ဝက်ဖိုဒ့်နဲ့ပွဲမှာ လီဗာပူးကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို အသင်းဖန်ဆိုဒ် TIA က ဖော်ပြမှုတွေ ဖြစ်ပါတယ်။

ကယ်လီဟာ – ၆/၁၀

ဝက်ဖို့ဒ်ဟာ လီဗာပူးခံစစ်ကို မဖြိုခွင်းနိုင်ခဲ့တာနဲ့အတူ ကယ်လီဟာရဲ့ ဒီရာသီ ဒုတိယအကြိမ် ပွဲထွက်မှုက ပွဲကြည့်ပရိသတ်တစ်ယောက်လိုသာ ဖြစ်နေခဲ့ပါတယ်။ သူဟာ ပွဲချိန်တစ်နာရီလောက်အထိ ဘာကာကွယ်မှုမှ မလုပ်ခဲ့ရသလို ပွဲချိန်နှောင်းပိုင်းမှာ ကန်ချက်ကောင်းတစ်ကြိမ်ကို တားဆီးမှုနဲ့ လက်ဖျားဖြင့် ကာကွယ်သွားမှုတွေကတော့ အတော်လေး ကောင်းမွန်ခဲ့ပါတယ်။

ထရန့် – ၉/၁၀

ပထမပိုင်းမှာ ဘောလုံးထိချက် အကြိမ် ၇၀ ရှိခဲ့တဲ့ ညာအစွန်လူထက် ဘယ်ကစားသမားကမှ ပိုမလုပ်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ ပေးပို့မှု အကွာအဝေးက အထင်ကြီးစရာ ကောင်းခဲ့ပြီး သူပေးလိုက်တဲ့ အကြိမ်တိုင်းမှာ ဆာလာအတွက် သဘောကျစရာ ဖြစ်နေခဲ့တာပါ။ အသင်းအတွက် သူ့ရဲ့ အရေးပါမှုက ၆၄ မိနစ်မှာ သူ လူစားလဲခံလိုက်ရတဲ့ အချိန်မှာ ထင်ရှားသွားခဲ့ပါတယ်။

မာတစ် – ၇/၁၀

သူ့ရဲ့ ဗဟိုခံစစ်တွဲဖက်ကို ချီးကျူးနေကျ စကားအတိုင်းပြောရရင် မာတစ်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်နိုင်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသခဲ့ပြီး ခံစစ်မှာ အထိုင်ချနေဖို့ထက် သူ့စည်းကနေ အရှေ့ထွက်ပြီး ကစားတာမျိုးကို ပိုလုပ်ခဲ့ပါတယ်။ တစ်ယောက်ချင်း ရင်ဆိုင်ခုခံရာမှာလဲ မာတစ်ဟာ ပြီးပြည့်စုံခဲ့သလို တချိန်ထဲမှာပဲ တိုက်စစ်အတွက်လဲ ပေးပို့မှုတွေနဲ့ ဆက်လက်ကူညီပေးနိုင်ခဲ့တာပါ။

ဗန်ဒိုက် – ၇/၁၀

ပြိုင်ဘက်ဆီကနေ ခြိမ်းခြောက်မှု အနည်းငယ်သာ ကြုံခဲ့ရတာနဲ့အတူ ဗန်ဒိုက်ရဲ့ ပုံမှန်နေ့လည်ခင်း ဖြစ်ခဲ့တဲ့အကြောင်း ရှင်းလင်းစွာ မြင်ခဲ့ရပါတယ်။ သူ့ရဲ့ အစောပိုင်း ထောင့်ဖြတ်ဘောလုံးဟာ လှပပြီးတော့ မနှစ်က လီဗာပူးခံစစ်မှာ လုံးဝ ပျောက်ဆုံးနေခဲ့တဲ့ အရည်အသွေးတစ်ရပ်ကို ထပ်မံမြင်တွေ့စေခဲ့တာ ဖြစ်ပါတယ်။

ရော်ဘတ်ဆန် – ၇/၁၀

ခြေတလှမ်းမှ မမှားခဲ့တာဟာ သူရဲ့ ခံစစ်ပိုင်းထက် တိုက်စစ်ပိုင်း ထိုးဖောက်မှုမှာ ပိုပြီး စိတ်ချခဲ့ရတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ အကျိုးကျေးဇူးနဲ့ ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေ လာဖို့ရှိတာနဲ့အတူ တစ်နာရီအပြီးမှာပဲ သူ့ကို လူစားလဲလိုက်တာကြောင့် စကော့တလန်သား အနေနဲ့ အက်သလက်တီကိုနဲ့ အဝေးကွင်းပွဲမတိုင်ခင် ကောင်းကောာင်းအနားယူနိုင်တော့မှာပါ။

ဂျော်ဒန် ဟန်ဒါဆန် – ၇/၁၀

ဖာဘင်ညိုမရှိတဲ့ နံပါတ် ၆ နေရာမှာ အသင်းခေါင်းဆောင်ဟာ ပွဲချိန်အများစုမှာ ဝက်ဖို့ဒ်ရဲ့ ကွင်းဘက်ခြမ်းထဲ ကျောက်ချနေခဲ့ပြီးတော့ ပြင်းထန်တဲ့ စိန်ခေါ်မှု အနည်းငယ်ကလွဲရင် သာသာယာယာ ကစားခဲ့ရပါတယ်။ သူ့ရဲ့ အဓိကအလုပ်ဖြစ်တဲ့ ဘောလုံး ပြန်ဆယ်ယူတာနဲ့အတူ ခမ်းခမ်းနားနား စွမ်းဆောင်မှု မဟုတ်ရင်တောင် တောင့်တင်းတဲ့ ပုံစံကိုတော့ မြင်တွေ့ခဲ့ရပါတယ်။

ဂျိမ်းစ်မီနာ – ၈/၁၀

အနည်းဆုံး တစ်နာရီလောက် သူ့အတွက် ပိုသဘောကျတဲ့ ကွင်းလယ်နေရာကို ပြန်ကစားခဲ့ရပြီး လီဗာပူးဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ တစ်ကွင်းလုံးကို လွှမ်းမိုးထားတာနဲ့အတူ သူဟာ ဘယ်တောင်ပုံမှာ အလုပ်ရှုပ်နေခဲ့ပါတယ်။ ဖာမီနိုအတွက် သူ့ရဲ့ ဖန်တီးမှုက ချီးကျူးစရာ ဖြစ်ခဲ့ပြီး ကွင်းလယ်စက်ဝိုင်းမှာ ဘောလုံးရယူပြီးနောက် overlap ကစားပြီးတော့ လွယ်လွယ်ကူကူ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

နာဘီကီတာ – ၇/၁၀

အသင်းဖော်တွေလောက် ကနဦးမှာ သွက်သွက်လက်လက် မရှိခဲ့ပေမယ့် ကီတာဟာ တဖြည်းဖြည်းနဲ့ လီဗာပူးရဲ့ လွှမ်းမိုးမှုမှာ အထိုင်ကျခဲ့ပြီးတော့ ပြတ်သားတဲ့ ပေးပို့မှု အနည်းငယ်ထက် ပိုပြီးတော့ ကစားပေးခဲ့ပါတယ်။ ဒီရာသီ ပထမဆုံးအကြိမ်၊ ၂၀၂၁ အတွင်း ဒုတိယအကြိမ်အဖြစ် ဘာဒဏ်ရာမှ မရပဲ မိနစ် ၉၀ လုံးကစားခဲ့ပြီးတော့ လီဗာပူးအနေနဲ့ တည်ငြိမ်တဲ့ ရွေးချယ်စရာတစ်ခုဖြစ် သူ့ကို လိုအပ်သလို ဒါက ကောင်းမွန်တဲ့ စတင်မှုဖြစ်ခဲ့ပါတယ်။

ဆာလာ – ၁၀/၁၀ (အကောင်းဆုံး ကစားသမား)

ပုံစံကောင်းရနေတဲ့ ဆာလာဟာ ပွဲစကနေ အဆုံးထိ ရှိန်လောက်စရာ ဖြစ်ခဲ့ပြီး သူ လှုပ်ရှားလိုက်တိုင်း ဒန်နီရို့စ်ကို ချွေးပြန်စေခဲ့တာပါ။ အင်အားတောင့်တင်းမှု၊ နိုးကြားမှုနဲ့ ပြီးပြည့်စုံမှု ပေါင်းစပ်ထားတာနဲ့အတူ သူဟာ ဘယ်ဖိနပ်ထိပ်နဲ့ လှပသေသပ်တဲ့ ပေးပို့မှုလုပ်ပြီး မာနေးအတွက် ဂိုးဖန်တီးပေးခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ မဆုတ်မနစ်တဲ့ ကြိုးစားမှုကြောင့် နောက်ထပ် အံ့အားသင့်ဖွယ် ဂိုးတစ်ဂိုး ရရှိခဲ့ပြီး သူ့ရဲ့ မျက်စိကျဖွယ် ခြေလှမ်းကွက်က ဝက်ဖို့ဒ်ကို ကြက်သေသေစေခဲ့သလို လီဗာပူးပရိသတ်တွေဟာ သူလိုချင်သမျှ အရာအားလုံးပေးဖို့ ကလပ်ထံ တောင်းဆိုခဲ့ကြတဲ့အထိ ဖြစ်ပါတယ်။ ဒါဟာ သူ့အနေနဲ့ ၈ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ နောက်ထပ် ကမ္ဘာ့အဆင့် စွမ်းဆောင်မှုပဲ ဖြစ်ပါတယ်။

မာနေး – ၈/၁၀

တည်ငြိမ်တဲ့ first touch ဘောလုံးထိန်းချုပ်ပုံနဲ့ ယုံကြည်မှုရှိတဲ့ ကန်ချက်နဲ့အတူ သူ့ရဲ့ပရီးမီးယားလိဂ် ဂိုး ၁၀၀ မြောက်ကို သွင်းယူခဲ့ပေမယ့် အဲ့နောက်မှာ မလိုအပ်တဲ့ နောက်ပြန်ပေးပို့မှုက ဝက်ဖိုဒ့်တိုက်စစ်ဆီ ရောက်ရှိသွားစေခဲ့တာတော့ အနည်းငယ် များသွားခဲ့ပါတယ်။

ဒါပေမယ့် နံပါတ် ၁၀ ကစားးသမားဟာ ပွဲထဲမှာ အရေးပါခဲ့ပြီး အိမ်ရှင်အသင်းဆီက များစွာသော အမှားတွေကို အခွင့်ကောင်းယူဖို့ အဆင်သင့် ဖြစ်နေခဲ့ကာ နောက်ထပ်တစ်ဂိုးနဲ့အတူ ဒီနေ့ကို လွယ်လွယ်ကူကူ အဆုံးသတ်ဖို့ အခွင့်အရေး ရခဲ့သေးတာ ဖြစ်ပါတယ်။

ဖာမီနို – ၈

First touch က နံပါတ် ၉ ကစားသမားကို မျှော်လင့်ထားတဲ့ အဆင့်အတန်းတွေကို ပြသခဲ့တယ်။ တိုက်စစ်အရှိန်အဟုန်ကို ရပ်တန့်စေခဲ့တဲ့ အားပျော့လွန်း၊ အားပြင်းလွန်းသွားတဲ့ ပေးပို့မှုများစွာလည်း မြင်ခဲ့ရပါသေးတယ်။

လီဗာပူးဟာ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ ခြေစမ်းပြမှုကို လိုအပ်နေတာနဲ့အတူ ဩဂုတ်လကုန်နောက်ပိုင်း ပထမဆုံး ပွဲထွက်မှုမှာ အနီးကပ် အဆုံးသတ်သွင်းယူမှုတွေနဲ့ ၃ ဂိုးသွင်းနိုင်ခဲ့တာက ကိတ်မုန့်အပေါ်က ပြီးပြည့်စုံတဲ့ ချယ်ရီသီးလေးလိုပါပဲ။ ဒါက ယုံကြည်မှုမြင့်တက်စေတဲ့ ကြိုဆိုမှု ဖြစ်ပြီး နောက်ပွဲတွေမှာ ဒီလိုပုံစံတွေ ပိုပြီး မြင်တွေ့ရဦးမှာပါ။

လူစားဝင် ကစားသမားများ
ဆီမီကက်စ် – ၇

ဘယ်ခြမ်းမှာ လန်းဆန်းတဲ့ အင်အားတွေ ပေးခဲ့ပြီး ဘောလုံးနောက်လိုက်ဖို့ နောက်ကျခဲ့တဲ့အတွက် ရခဲ့တဲ့ ပြစ်ဒဏ်က သူ့ရဲ့ အသင်းဖော် ဘယ်အစွန်လူနဲ့ အတူတူလောက်ပါပဲ။

ချိန်ဘာလိန် – ၆

တစ်ခုခု လုပ်ပြဖို့ စိတ်အားထက်သန်မှုကို ပြသခဲ့ပြီး သူ့ရဲ့ အခွင့်အရေးတွေ ကန့်သတ်ခံခဲ့ရပေမယ့် ၅ ဂိုးမြောက်မှာ ပါဝင်ကူညီပေးခဲ့ပါတယ်။

နက်ကို ဝီလီယံ – ၆

နောက်ကျမှ ဝင်လာခဲ့ပြီး ဖန်တီးမှုတစ်ခု လုပ်ပေးခဲ့တာထက် ပိုကောင်းတာ မရှိတော့ပါဘူး။