လီဗာပူးအသင်းဟာ နိုင်ငံပွဲတွေ အပြီး။ ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတင်ချိန်မှာတော့ နည်းပြ အပြောင်းအလဲ လုပ်ထားတဲ့ ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။

ဝက်ဖို့ဒ်နဲ့ လီဗာပူးတို့ရဲ့ ပွဲကတော့ အစောပိုင်းပွဲအဖြစ် ဒီနေ့ စနေနေ့ ညနေ ၆ နာရီ၊ ဝက်ဖို့ဒ်တို့ရဲ့ ဗီကာရေ့ချ်ရုဒ် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သတ်ပြီး တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” မန်စီးတီးနဲ့ ၂-၂ သရေကျတဲ့ ရင်ခုန်စရာ ပွဲ အပြီး နိုင်ငံတကာ သီတင်းကနေ ပြန်လာတဲ့နောက် ကလော့ပ် အသင်းသားတွေဟာ စိတ်ဓာတ်ကောင်းနဲ့ ရှိနေကြမှာပါ။

မိုဆာလာက ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်နေပါတယ်။ စီးတီးနဲ့ပွဲ သွင်းခဲ့တဲ့ ဂိုး ဆို ဘယ်လောက် လန်းသလဲ။ သူ့ ခွန်အား၊ နေရာယူမှု၊ အချိန်ကိုက် လှုပ်ရှားမှုတွေက ကမ္ဘာ့ အဆင့်ပဲ။ သူ့ကြည့်ရတာ ပွဲတိုင်း ဂိုးသွင်းမယ့် ပုံကို ပေါ်နေပါပြီ။

ဝက်ဖို့ဒ်က လိဒ်ကို အဝေးကွင်း ရှုံးခဲ့တဲ့ ပွဲမှာ ခြေစွမ်း ဆိုးခဲ့ပါတယ်။ ဒါပေမယ့် မူနော့ဇ် နည်းပြကနေ ထုတ်ပယ်ခံရတာ တော့ အံ့အားသင့်စရာ ဖြစ်နေတုန်းပဲ။ ကလပ် တစ်သင်းနဲ့ တစ်သင်း လုပ်ပုံတွေ မတူကြဘူး ဆိုပေမယ့် ကလော်ဒီယို ရေနီရာရီ ပရီးမီးယားလိဂ် ပြန်ရောက်လာတာလည်း အံ့အားသင့်စရာ ပါပဲ။ ရေနီရာရီက အတွေ့အကြုံရှိ ဝါရင့် နည်းပြပါ၊ ဒါပေမယ့် ဒီအလုပ်က သူ့အတွက် စွန့်စားမှု ကြီးပါတယ်။

ပထမပွဲ ကစားတယ် ဆိုတော့ ဒီပွဲက ခက်ခဲဦးမှာပါ။ လီဗာပူးကတော့ သိပ်အင်အားတောင့်လွန်းနေတယ်။ ကျေနာ်ကတော့ ဒီပွဲ လီဗာပူးပဲ ၂-၀ လောက်နဲ့ နိုင်မယ် ထင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ် ခန့်မှန်းထားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ နုိင္ငံပြဲေတြ အျပီး။ ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စတင္ခ်ိန္မွာေတာ့ နည္းျပ အေျပာင္းအလဲ လုပ္ထားတဲ့ ၀က္ဖို႔ဒ္ကို အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာပါ။

၀က္ဖို႔ဒ္နဲ႕ လီဗာပူးတို႔ရဲ႕ ပြဲကေတာ့ အေစာပိုင္းပြဲအျဖစ္ ဒီေန႔ စေနေန႔ ညေန ၆ နာရီ၊ ဝက္ဖို႔ဒ္တို႔ရဲ႕ ဗီကာေရ႕ခ်္ရုဒ္ ကြင္းမွာ ယွဥ္ျပိဳင္ ကစားၾကမွာ ျဖစ္ပါတယ္။ ဒီပြဲနဲ႕ ပတ္သတ္ျပီး တိုက္စစ္မႈးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” မန္စီးတီးနဲ႕ ၂-၂ သေရက်တဲ့ ရင္ခုန္စရာ ပြဲ အျပီး နုိင္ငံတကာ သီတင္းကေန ျပန္လာတဲ့ေနာက္ ကေလာ့ပ္ အသင္းသားေတြဟာ စိတ္ဓာတ္ေကာင္းနဲ႕ ရွိေနၾကမွာပါ။

မိုဆာလာက ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ ၾကယ္ပြင့္ ကစားသမား ျဖစ္ေနပါတယ္။ စီးတီးနဲ႕ပြဲ သြင္းခဲ့တဲ့ ဂိုး ဆို ဘယ္ေလာက္ လန္းသလဲ။ သူ႔ ခြန္အား၊ ေနရာယူမႈ၊ အခ်ိန္ကိုက္ လႈပ္ရွားမႈေတြက ကမၻာ့ အဆင့္ပဲ။ သူ႔ၾကည့္ရတာ ပြဲတိုင္း ဂိုးသြင္းမယ့္ ပံုကို ေပၚေနပါျပီ။

၀က္ဖို႔ဒ္က လိဒ္ကို အေ၀းကြင္း ရွံဳးခဲ့တဲ့ ပြဲမွာ ေျခစြမ္း ဆိုးခဲ့ပါတယ္။ ဒါေပမယ့္ မူေနာ့ဇ္ နည္းျပကေန ထုတ္ပယ္ခံရတာ ေတာ့ အံ့အားသင့္စရာ ျဖစ္ေနတုန္းပဲ။ ကလပ္ တစ္သင္းနဲ႕ တစ္သင္း လုပ္ပံုေတြ မတူၾကဘူး ဆိုေပမယ့္ ကေလာ္ဒီယို ေရနီရာရီ ပရီးမီးယားလိဂ္ ျပန္ေရာက္လာတာလည္း အံ့အားသင့္စရာ ပါပဲ။ ေရနီရာရီက အေတြ႔အၾကံဳရွိ ၀ါရင့္ နည္းျပပါ၊ ဒါေပမယ့္ ဒီအလုပ္က သူ႔အတြက္ စြန္႔စားမႈ ၾကီးပါတယ္။

ပထမပြဲ ကစားတယ္ ဆိုေတာ့ ဒီပြဲက ခက္ခဲဦးမွာပါ။ လီဗာပူးကေတာ့ သိပ္အင္အားေတာင့္လြန္းေနတယ္။ ကေ်နာ္ကေတာ့ ဒီပြဲ လီဗာပူးပဲ ၂-၀ ေလာက္နဲ႕ နုိင္မယ္ ထင္ပါတယ္။ ” လို႔ အို၀င္က သံုးသပ္ ခန္႔မွန္းထားပါတယ္။