ပြင်သစ်ကွင်းလယ်လူ ဖယ်ကီရာက လီဗာပူးနဲ့ အပြောင်းအရွှေ့ မပျက်ခင်မှာ ကလော့ပ်နဲ့ တွေ့ဆုံမှုလုပ်ခဲ့ပြီး ဂျာမာန်မန်နေဂျာကြီးက ဘာပြောခဲ့လဲဆိုတာကို ဖွင့်ဟလာခဲ့ပါတယ်။

ပြင်သစ်ကွင်းလယ်လူ ဖယ်ကီရာက ၂၀၁၈ ခုနှစ် နွေတုန်းက လီဗာပူး ဂျာစီအနီရောင် ဝတ် ဓာတ်ပုံရိုက်ခံခဲ့ပြီး အပြောင်းအရွှေ့ ပြီးစီးလု ဖြစ်မှ ပျက်ပြယ်ခဲ့တာပါ။ စက်တင်ဘာတုန်းကပဲ ဒီအကြောင်းကို သူ ပြောခဲ့သေးပေမယ့်လို့ ပြင်သစ် သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ နောက်တစ်ကြိမ် ထပ်ပြောလာခဲ့တာဖြစ်တယ်။

ဖယ်ကီရာက “ အားလုံးက ပြီးစီးဖို့ နီးစပ်နေခဲ့တာပေါ့။ အင်တာဗျူးတွေ အားလုံးလည်း လုပ်ပေးပြီးပြီ။ ယာဂင်ကလော့ပ်နဲ့လည်း စကားပြောခဲ့ပါပြီ။ သူက ကျနော်ကို သဘောကျကြောင်းတွေလည်း ပြောပြခဲ့ပါတယ်။

ကျနေ်ာတို့ အားလုံးကို အဆင်ပြေပြေဖြစ်ခဲ့တယ်ဗျာ။ လက်မှတ်ထိုးဖို့ပဲ လိုတယ်။ ကျနော်ရဲ့ အေးဂျင့်နဲ့ ပြဿနာတွေဖြစ်ပြီး ညိနှိုင်းမှုက ပျက်ဆီးသွားတော့တာပဲ။ လီဗာပူးဘက်ကတော့ ကျနော်ရဲ့ ဒူးကြောင့်လို့ အကြောင်းပြချက် ပေးရတာပေါ့။ ဒါပေမယ့် အချိန်ကပဲ သက်သေပြခဲ့ပါပြီ။ ကျနော်ရဲ့ ဒူးက သိပ်ကို ကောင်းပါတယ် ” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ အပြောင်းအရွှေ့ ကိစ္စ ပထမဆုံးအကြိမ် တရားဝင် ဖွင့်ချမှုအဖြစ် The Times နဲ့ အင်တာဗျူးမှာ အသက် ၂၈ နှစ်အရွယ် ဖယ်ကီရာက ဖြေဆိုပေးခဲ့တာပါ။

အဆိုပါ အင်တာဗျူးမှာ ဖယ်ကီရာက “ တကယ်ကို မှောင်မိုက်တဲ့ ကာလတွေပါပဲ။ မမှန်ကန်တဲ့ ကိစ္စတွေလည်း ရှိခဲ့ပါတယ်။ ကျနော်ရဲ့ ဒူးဒဏ်ရာက လီဗာပူးကို ပြောင်းဖို့ ကိစ္စကို ဟန့်တားခဲ့တယ်ဆိုတာကတော့ မမှန်ပါဘူး။ ကျနော်ရဲ့ အေးဂျင့်နဲ့ ပြဿနာဖြစ်ခဲ့တာပါ။ ဒီအပြောင်းအရွှေ့ မဖြစ်ခဲ့တာဟာ အေးဂျင့်ရဲ့ တာဝန်ပဲဖြစ်ပါတယ်။

လီဗာပူးကို မပြောင်းဖြစ်ခဲ့တာအတွက် ကျနော် စိတ်ပျက်ရပါတယ်။ အရမ်းကို စိတ်ပျက်ခ့ရတာပါ။ လီဗာပူးက သိပ်ကောင်းတဲ့ အသင်းကောင်းတစ်သင်းပဲဖြစ်ပါတယ်။ ကျနော် ယာဂင်ကလော့ပ်နဲ့လည်း ဆွေးနွေးရတာတွေက အဆင်ပြေခဲ့ပါတယ်။ သူနဲ့ စကားပြောပြီးတဲ့နောက် လီဗာပူးကို ပိုလို့တောင် ပြောင်းချင်ခဲ့တာပါ။ အပြောင်းအရွှေ့ ပျက်ခဲ့တာက ကျနော်အတွက် မလွယ်ကူတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ် ” လို့ ထုတ်ပြောထားခဲ့သေးတာ ဖြစ်ပါတယ်။

ZAWGYI

ျပင္သစ္ကြင္းလယ္လူ ဖယ္ကီရာက လီဗာပူးနဲ႔ အေျပာင္းအေရႊ႔ မပ်က္ခင္မွာ ကေလာ့ပ္နဲ႔ ေတြ႔ဆံုမႈလုပ္ခဲ့ျပီး ဂ်ာမာန္မန္ေနဂ်ာၾကီးက ဘာေျပာခဲ့လဲဆိုတာကို ဖြင့္ဟလာခဲ့ပါတယ္။

ျပင္သစ္ကြင္းလယ္လူ ဖယ္ကီရာက ၂၀၁၈ ခုႏွစ္ ေႏြတုန္းက လီဗာပူး ဂ်ာစီအနီေရာင္ ၀တ္ ဓာတ္ပံုရိုက္ခံခဲ့ျပီး အေျပာင္းအေရႊ႕ ျပီးစီးလု ျဖစ္မွ ပ်က္ျပယ္ခဲ့တာပါ။ စက္တင္ဘာတုန္းကပဲ ဒီအေၾကာင္းကို သူ ေျပာခဲ့ေသးေပမယ့္လို႔ ျပင္သစ္ သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာေတာ့ ေနာက္တစ္ၾကိမ္ ထပ္ေျပာလာခဲ့တာျဖစ္တယ္။

ဖယ္ကီရာက “ အားလံုးက ျပီးစီးဖို႔ နီးစပ္ေနခဲ့တာေပါ့။ အင္တာဗ်ဴးေတြ အားလံုးလည္း လုပ္ေပးျပီးျပီ။ ယာဂင္ကေလာ့ပ္နဲ႔လည္း စကားေျပာခဲ့ပါျပီ။ သူက က်ေနာ္ကို သေဘာက်ေၾကာင္းေတြလည္း ေျပာျပခဲ့ပါတယ္။

က်ေန္ာတို႔ အားလံုးကို အဆင္ေျပေျပျဖစ္ခဲ့တယ္ဗ်ာ။ လက္မွတ္ထိုးဖို႔ပဲ လိုတယ္။ က်ေနာ္ရဲ႕ ေအးဂ်င့္နဲ႔ ျပႆနာေတြျဖစ္ျပီး ညိႏိႈင္းမႈက ပ်က္ဆီးသြားေတာ့တာပဲ။ လီဗာပူးဘက္ကေတာ့ က်ေနာ္ရဲ႕ ဒူးေၾကာင့္လို႔ အေၾကာင္းျပခ်က္ ေပးရတာေပါ့့။ ဒါေပမယ့္ အခ်ိန္ကပဲ သက္ေသျပခဲ့ပါျပီ။ က်ေနာ္ရဲ႕ ဒူးက သိပ္ကို ေကာင္းပါတယ္ ” လို႔ ေျပာျပခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးနဲ႔ အေျပာင္းအေရႊ႔ ကိစၥ ပထမဆံုးအၾကိမ္ တရားဝင္ ဖြင့္ခ်မႈအျဖစ္ The Times နဲ႔ အင္တာဗ်ဴးမွာ အသက္ ၂၈ ႏွစ္အရြယ္ ဖယ္ကီရာက ေျဖဆိုေပးခဲ့တာပါ။

အဆိုပါ အင္တာဗ်ဴးမွာ ဖယ္ကီရာက “ တကယ္ကို ေမွာင္မိုက္တဲ့ ကာလေတြပါပဲ။ မမွန္ကန္တဲ့ ကိစၥေတြလည္း ရွိခဲ့ပါတယ္။ က်ေနာ္ရဲ႕ ဒူးဒဏ္ရာက လီဗာပူးကို ေျပာင္းဖို႔ ကိစၥကို ဟန္႔တားခဲ့တယ္ဆိုတာကေတာ့ မမွန္ပါဘူး။ က်ေနာ္ရဲ႕ ေအးဂ်င့္နဲ႔ ျပႆနာျဖစ္ခဲ့တာပါ။ ဒီအေျပာင္းအေရႊ႔ မျဖစ္ခဲ့တာဟာ ေအးဂ်င့္ရဲ႕ တာဝန္ပဲျဖစ္ပါတယ္။

လီဗာပူးကို မေျပာင္းျဖစ္ခဲ့တာအတြက္ က်ေနာ္ စိတ္ပ်က္ရပါတယ္။ အရမ္းကို စိတ္ပ်က္ခ့ရတာပါ။ လီဗာပူးက သိပ္ေကာင္းတဲ့ အသင္းေကာင္းတစ္သင္းပဲျဖစ္ပါတယ္။ က်ေနာ္ ယာဂင္ကေလာ့ပ္နဲ႔လည္း ေဆြးေႏြးရတာေတြက အဆင္ေျပခဲ့ပါတယ္။ သူနဲ႔ စကားေျပာျပီးတဲ့ေနာက္ လီဗာပူးကို ပိုလို႔ေတာင္ ေျပာင္းခ်င္ခဲ့တာပါ။ အေျပာင္းအေရႊ႔ ပ်က္ခဲ့တာက က်ေနာ္အတြက္ မလြယ္ကူတဲ့ အခိုက္အတန္႔ျဖစ္ခဲ့ပါတယ္ ” လုိ႔ ထုတ္ေျပာထားခဲ့ေသးတာ ျဖစ္ပါတယ္။