မနက်ကပွဲအတွက် ပွဲအပြီးမှာ ပွဲပြီး တစ်ပုဒ် မရေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် ပွဲထဲမှာ မြင်ခဲ့ရတဲ့ ကိစ္စတွေကိုပဲ ပြောပြီး မြင်တွေ့ရမှုအဖြစ် ဖော်ပြမှာ ဖြစ်ပါတယ်။

နောက်ထပ် ဂိုး ၂ ဂိုး

ဒီရာသီမှာ ၁၆ ပွဲထိ ကစားပြီးခဲ့ပြီဖြစ်ပြီး လီဗာပူးဟာအနည်းဆုံး ၂ ဂိုးစီ သွင်းယူထားခဲ့ပါတယ်။ ဒါက နည်နည်ရရ မဟုတ်ဘဲ ကလပ်ရဲ့ အကောင်းဆုံး ဂိုးသွင်းမှတ်တမ်းဖြစ်ပြီး အင်္ဂလန်ဘောလုံးလောကရဲ့ စံချိန်တစ်ခုကိုလည်း လိုက်မီခဲ့သလို ၈၂ နှစ်ကြာ ဘယ်အသင်းမှ မလုပ်နိုင်ခဲ့တာကို လုပ်ပြခဲ့တာ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့အသင်းဟာ မနှစ်ကနဲ့ယှဉ်ရင် တိုက်စစ်ပိုင်းမှာ ပိုပြီး ထိထိရောက်ရောက် လုပ်ခဲ့ပြီးတော့ အရည်အချင်း၊ တည်ငြိမ်မှုပိုင်းကလည်း အထင်ကြီးစရာ ကောင်းပါတယ်။ ဒီရာသီ ကွင်းလယ်ကလည်း မနှစ်ကထက်စာရင် အရည်အချင်းပိုင်း ပိုကောင်းလာနေပါတယ်။ မာနေးနဲ့ မီနာမီနိုတို့ရဲ့ ဂိုးတွေ လူကျွံဘောသာ မဖြစ်ခဲ့ရင် နောက်ထပ် ပိုပြီးတော့တောင် ဂိုးတွေရနိုင်ခဲ့ပါတယ်။

အထိုင်မကျသေးတဲ့ ပြဿနာတချို့

ကိုနတေး၊ နီကိုဝီလီယံနဲ့ မီနာမီနိုတို့ဟာ ပွဲထွက်လူစာရင်းအတွင်း သိပ်ပြီး ပါဝင်မှုမရရှိထားတဲ့ အသင်းရဲ့ လူသိများ အရန် ကစားသမားတွေဖြစ်ခဲ့ပါတယ်။ ဗဟိုခံစစ် ကစားသမားသစ် ကိုနတေးက အကြိမ်အနည်းငယ်လောက် အသည်းအသန် ကစားနေခဲ့ရပြီး တစ်ကြိမ်မှာ ကျန်တဲ့ခံစစ်အနောက်မှာ နေခဲ့ပြီးတော့ နောက်ထပ် ဘောလုံးပိုင်ဆိုင်မှုကို လုယူခဲ့ပါတယ်။

မီနာမီနိုကလည်း အတော်လေး ပြေးလွှားခဲ့ပြီး စိတ်အားထက်သန်စွာ ကစားခဲ့ပေမယ့် ဒုတိယပိုင်းမတိုင်ခင်အထိ အသင်းရဲ့ ကစားပုံတည်ဆောက်မှာ သိပ်ပြီး ပါဝင်မှု မရှိခဲ့ပါဘူး။ စီနီယာပွဲထွက်ခွင့်ကနေ သီးသန့်ကွဲထွက်နေရာက ပြန်လာတဲ့အခါ ရှာကွီရီ ဖြစ်သလိုမျိုး ချိန်ဘာလိန်လည်း ဖြစ်ခဲ့ပြီး အကောင်းဆုံးပုံစံနဲ့ ကစားဖို့ ပိုပြီး လှုပ်ရှားမှု အနည်းငယ် လိုအပ်နေပါတယ်။

နီကိုးကတော့ လက်ရွေးစင်မှာ ကစားပုံကောင်းနေတယ်ဆိုတာ အလိမ်အညာသတင်း မဟုတ်တာကို ပြသခဲ့တယ်။ ခံစစ်ပိုင်းမှာ မာမာထန်ထန်နဲ့ အင်အားအပြည့်ဖြစ်ခဲ့ပြီး မနှစ်ကထက် ခံစစ်ပိုကောင်းလာတာကို တွေ့ရပါတယ်။

ချန်ပီယံလိဂ် ပွဲဦးထွက်ခွင့်ရလိုက်တဲ့ တိုင်လာမော်တန်က ခုခံကာကွယ်မှုနဲ့ နောက်တန်းကနေ ဘောလုံးပေးပို့မှု အပိုင်းတွေမှာ ကောင်းမွန်ခဲ့ပြီး ပင်နယ်တီဧရိယာအတွင်း ကြားဖြတ်ယူမှုတစ်ကြိမ်က ပထမပိုင်းအတွင်း အရေးပါခဲ့ပါတယ်။ ဆာလာရဲ့ သွင်းဂိုးအတွက် ဟန်ဒါဆန်ရဲ့ ပေးချက် မတိုင်ခင် အဝေးဘောကို မော်တန် လုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီနှစ်တွေအတွင်း ချိန်ဘာလိန်ရဲ့ အကောင်းဆုံး လှုပ်ရှားမှု

၂၀၁၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချိန်ဘာလိန်ဟာ လီဗာပူးအတွက် ၄ ကြိမ်မြောက် ပွဲထွက် ကစားခွင့်ရခဲ့တာပါ။ ဒါက သူ့ရဲ့အလုပ်ကြိုးစားမှုနဲ့ တိုးတက်လာမှုအတွက် ဆုလာဘ်တင်မကပဲ သူ့ရဲ့ စိတ်ရှည်မှုကြောင့်လည်း ပါဝင်ပါတယ်။ မနှစ်ကရင် နည်းပါးတဲ့ ပွဲမိနစ်ပမာဏသာ ကစားခဲ့ရပြီး သူများကစားတာ ထိုင်ကြည့်နေခဲ့ရတာပါ။

ချိန်ဘာလိန်အတွက် လိုအပ်နေတာက ပွဲကစားခွင့်ပဲ ဖြစ်ပါတယ်။ သီယာဂိုကလည်း ချိန်ဘာလိန်လို ပွဲထွက်ခွင့်တွေ ဆက်တိုက် ရလာချိန်မှာ ခြေစွမ်း တောက်လျှောက် တိုးတက်လာနေပါတယ်။ ပွဲဆက်တွေ ရလာတာနဲ့အမျှ သူတို့ရဲ့ ကစားအားနဲ့ ခြေစွမ်းက တိုးတက်ပြီးရင်း တိုးတက်လာနေတယ်။ ဒါဟာ ပွဲကြပ်ကာလမှာ ကွင်းလယ် တွဲဘက်မှုအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။

ဆာလာရဲ့ ချိုမြိန်တဲ့ သွင်းဂိုး နံပါတ် ၁၇

ဒီရာသီ ပွဲတိုင်းမှာ ပျမ်းမျှ ၁ ဂိုးရထားတဲ့ ဆာလာဟာ ဒီပွဲမှာတော့ လှည့်စားမှုတွေ၊ ဆန်းကျယ်တဲ့ ပေးပို့မှုတွေ လုပ်ခဲ့ပြီး ပိုပြီး အရေးကြီးတဲ့ပွဲမှာသာဆိုရင် ဒါမျိုးကို ကလော့ပ်က လက်ခံမှာ မဟုတ်လောက်ပါဘူး။ ဒါပေမယ့် ဒါဟာ ကမ္ဘာအကောင်းဆုံး ကစားသမားတစ်ယောက်အတွက် ပေးတဲ့ မှတ်ချက်ပဲဖြစ်ပါတယ်။ သူက အတော်လေး ရုန်းကစားခဲ့သလို တခြားသူတွေထက် ပိုကောင်းနေတုန်းပါပဲ။

တည်ငြိမ်မှု၊ ဘောလုံးထိန်းသိမ်းပြီး အဆုံးသတ်မှု စတဲ့အရာအားလုံးမှာ ကောင်းမွန်နေတဲ့ အီဂျစ်ဘုရင်ကြီးအတွက် နောက်ထပ် အောင်ပွဲတစ်ခု ဖြစ်ပါတယ်။ ၁၇ ပွဲကစား ၁၇ ဂိုး သွင်းယူထားနိုင်တာဟာ သိပ်ကောင်းတဲ့ မှတ်တမ်းပါပဲ။

လက်ကျန်တစ်ပွဲနဲ့ စိန့်တော်သူစင်တို့နဲ့ ရင်ဆိုင်ရမယ့်ပွဲ

ဖလားအောင်မြင်မှုယူမယ့် ရာသီမှာ ခြေစွမ်းတည်ငြိမ်မှုက သိပ်အရေးပါပါတယ်။ ဆောက်သမ်တန်နဲ့ နောက်ပွဲတွေမှာလည်း အလားတူ ခြေစွမ်းမျိုး ပြသဖို့လိုတယ်။ အဓိက ကစားသမားတချို့လည်း ကြံ့ခိုင်မှု ပြန်ပြည့်ဝနေပြီဖြစ်လို့ ဒီတစ်ပတ်မှာ အပြောင်းအလဲတွေ ထပ်ပြီး မျှော်လင့်လို့မရပါဘူး။

အဲ့ပွဲပြီးရင် အုပ်စုနောက်ဆုံးပွဲအဖြစ် မီလန်နဲ့ အဝေးကွင်းကစားရမှာပါ။ ဒါက ဆန်ဆီရိုကို သွားကစားရဲ့ နောက်ဆုံးခရီးဖြစ်မှာပါ။ လီဗာပူး အနေနဲ့ ချန်ပီယံလိဂ် အုပ်စု ၆ ပွဲလုံးကို အနိုင်ယူနိုင်တဲ့ ပထမဆုံး ပရီးမီးယားလိဂ်ကလပ်အဖြစ် မှတ်တမ်းဝင်နိုင်မယ့် အခွင့်အရေးရှိပါတယ်။ ဥရောပက အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တာကြောင့် အောင်မြင်အောင် လုပ်နိုင်မယ် မျှော်လင့်ပါတယ်။