလား မေးခွန်းအတွက် တုန့်ပြန်မှု လုပ်ပေးသွားပါတယ်။

၂၀၀၄ ကနေ ၂၀၀၉ ကြားကာလမှာ လီဗာပူးအတွက် ပွဲပေါင်း ၂၁၀ ကစားပေးခဲ့တဲ့ အလွန်ဆိုဟာ ဆိုစီဒက် ဘီ အသင်းကို ကိုင်တွယ်နေသူဖြစ်တယ်။ မနှစ်တုန်းက ဘွန်ဒက်လီဂါကလပ် မိုချန်ဂလာဘတ်ကို ကိုင်တွယ်မယ်လို့ သတင်းကြီးခဲ့ပေမယ့် သူကတော့ ဆိုစီဒက်မှာပဲ ဆက်လက် သင်ယူနေဆဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာနက CNN နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာပဲ အလွန်ဆိုက မန်နေဂျာတစ်ယောက်အဖြစ် လီဗာပူးကို ပြန်သွားဖို့ မရှိသေးကြောင်း ထုတ်ပြောသွားခဲ့တယ်။

အလွန်ဆိုက ” ကျနော် စပိန်ကနေပဲ လီဗာပူးပရိသတ် လုပ်နေဆဲပါ။ သူတို့က ကျနော်ကို အသိအမှတ်ပြုကြသလို အဲ့သည် အားပေးမှုတွေကို ခံစားမိနေဆဲပါပဲ။

ကျနော်အတွက်တော့ အဲ့ခံစားချက်က ကောင်းပါတယ်။ အခုချိန်မှာ ယာဂင်က သူ့အလုပ်ကို အကောင်းဆုံး လုပ်နေတယ်။ ဒါကြောင့် လီဗာပူးမန်နေဂျာတာဝန်က ပြည့်စုံနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ်လို့ လီဗာပူးက ထိပ်တန်းအသင်း ဆိုတာနဲ့ ကျနော်အတွက် သိပ် သိပ်ကိုမှ ကောင်းလှတဲ့ ထိပ်တန်းကလပ်ဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ကစားသမားဘဝ အနားယူပြီးချိန်မှာ ဇာတိမြေကလပ် ဆိုစီဒက်ကို ပြန်သွားခဲ့တဲ့ အလွန်ဆိုဟာ မန်နေဂျာတစ်ယောက် ဖြစ်လာဖို့အတွက် သင်ယူနေပါပြီ။ ကစားသမားဘဝမှာတည်းက အသင်းဖော်တွေကို ညွှန်ကြားမှုတွေ လုပ်ပေးနေခဲ့ရတာကလည်း ဒီလို မန်နေဂျာတစ်ယောက် ဖြစ်လာရေးအတွက် လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ကြောင်း စပိန်သားကြီးက ရှင်းပြပါတယ်။

အလွန်ဆိုက ” တခါတလေမှာ မန်နေဂျာတွေက ကွင်းထဲကနေ ညွှန်ကြားမှုတွေ လုပ်ပေးဖို့ အချိန်မရှိပါဘူး။ ဒီတော့ ကစားသမားတွေက ခပ်မြန်မြန်ကစားနေရင်းကိုပဲ ဆုံးဖြတ်ချက်တွေ လုပ်ဖို့ လိုအပ်ပါတယ်။ အဲ့လို ညွှန်ကြားမှုတွေက ကျနော်အတွက် လုပ်ရိုးလုပ်စဉ်တောင် ဖြစ်လာခဲ့တယ်။ ဒါတွေကပဲ ကျနော်အတွက် မန်နေဂျာတစ်ယောက်ဖြစ်လာဖို့ လမ်းကြောင်းဖြစ်ခဲ့တယ် ” လို့ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးစတားေဟာင္း ဇာဗီအလြန္ဆိုက အန္ဖီးမွာ ယာဂင္ကေလာ့ပ္ရဲ႕ ဆက္ခံသူအျဖစ္ ေမွ်ာ္လင့္ေနသလား ေမးခြန္းအတြက္ တုန္႔ျပန္မႈ လုပ္ေပးသြားပါတယ္။

၂၀၀၄ ကေန ၂၀၀၉ ၾကားကာလမွာ လီဗာပူးအတြက္ ပြဲေပါင္း ၂၁၀ ကစားေပးခဲ့တဲ့ အလြန္ဆိုဟာ ဆိုစီဒက္ ဘီ အသင္းကို ကိုင္တြယ္ေနသူျဖစ္တယ္။ မႏွစ္တုန္းက ဘြန္ဒက္လီဂါကလပ္ မိုခ်န္ဂလာဘတ္ကို ကိုင္တြယ္မယ္လို႔ သတင္းၾကီးခဲ့ေပမယ့္ သူကေတာ့ ဆိုစီဒက္မွာပဲ ဆက္လက္ သင္ယူေနဆဲ ျဖစ္ပါတယ္။

နာမည္ၾကီး သတင္းဌာနက CNN နဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာပဲ အလြန္ဆိုက မန္ေနဂ်ာတစ္ေယာက္အျဖစ္ လီဗာပူးကို ျပန္သြားဖို႔ မရွိေသးေၾကာင္း ထုတ္ေျပာသြားခဲ့တယ္။

အလြန္ဆိုက ” က်ေနာ္ စပိန္ကေနပဲ လီဗာပူးပရိသတ္ လုပ္ေနဆဲပါ။ သူတို႔က က်ေနာ္ကို အသိအမွတ္ျပဳၾကသလို အဲ့သည္ အားေပးမႈေတြကို ခံစားမိေနဆဲပါပဲ။

က်ေနာ္အတြက္ေတာ့ အဲ့ခံစားခ်က္က ေကာင္းပါတယ္။ အခုခ်ိန္မွာ ယာဂင္က သူ႔အလုပ္ကို အေကာင္းဆံုး လုပ္ေနတယ္။ ဒါေၾကာင့္ လီဗာပူးမန္ေနဂ်ာတာဝန္က ျပည့္စံုေနတယ္လို႔ ထင္ပါတယ္။ ဒါေပမယ္လို႔ လီဗာပူးက ထိပ္တန္းအသင္း ဆိုတာနဲ႔ က်ေနာ္အတြက္ သိပ္ သိပ္ကိုမွ ေကာင္းလွတဲ့ ထိပ္တန္းကလပ္ျဖစ္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ကစားသမားဘဝ အနားယူျပီးခ်ိန္မွာ ဇာတိေျမကလပ္ ဆိုစီဒက္ကို ျပန္သြားခဲ့တဲ့ အလြန္ဆိုဟာ မန္ေနဂ်ာတစ္ေယာက္ ျဖစ္လာဖို႔အတြက္ သင္ယူေနပါျပီ။ ကစားသမားဘဝမွာတည္းက အသင္းေဖာ္ေတြကို ညႊန္ၾကားမႈေတြ လုပ္ေပးေနခဲ့ရတာကလည္း ဒီလို မန္ေနဂ်ာတစ္ေယာက္ ျဖစ္လာေရးအတြက္ လမ္းေၾကာင္းတစ္ခု ျဖစ္လာခ့ဲေၾကာင္း စပိန္သားၾကီးက ရွင္းျပပါတယ္။

အလြန္ဆိုက ” တခါတေလမွာ မန္ေနဂ်ာေတြက ကြင္းထဲကေန ညႊန္ၾကားမႈေတြ လုပ္ေပးဖို႔ အခ်ိန္မရွိပါဘူး။ ဒီေတာ့ ကစားသမားေတြက ခပ္ျမန္ျမန္ကစားေနရင္းကိုပဲ ဆံုးျဖတ္ခ်က္ေတြ လုပ္ဖို႔ လိုအပ္ပါတယ္။ အဲ့လို ညႊန္ၾကားမႈေတြက က်ေနာ္အတြက္ လုပ္ရိုးလုပ္စဥ္ေတာင္ ျဖစ္လာခဲ့တယ္။ ဒါေတြကပဲ က်ေနာ္အတြက္ မန္ေနဂ်ာတစ္ေယာက္ျဖစ္လာဖို႔ လမ္းေၾကာင္းျဖစ္ခဲ့တယ္ ” လို႔ ရွင္းျပခဲ့တာ ျဖစ္ပါတယ္။