လီဗာပူးတိုက်စစ်မှူး ဆာလာက ဝက်ဖိုဒ့်နဲ့ပွဲမှာ သူသွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ မန်စီးတီးပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ဘယ်ဂိုးက ပိုကောင်းလဲကို ရွေးချယ်ပေးခဲ့ပါတယ်။

လီဗာပူးက ၅-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဆာလာက သွင်းဂိုး တစ်ဂိုး သွင်းယူခဲ့ပြီး ဝက်ဖိုဒ့် အသင်းသား များစွာကို လှည့်ဖျားကာ ဧရိယာထဲမှာ အပြင်းကန်သွင်းခဲ့တာဖြစ်တယ်။ သူ့ရဲ့ သွင်းဂိုးကြောင့် လီဗာပူးဟာ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ဆက်လက် စိန်ခေါ်နေဆဲ ဖြစ်ပါတယ်။

ဆာလာကပဲ ” ကျနော်တို့ မန်စီးတီးနဲ့ ပွဲမှာတုန်းက ပွဲအစ တာထွက် မကောင်းခဲ့ဘူး၊ ဒါကို အဝတ်လဲခန်းထဲမှာ ပြောဆိုပြီး အစကောင်း အောင် လုပ်ဖို့ ကျနော်တို့ တိုင်ပင်ခဲ့ကြတယ်။ အဲဒီအတိုင်း ဒီပွဲမှာ လုပ်ပြခဲ့တာပါပဲ။

ဂိုးအားလုံးက သိပ် အရေးကြီးတယ်။ ဒါပေမယ့် ဘော်ဘီ (ဖာမီနို)က ဟက်ထရစ်ကို သွင်းပြီး သိပ်ကောင်းကောင်း လုပ်ပြခဲ့တော့ သူ့ကို ကွန်ဂရက်ကျူးလေးရှင်းပါ။ မာနေးကလည်း ဂိုးကောင်း တစ်ဂိုး သွင်းခဲ့ပါတယ်။ ” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့တယ်။

ဒီကနေ့ပွဲမှာ ဆာလာရဲ့ သွင်းဂိုးဟာ နိုင်ငံတကာ သီတင်းပတ်မတိုင်ခင် မန်စီးတီးပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ အတော်လေးကို ဆင်တူပြီး ကောင်းမွန်ခဲ့ပါတယ်။ သွင်းဂိုး နှစ်ဂိုးမှာ ဘယ်ဂိုးက ပိုကောင်းတာလဲ ဆိုတဲ့ အပေါ် ဆာလာက

” ကျနော်က ပြန် မကြည့်ဖြစ်ဘူး။ ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ပွဲက ပိုကောင်းနေမလားပဲ။ ဘယ်ဂိုးက ပိုကောင်းလဲ ကျနော် မသိဘူး။ ကျနော်က ဂိုးဧရိယာထဲ ရှိနေတုန်း ဘယ်သူ့ကို ပေးရမလဲ ကိုယ်တိုင်ပဲ သွင်းရမလား တွေးနေတာပဲ။ ဒါက အသင်းလိုက် ကစားရတဲ့ ပွဲလေ။ ဒီလို တွေးဖို့က အရေးကြီးဆုံးပဲ။ ” လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ် ရုပ်သံတွေမှ သုံးသပ်သူတွေဖြစ်တဲ့ မာတင်ကီယွန်၊ ဂျိုးကိုလ်းတို့ကတော့ ဆာလာကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးခဲ့ကြပါတယ်။

ကစားသမား ဘ၀ အကောင်းဆုံး ခြေစွမ်းတွေ ရနေသလား ဆိုတဲ့ မေးခွန်းကို ဆာလာက – ” ကျနော် မသိဘူး။ တခါတလေကျ ဂိုးတွေ သွင်းဖို့ ကျနော် လာဘ် မရှိတာတွေလည်း ဖြစ်တတ်တယ်။ ဒါပေမယ့် အသင်းကို ကူညီဖို့တော့ အမြဲ ၁၀၀% ကြိုးစားနေတာပါ။ အခုလောလောဆယ်မှာ အသင်းကို အနိုင် ရမှတ်တွေ ကူညီပေးနိုင်တာ အတွက် ကျနော် ယုံကြည်မှုကောင်းတွေ ရှိနေတယ်။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္မွဴး ဆာလာက ဝက္ဖိုဒ့္နဲ႔ပြဲမွာ သူသြင္းယူခဲ့တဲ့ သြင္းဂိုးနဲ႔ မန္စီးတီးပြဲမွာ သြင္းယူခဲ့တဲ့ သြင္းဂိုး ဘယ္ဂိုးက ပိုေကာင္းလဲကို ေရြးခ်ယ္ေပးခဲ့ပါတယ္။

လီဗာပူးက ၅-၀ ျဖင့္ အႏုိင္ရတဲ့ပြဲမွာ ဆာလာက သြင္းဂိုး တစ္ဂိုး သြင္းယူခဲ့ျပီး ဝက္ဖိုဒ့္ အသင္းသား မ်ားစြာကို လွည့္ဖ်ားကာ ဧရိယာထဲမွာ အျပင္းကန္သြင္းခဲ့တာျဖစ္တယ္။ သူ႔ရဲ႕ သြင္းဂိုးေၾကာင့္ လီဗာပူးဟာ အမွတ္ေပးဇယား ထိပ္ပိုင္းမွာ ဆက္လက္ စိန္ေခၚေနဆဲ ျဖစ္ပါတယ္။

ဆာလာကပဲ ” က်ေနာ္တို႔ မန္စီးတီးနဲ႕ ပြဲမွာတုန္းက ပြဲအစ တာထြက္ မေကာင္းခဲ့ဘူး၊ ဒါကို အ၀တ္လဲခန္းထဲမွာ ေျပာဆိုျပီး အစေကာင္း ေအာင္ လုပ္ဖို႔ က်ေနာ္တို႔ တိုင္ပင္ခဲ့ၾကတယ္။ အဲဒီအတိုင္း ဒီပြဲမွာ လုပ္ျပခဲ့တာပါပဲ။

ဂိုးအားလံုးက သိပ္ အေရးၾကီးတယ္။ ဒါေပမယ့္ ေဘာ္ဘီ (ဖာမီနို)က ဟက္ထရစ္ကို သြင္းျပီး သိပ္ေကာင္းေကာင္း လုပ္ျပခဲ့ေတာ့ သူ႔ကို ကြန္ဂရက္က်ဴးေလးရွင္းပါ။ မာေနးကလည္း ဂိုးေကာင္း တစ္ဂိုး သြင္းခဲ့ပါတယ္။ ” လို႔ ပြဲအျပီးမွာ ေျပာဆိုခဲ့တယ္။

ဒီကေန႔ပြဲမွာ ဆာလာရဲ႕ သြင္းဂိုးဟာ ႏုိင္ငံတကာ သီတင္းပတ္မတိုင္ခင္ မန္စီးတီးပြဲမွာ သြင္းယူခဲ့တဲ့ သြင္းဂိုးနဲ႔ အေတာ္ေလးကို ဆင္တူျပီး ေကာင္းမြန္ခဲ့ပါတယ္။ သြင္းဂိုး ႏွစ္ဂိုးမွာ ဘယ္ဂိုးက ပိုေကာင္းတာလဲ ဆိုတဲ့ အေပၚ ဆာလာက

” က်ေနာ္က ျပန္ မၾကည့္ျဖစ္ဘူး။ ျပီးခဲ့တဲ့ မန္စီးတီးနဲ႕ ပြဲက ပိုေကာင္းေနမလားပဲ။ ဘယ္ဂိုးက ပိုေကာင္းလဲ က်ေနာ္ မသိဘူး။ က်ေနာ္က ဂိုးဧရိယာထဲ ရွိေနတုန္း ဘယ္သူ႔ကို ေပးရမလဲ ကိုယ္တိုင္ပဲ သြင္းရမလား ေတြးေနတာပဲ။ ဒါက အသင္းလိုက္ ကစားရတဲ့ ပြဲေလ။ ဒီလို ေတြးဖို႔က အေရးၾကီးဆံုးပဲ။ ” လို႔ ဆိုပါတယ္။

ပရီးမီးယားလိဂ္ ရုပ္သံေတြမွ သံုးသပ္သူေတြျဖစ္တဲ့ မာတင္ကီယြန္၊ ဂ်ိဳးကိုလ္းတို႔ကေတာ့ ဆာလာကို ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားအျဖစ္ ခ်ီးက်ဴးခဲ့ၾကပါတယ္။

ကစားသမား ဘ၀ အေကာင္းဆံုး ေျခစြမ္းေတြ ရေနသလား ဆိုတဲ့ ေမးခြန္းကို ဆာလာက – ” က်ေနာ္ မသိဘူး။ တခါတေလက် ဂိုးေတြ သြင္းဖို႔ က်ေနာ္ လာဘ္ မရွိတာေတြလည္း ျဖစ္တတ္တယ္။ ဒါေပမယ့္ အသင္းကို ကူညီဖို႔ေတာ့ အျမဲ ၁၀၀% ၾကိဳးစားေနတာပါ။ အခုေလာေလာဆယ္မွာ အသင္းကို အနိုင္ ရမွတ္ေတြ ကူညီေပးနုိင္တာ အတြက္ က်ေနာ္ ယံုၾကည္မႈေကာင္းေတြ ရွိေနတယ္။ ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။