ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူး အသင်းဟာ ဒီနောက်ပိုင်း ပွဲစဉ်တွေမှာ စွမ်းဆောင်ရည် ကောင်းနေတဲ့ အာဆင်နယ်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ အာဆင်နယ်ပွဲ အတွက် မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လီဗာပူး Vs အာဆင်နယ်
ပရီးမီးယားလိဂ် ပွဲစဉ် (၁၂)
နိုဝင်ဘာလ ၂၀ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၁၂း၀၀ နာရီ။

မိုက်ကယ်အိုဝင် သုံးသပ်ချက်။ ။ ဒီနှစ်တွေထဲမှာ ဒီနှစ်သင်း ထိပ်တိုက်တွေ့မှုက ကောင်းမွန်တဲ့ ပွဲတွေ ထွက်ပေါ်လာလေ့ ရှိပါတယ်။ ဒီတစ်ကြိမ်မှာလည်း အဲ့လို မြင်ရမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘရိုက်တန်ကို ရင်ဆိုင်ကစားစဉ် သရေကျခဲ့ပြီး ဝက်ဟမ်းကို အရေးနိမ့်ခဲ့တာကြောင့် ကလော့ပ်က ကျေနပ်ပျော်ရွှင်နေမှာ မဟုတ်ပါဘူး။

ဒီအပတ်တွေအတွင်း လီဗာပူးအသင်းမှာ ခံစစ်ပိုင်း ပြဿနာတွေ ရှိနေပြီး သူတို့ ဖြေရှင်းနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

အာဆင်နယ်အတွက်ကတော့ သုံးပွဲဆက်တိုက် အနိုင်ရထားပြီဖြစ်သလို ဒီကာလတွေအတွင်း ခံစစ်ကလည်း ၁ ဂိုးပဲ ပေးထားရပါတယ်။ လီဗာပူးကို အန်ဖီးကွင်းမှာ ရင်ဆိုင်ကစားရမှာကတော့ သူတို့အတွက် စမ်းသပ်မှုကြီး ဖြစ်လာပါလိမ့်မယ်။

ဒီပွဲမှာ လီဗာပူး အနိုင်ရသွားမယ်လို့ ကျနော် ထင်ပါတယ်။ အာဆင်နယဘက်ကလည်း ဂိုးသွင်းမှာဖြစ်ပေမယ့် သူတို့ ခံစစ်ကို ကျနော် မယုံပါဘူး။ လီဗာပူး အနိုင်ပါပဲ။

အိုဝင်ရဲ့ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၁ အာဆင်နယ်

ZAWGYI

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ လီဗာပူး အသင္းဟာ ဒီေနာက္ပိုင္း ပြဲစဥ္ေတြမွာ စြမ္းေဆာင္ရည္ ေကာင္းေနတဲ့ အာဆင္နယ္ကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ လီဗာပူးနဲ႔ အာဆင္နယ္ပြဲ အတြက္ မိုက္ကယ္အိုဝင္က အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။

လီဗာပူး Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၂)
ႏိုဝင္ဘာလ ၂၀ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ည ၁၂း၀၀ နာရီ။

မိုက္ကယ္အိုဝင္ သံုးသပ္ခ်က္။ ။ ဒီႏွစ္ေတြထဲမွာ ဒီႏွစ္သင္း ထိပ္တိုက္ေတြ႔မႈက ေကာင္းမြန္တဲ့ ပြဲေတြ ထြက္ေပၚလာေလ့ ရွိပါတယ္။ ဒီတစ္ၾကိမ္မွာလည္း အဲ့လို ျမင္ရမလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ ဘရိုက္တန္ကို ရင္ဆိုင္ကစားစဥ္ သေရက်ခဲ့ျပီး ဝက္ဟမ္းကို အေရးနိမ့္ခဲ့တာေၾကာင့္ ကေလာ့ပ္က ေက်နပ္ေပ်ာ္ရႊင္ေနမွာ မဟုတ္ပါဘူး။

ဒီအပတ္ေတြအတြင္း လီဗာပူးအသင္းမွာ ခံစစ္ပိုင္း ျပႆနာေတြ ရွိေနျပီး သူတို႔ ေျဖရွင္းႏုိင္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

အာဆင္နယ္အတြက္ကေတာ့ သံုးပြဲဆက္တိုက္ အႏုိင္ရထားျပီျဖစ္သလို ဒီကာလေတြအတြင္း ခံစစ္ကလည္း ၁ ဂိုးပဲ ေပးထားရပါတယ္။ လီဗာပူးကို အန္ဖီးကြင္းမွာ ရင္ဆိုင္ကစားရမွာကေတာ့ သူတို႔အတြက္ စမ္းသပ္မႈၾကီး ျဖစ္လာပါလိမ့္မယ္။

ဒီပြဲမွာ လီဗာပူး အႏုိင္ရသြားမယ္လို႔ က်ေနာ္ ထင္ပါတယ္။ အာဆင္နယဘက္ကလည္း ဂိုးသြင္းမွာျဖစ္ေပမယ့္ သူတို႔ ခံစစ္ကို က်ေနာ္ မယံုပါဘူး။ လီဗာပူး အႏိုင္ပါပဲ။

အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၃-၁ အာဆင္နယ္