လီဗာပူးအသင်းဟာ ဒီကနေ့ည ၆ နာရီမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်ဖိုဒ့်အသင်းနဲ့ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

လီဗာပူးကွင်းလယ်လူတွေဖြစ်တဲ့ သီယာဂို၊ ဂျုံး၊ ဖာဘင်ညို၊ အယ်လီးယော့တို့ ပါဝင်နိုင်မှာ မဟုတ်သလို ဂိုးသမား အယ်လီဆန်လည်း ပါဝင်နိုင်ဖို့ မရှိပါဘူး။ ဒီပွဲပြီးရင် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲရှိနေပြီး လာလီဂါကလပ်ဟာ တစ်ပတ်လုံး အနားရထားပဲဖြစ်ပါတယ်။

Liverpool’s XI vs. Watford

ဒီပွဲမှာတော့ ဂိုးသမားအဖြစ် ကလယ်ဟာ ပွဲထွက်ခွင့်ရမယ် ယုံကြည်ရတယ်။ ဒီအပတ် လီဗာပူးဝဘ်ဆိုဒ်ဘက်က အခြအနေတွေအရ ဘယ်အစွန်လူ ကိုစတက်နဲ့ အင်တာဗျူးတွေ ရှိနေခဲ့တာကြောင့် ဝက်ဖိုဒ့်ပွဲမှာ ရော်ဘတ်ဆန်အစား ကိုစတက်ကို ပွဲထုတ်မယ်လို့ ခန့်မှန်းရပါတယ်။ ရော်ဘတ်ဆန်ကိုတော့ အက်သလက်တီကိုပွဲအတွက် ချန်ထားနိုင်ပြီး မဟုတ်ရင်လည်း ကိုစတက်ကို ချန်ပီယံလိဂ်ပွဲမှာ ထုတ်သုံးတာမျိုး ဖြစ်လာနိုင်တယ်။

လက်ရှိမှာ ကွင်းလယ်ပိုင်းက ပြဿနာဖြစ်နေတာကြောင့် မန်နေဂျာကလော့ပ်ဟာ ဖာမင်နိုနဲ့ ဂျိုတာ နှစ်ဦးတွဲကို ထုတ်သုံးပြီး ၄-၂-၃-၁ ပုံစံ ကစားနိုင်ပါတယ်။ ကွင်းလယ် နှစ်ယောက်တွဲအဖြစ်တော့ ဟန်ဒါဆန်နဲ့ မီလ်နာတို့ကို ပွဲထုတ်မယ်လို့ ယူဆရတယ်။

အခြားသော ကွင်းလယ် ရွေးချယ်စရာတွေမှာ ချိန်ဘာလိန်နဲ့ ကိတ်တာတို့လည်း ရှိနေပေမယ့် ကိတ်တာဟာ နိုင်ငံတကာသီတင်းပတ်မှာ အံ့သြသင့်စရာအဖြစ် ၃ ပွဲလုံးကို ကစားပေးထားခဲ့ပါတယ်။ သူနောက်ဆုံး ကစားခဲ့တာက အောက်တိုဘာလ ၁၃ ရက်နေ့ပွဲဖြစ်ပြီး ဝက်ဖိုဒ့်ပွဲမှာ ပါဝင်ပေးဖို့ ကြံ့ခိုင်မှု လုံလောက်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ချိန်ဘာလိန်ကတော့ ပြီးခဲ့တဲ့ ပွဲတွေမှာ လူစားဝင်လာခဲ့ချိန် အများကြီး လုပ်ပြနိုင်ခြင်း မရှိပါဘူး။ မီနာမီနိုကတော့ ကြံ့ခိုင်မှုကောင်းနေခြင်းကြောင့် ဝက်ဖိုဒ့်ပွဲမှာ ကွင်းလယ် နံပါတ် ၈ နေရာက ဖိအားပေးမှုတွေ လုပ်ဖို့ ပါဝင်ပေးနိုင်စွမ်းတော့ ရှိနေပါတယ်။

အကောင်းဆုံး လူစာရင်းကို ရွေးချယ်မယ်ဆိုရင်တော့ ဆာလာ၊ မာနေး၊ ဖာမင်နို၊ ဂျိုတာတို့နဲ့ Fab Four တိုက်စစ်ကို ရွေးဖို့ဖြစ်ပြီး ပွဲကို ခပ်မြန်မြန်ဖြတ်ကာ မိနစ် ၇၀ လောက်မှာ မီနာမီနို၊ ချိန်ဘာလိန်၊ အိုရီဂီတို့ကို လူစားဝင်စေပြီး ကစားအားကို ထိန်းလို့ ရနိုင်မှာ ဖြစ်ပါတယ်။

Kelleher; Alexander-Arnold, Matip, Van Dijk, Kostas; Henderson, Milner, Salah, Firmino, Mane; Jota

ZAWGYI

လီဗာပူးအသင္းဟာ ဒီကေန႔ည ၆ နာရီမွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ဝက္ဖိုဒ့္အသင္းနဲ႔ အေဝးကြင္း သြားေရာက္ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

လီဗာပူးကြင္းလယ္လူေတြျဖစ္တဲ့ သီယာဂို၊ ဂ်ံဳး၊ ဖာဘင္ညိဳ၊ အယ္လီးေယာ့တို႔ ပါဝင္ႏုိင္မွာ မဟုတ္သလို ဂိုးသမား အယ္လီဆန္လည္း ပါဝင္ႏုိင္ဖို႔ မရွိပါဘူး။ ဒီပြဲျပီးရင္ အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ အေဝးကြင္းပြဲရွိေနျပီး လာလီဂါကလပ္ဟာ တစ္ပတ္လံုး အနားရထားပဲျဖစ္ပါတယ္။

Liverpool’s XI vs. Watford

ဒီပြဲမွာေတာ့ ဂိုးသမားအျဖစ္ ကလယ္ဟာ ပြဲထြက္ခြင့္ရမယ္ ယံုၾကည္ရတယ္။ ဒီအပတ္ လီဗာပူးဝဘ္ဆိုဒ္ဘက္က အျခအေနေတြအရ ဘယ္အစြန္လူ ကိုစတက္နဲ႔ အင္တာဗ်ဴးေတြ ရွိေနခဲ့တာေၾကာင့္ ဝက္ဖိုဒ့္ပြဲမွာ ေရာ္ဘတ္ဆန္အစား ကိုစတက္ကို ပြဲထုတ္မယ္လို႔ ခန္႔မွန္းရပါတယ္။ ေရာ္ဘတ္ဆန္ကိုေတာ့ အက္သလက္တီကိုပြဲအတြက္ ခ်န္ထားႏုိင္ျပီး မဟုတ္ရင္လည္း ကိုစတက္ကို ခ်န္ပီယံလိဂ္ပြဲမွာ ထုတ္သံုးတာမ်ိဳး ျဖစ္လာႏုိင္တယ္။

လက္ရွိမွာ ကြင္းလယ္ပိုင္းက ျပႆနာျဖစ္ေနတာေၾကာင့္ မန္ေနဂ်ာကေလာ့ပ္ဟာ ဖာမင္ႏိုနဲ႔ ဂ်ိဳတာ ႏွစ္ဦးတြဲကို ထုတ္သံုးျပီး ၄-၂-၃-၁ ပံုစံ ကစားႏုိင္ပါတယ္။ ကြင္းလယ္ ႏွစ္ေယာက္တြဲအျဖစ္ေတာ့ ဟန္ဒါဆန္နဲ႔ မီလ္နာတို႔ကို ပြဲထုတ္မယ္လို႔ ယူဆရတယ္။

အျခားေသာ ကြင္းလယ္ ေရြးခ်ယ္စရာေတြမွာ ခ်ိန္ဘာလိန္နဲ႔ ကိတ္တာတို႔လည္း ရွိေနေပမယ့္ ကိတ္တာဟာ ႏုိင္ငံတကာသီတင္းပတ္မွာ အံ့ၾသသင့္စရာအျဖစ္ ၃ ပြဲလံုးကို ကစားေပးထားခဲ့ပါတယ္။ သူေနာက္ဆံုး ကစားခဲ့တာက ေအာက္တိုဘာလ ၁၃ ရက္ေန႔ပြဲျဖစ္ျပီး ဝက္ဖိုဒ့္ပြဲမွာ ပါဝင္ေပးဖို႔ ၾကံ႕ခိုင္မႈ လံုေလာက္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ခ်ိန္ဘာလိန္ကေတာ့ ျပီးခဲ့တဲ့ ပြဲေတြမွာ လူစားဝင္လာခဲ့ခ်ိန္ အမ်ားၾကီး လုပ္ျပႏုိင္ျခင္း မရွိပါဘူး။ မီနာမီႏိုကေတာ့ ၾကံ႔ခိုင္မႈေကာင္းေနျခင္းေၾကာင့္ ဝက္ဖိုဒ့္ပြဲမွာ ကြင္းလယ္ နံပါတ္ ၈ ေနရာက ဖိအားေပးမႈေတြ လုပ္ဖို႔ ပါဝင္ေပးႏုိင္စြမ္းေတာ့ ရွိေနပါတယ္။

အေကာင္းဆံုး လူစာရင္းကို ေရြးခ်ယ္မယ္ဆိုရင္ေတာ့ ဆာလာ၊ မာေနး၊ ဖာမင္ႏို၊ ဂ်ိဳတာတို႔နဲ႔ Fab Four တိုက္စစ္ကို ေရြးဖို႔ျဖစ္ျပီး ပြဲကို ခပ္ျမန္ျမန္ျဖတ္ကာ မိနစ္ ၇၀ ေလာက္မွာ မီနာမီႏို၊ ခ်ိန္ဘာလိန္၊ အိုရီဂီတို႔ကို လူစားဝင္ေစျပီး ကစားအားကို ထိန္းလို႔ ရႏိုင္မွာ ျဖစ္ပါတယ္။

Kelleher; Alexander-Arnold, Matip, Van Dijk, Kostas; Henderson, Milner, Salah, Firmino, Mane; Jota