ဝက်ဖို့ဒ်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တောက်ပခဲ့တဲ့နောက် တိုက်စစ်သမားဆာလာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ မန်နေဂျာ ယာဂန်ကလော့ပ်က ချီးကျူးလိုက်ပါတယ်။

အီဂျစ်တိုက်စစ်မှူးဟာ ဝက်ဖို့ဒ်ခံစစ်ကို လိမ်ခေါက်ကျော်ဖြတ်ခဲ့ပြီးနောက် ဘန်ဖိုစတာကို ကျော်လွန်ပြီး ဂိုးပေါက်ထဲ ကန်သွင်းခဲ့သလို ဒီပွဲမှာ မှင်သက်ဖွယ် ဂိုးတစ်ဂိုး ထပ်မံရရှိခဲ့တာပါ။ ဆာလာဟာ ဒီရာသီ လီဗာပူးအတွက် ၁၀ ပွဲမှာ ၁၀ ဂိုး သွင်းယူထားပြီး တစ်ပွဲသာ ဂိုးပေါက်ပျောက်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကစားသမားရဲ့ စွန့်စားခန်းတွေအရ သူဟာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ထက်တောင် သာလွန်တယ်လို့ လီဗာပူးနည်းပြကို ယုံကြည်စေခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးခံခဲ့ရပါတယ်။

“ ဒီနေ့ ဆာလာရဲ့ စွမ်းဆောင်ရည်က သိပ်ကို ကောင်းမွန်ခဲ့တယ်။ ပထမဂိုးအတွက် ဖန်တီးပေးပို့မှုက တကယ်ကို ကောင်းခဲ့ပြီး ဒုတိယဂိုးကလည်း ထူးခြားခဲ့ပါတယ်။ သူက ထိပ်တန်းအဆင့်ပဲ။ ဒါကို ကျွန်တော်တို့ မြင်တွေ့ရတော့မှာပါ။

သူ့ထက် ကောင်းတဲ့သူ ဘယ်သူရှိသေးလဲ။ ကမ္ဘာ့ဘောလုံးအတွက် မက်ဆီနဲ့ ရော်နယ်ဒို လုပ်ပြခဲ့တဲ့အရာတွေ၊ သူတို့ရဲ့ လွှမ်းမိုးမှုတွေကို ကျွန်တော်တို့ ပြောစရာ မလိုပါဘူး။ ဒါပေမယ့် အခုချိန်မှာ ဆာလာက ကမ္ဘာအကောင်းဆုံး ကစားသမားပါပဲ ”လို့ ကလော့ပ်က ကြွေးကြော်ခဲ့တာဖြစ်ပါတယ်။

ဝက်ဖိုဒ့်မန်နေဂျာ ရေနီရာရီကလည်း ” ဆာလာက အကောင်းဆုံး ကစားသမား မဟုတ်ဘူးဆိုရင်တောင် အကောင်းဆုံးတွေထဲက တစ်ဦးပါ။ ဒီအခြေအနေမှာ ဆာလာရဲ့ ထိချက်တိုင်းက သွင်းဂိုးတွေဖြစ်နေပါတယ်။ သူက ကိုယ်တိုင်အတွက်ကော လီဗာပူးအတွက်ပါ အကောင်းဆုံးတွေ လုပ်ပေးနေပါတယ် ” လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဝက္ဖို႔ဒ္ကို ၅-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ေတာက္ပခဲ့တဲ့ေနာက္ တိုက္စစ္သမားဆာလာဟာ ကမၻာ့အေကာင္းဆုံး ကစားသမားျဖစ္တယ္လို႔ မန္ေနဂ်ာ ယာဂန္ကေလာ့ပ္က ခ်ီးက်ဴးလိုက္ပါတယ္။

အီဂ်စ္တိုက္စစ္မႉးဟာ ဝက္ဖို႔ဒ္ခံစစ္ကို လိမ္ေခါက္ေက်ာ္ျဖတ္ခဲ့ၿပီးေနာက္ ဘန္ဖိုစတာကို ေက်ာ္လြန္ၿပီး ဂိုးေပါက္ထဲ ကန္သြင္းခဲ့သလို ဒီပြဲမွာ မွင္သက္ဖြယ္ ဂိုးတစ္ဂိုး ထပ္မံရရွိခဲ့တာပါ။ ဆာလာဟာ ဒီရာသီ လီဗာပူးအတြက္ ၁၀ ပြဲမွာ ၁၀ ဂိုး သြင္းယူထားၿပီး တစ္ပြဲသာ ဂိုးေပါက္ေပ်ာက္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ စြန႔္စားခန္းေတြအရ သူဟာ ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ထက္ေတာင္ သာလြန္တယ္လို႔ လီဗာပူးနည္းျပကို ယုံၾကည္ေစခဲ့ၿပီး ကမာၻ႔အေကာင္းဆုံး ကစားသမားအျဖစ္ ခ်ီးက်ဴးခံခဲ့ရပါတယ္။

“ ဒီေန႔ ဆာလာရဲ႕ စြမ္းေဆာင္ရည္က သိပ္ကို ေကာင္းမြန္ခဲ့တယ္။ ပထမဂိုးအတြက္ ဖန္တီးေပးပို႔မႈက တကယ္ကို ေကာင္းခဲ့ၿပီး ဒုတိယဂိုးကလည္း ထူးျခားခဲ့ပါတယ္။ သူက ထိပ္တန္းအဆင့္ပဲ။ ဒါကို ကြၽန္ေတာ္တို႔ ျမင္ေတြ႕ရေတာ့မွာပါ။

သူ႔ထက္ ေကာင္းတဲ့သူ ဘယ္သူရွိေသးလဲ။ ကမာၻ႔ေဘာလုံးအတြက္ မက္ဆီနဲ႔ ေရာ္နယ္ဒို လုပ္ျပခဲ့တဲ့အရာေတြ၊ သူတို႔ရဲ႕ လႊမ္းမိုးမႈေတြကို ကြၽန္ေတာ္တို႔ ေျပာစရာ မလိုပါဘူး။ ဒါေပမယ့္ အခုခ်ိန္မွာ ဆာလာက ကမၻာအေကာင္းဆုံး ကစားသမားပါပဲ ”လို႔ ကေလာ့ပ္က ေႂကြးေၾကာ္ခဲ့တာျဖစ္ပါတယ္။

ဝက္ဖိုဒ့္မန္ေနဂ်ာ ေရနီရာရီကလည္း ” ဆာလာက အေကာင္းဆံုး ကစားသမား မဟုတ္ဘူးဆိုရင္ေတာင္ အေကာင္းဆံုးေတြထဲက တစ္ဦးပါ။ ဒီအေျခအေနမွာ ဆာလာရဲ႕ ထိခ်က္တုိင္းက သြင္းဂိုးေတြျဖစ္ေနပါတယ္။ သူက ကိုယ္တိုင္အတြက္ေကာ လီဗာပူးအတြက္ပါ အေကာင္းဆံုးေတြ လုပ္ေပးေနပါတယ္ ” လို႔ ခ်ီးက်ဴးသြားခဲ့တာ ျဖစ္ပါတယ္။