ဝက်ဖိုဒ့်နဲ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဆာလာကို ချီးကျူးသံတွေ မရပ်နိုင်လောက်အောင် ဖြစ်နေကြပြီး အမြင်သားဆုံးကတော့ ဘီဘီစီမှ ဂန်းနားဟောင်းကြီး ကီယွန်ရဲ့ ချီးကျူးမှုဖြစ်ပါတယ်။

BT Sport ရုပ်သံဌာနကနေ သုံးသပ်သူတွေဖြစ်တဲ့ ဂျိုးကိုးနဲ့ အပေါင်းအပါတို့ ဆက်တိုက်ချီးကျူးမှုတွေမှာတော့ ဆာလာဟာ လိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆိုတဲ့ အဆင့်မှာ ရှိနေတယ်လို့ ဖြစ်တယ်။ သုံးသပ်သူအချို့ကတော့ အဆိုပါ အမြင်ကို လက်မခံဘဲ ကမ္ဘာအကောင်းဆုံး အဆင့်မှာရှိတယ်လို့ မှတ်ချက်ပေးမှုတွေပါ ထွက်ပေါ်ခဲ့ပါတယ်။

ဆာလာဟာ မာနေး ဂိုးရယူနိုင်ဖို့ ကမ္ဘာအဆင့် ဖန်တီးမှု တစ်ခုကို လုပ်ပေးခဲ့သလို သူ့ရဲ့ သွင်းဂိုးကတော့ ကြည့်ရသူတိုင်း လက်ဖျားခါလောက်တဲ့ အဆင့်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘီဘီစီမှ သုံးသပ်သူ ကီယွန်က အခုလို ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

” ဘောလုံး ပိုင်ဆိုင်မှု ၇၀% ကျော် အသာနဲ့ ကစားသွားတဲ့ လီဗာပူးကို ကလော်ဒီယို ရေနီရာရီက သူ့အသင်းနဲ့ အလုပ်ဖြစ်အောင် ဘယ်လိုမှ မလုပ်နိုငခဲ့ဘူး။ ဒီ ကစားသမားတွေက နိုင်ငံပွဲတွေ သွား ကစားထားတဲ့ သူတွေပါ။ လီဗာပူးက ဒီနေ့ သိပ်ကို အားကောင်းလွန်းနေတယ်။

မိုဆာလာ ဆီက ဘောလုံးက ဆာဒီယို မာနေးဆီ ရောက်သွားတာဟာ လုံး၀ ကမ္ဘာ့အပြင်ဘက် ပို့ချလိုက်သလိုပဲ။ ကျနေ်ာတို့ မြင်နေရတဲ့ ဆာလာက လီယွန်နယ် မက်ဆီ အဆင့်ပါ။

ဒီနေ့ပွဲ ဂိုးတွေက ဖာမီနို အတွက်လည်း အကူအညီ ဖြစ်ခဲ့တယ်။ အသင်းသားတိုင်းက ခြေတွေ့နေပြီး လီဗာပူးကတော့ မြန်နှုန်းပြည့်ပဲ။ ” လို့ အင်္ဂလန် ခံစစ်မှုးကောင်းကြီး မာတင် ကီယွန်က ဘီဘီစီ အစီအစဉ်မှာ ချီးကျူးသွားခဲ့ပါတယ်။

ZAWGYI

ဝက္ဖိုဒ့္နဲ႔ပြဲမွာ ျပသခဲ့တဲ့ ေျခစြမ္းေတြေၾကာင့္ ဆာလာကို ခ်ီးက်ဴးသံေတြ မရပ္ႏုိင္ေလာက္ေအာင္ ျဖစ္ေနၾကျပီး အျမင္သားဆံုးကေတာ့ ဘီဘီစီမွ ဂန္းနားေဟာင္းၾကီး ကီယြန္ရဲ႕ ခ်ီးက်ဴးမႈျဖစ္ပါတယ္။

BT Sport ရုပ္သံဌာနကေန သံုးသပ္သူေတြျဖစ္တဲ့ ဂ်ိဳးကိုးနဲ႔ အေပါင္းအပါတို႔ ဆက္တိုက္ခ်ီးက်ဴးမႈေတြမွာေတာ့ ဆာလာဟာ လိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားဆိုတဲ့ အဆင့္မွာ ရွိေနတယ္လို႔ ျဖစ္တယ္။ သံုးသပ္သူအခ်ိဳ႔ကေတာ့ အဆိုပါ အျမင္ကို လက္မခံဘဲ ကမၻာအေကာင္းဆံုး အဆင့္မွာရွိတယ္လို႔ မွတ္ခ်က္ေပးမႈေတြပါ ထြက္ေပၚခဲ့ပါတယ္။

ဆာလာဟာ မာေနး ဂိုးရယူႏုိင္ဖို႔ ကမၻာအဆင့္ ဖန္တီးမႈ တစ္ခုကို လုပ္ေပးခဲ့သလို သူ႔ရဲ႕ သြင္းဂိုးကေတာ့ ၾကည့္ရသူတိုင္း လက္ဖ်ားခါေလာက္တဲ့ အဆင့္မွာ ရွိေနခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဘီဘီစီမွ သံုးသပ္သူ ကီယြန္က အခုလို ခ်ီးက်ဴးသြားခဲ့တာ ျဖစ္ပါတယ္။

” ေဘာလံုး ပိုင္ဆိုင္မႈ ၇၀% ေက်ာ္ အသာနဲ႕ ကစားသြားတဲ့ လီဗာပူးကို ကေလာ္ဒီယို ေရနီရာရီက သူ႔အသင္းနဲ႕ အလုပ္ျဖစ္ေအာင္ ဘယ္လိုမွ မလုပ္နို္ငခဲ့ဘူး။ ဒီ ကစားသမားေတြက နိုင္ငံပြဲေတြ သြား ကစားထားတဲ့ သူေတြပါ။ လီဗာပူးက ဒီေန႔ သိပ္ကို အားေကာင္းလြန္းေနတယ္။

မိုဆာလာ ဆီက ေဘာလံုးက ဆာဒီယို မာေနးဆီ ေရာက္သြားတာဟာ လံုး၀ ကမၻာ့အျပင္ဘက္ ပို႔ခ်လိုက္သလိုပဲ။ က်ေန္ာတို႔ ျမင္ေနရတဲ့ ဆာလာက လီယြန္နယ္ မက္ဆီ အဆင့္ပါ။

ဒီေန႔ပြဲ ဂိုးေတြက ဖာမီနို အတြက္လည္း အကူအညီ ျဖစ္ခဲ့တယ္။ အသင္းသားတိုင္းက ေျခေတြ႔ေနျပီး လီဗာပူးကေတာ့ ျမန္ႏႈန္းျပည့္ပဲ။ ” လို႔ အဂၤလန္ ခံစစ္မႈးေကာင္းၾကီး မာတင္ ကီယြန္က ဘီဘီစီ အစီအစဥ္မွာ ခ်ီးက်ဴးသြားခဲ့ပါတယ္။