ဒီကြားရက်မှာတော့ လီဗာပူးဟာ မာဆေးဆိုဒ်ဒါဘီပွဲအဖြစ် အဲဗာတန် အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးက ခြေစွမ်း အမြင့်ဆုံး ရောက်နေချိန်မှာ အဲဗာတန်က ခြေစွမ်း အောက်ဆုံးမှာ ရှိနေပါတယ်။ ဒါပေမယ့်လို့ ပွဲကြိုမှာ အဲဗာတန်နည်းပြ ဘင်နီတက်စ်က “ ရမှတ် သုံးမှတ်ရဖို့ ကျနေ်ာတို့ လုပ်ရမယ့်ကိစ္စကို လုပ်ရပါမယ်။ ရလဒ်တွေ မကောင်းဘူးဖြစ်နေရင် ရုပ်ပိုင်းဆိုင်ရာ သုံးဖို့ လိုအပ်ပါတယ်။ ” လို့ ဆိုပါတယ်။

ရလဒ်အတွက် အဲဗာတန်ဟာ ခပ်ကြမ်းကြမ်း ကစားလာမှာဖြစ်လို့ ကလော့ပ်က ကြံ့ခိုင်မှု အကောင်းဆုံးနဲ့ စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်မယ့် လူစာရင်းကို ထုတ်သုံးလာပါလိမ့်မယ်။

Team News

  • ဆောက်သမ်တန်ပွဲအပြီး ထူးခြား သတင်းမရှိဘဲ အသင်းသားအားလုံး အဆင်ပြေပါတယ်။
  • ကိတ်တာနဲ့ ဂိုးမက်စ်တို့က လေ့ကျင့်ရေး ပြန်ဝင်ဖို့ တစ်ပတ်လောက်ပဲ လိုပါတော့တယ်။
  • ဖာမင်နိုကတော့ ကြံ့ခိုင်မှု ပြန်ကောင်းလာဖို့ နှစ်ပတ်လောက် စောင့်ရပါမယ်။
  • မျက်လုံး ထိခိုက်ထားတဲ့ ဂျုံးကို အလျင်စလို လေ့ကျင့်ရေး ပြန်ဝင်စေမှာ မဟုတ်ပါဘူး။

Liverpool’s XI vs. Everton

နားရက် ၄ ရက် ရထားခဲ့တာကြောင့် ဒီပွဲမှာတော့ ဆောက်သမ်တန်ပွဲမှာ ထုတ်သုံးခဲ့တဲ့ လူစာရင်းကိုပဲ ပြန်ထုတ်လာဖို့ သေချာသလောက်ပါပဲ။ အပြောင်းအလဲ တစ်ခုလုပ်မယ်ဆိုရင်တော့ ကိုနတေးကို အရန်ခုံထိုင်ခိုင်းပြီး မာတစ်ကို ထည့်သွင်းလာဖို့ပဲ ရှိပါလိမ့်မယ်။

ဒီရာသီခံစစ်အတွက်က ထရန့်၊ မာတစ်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်ဟာ အကောင်းဆုံး တွဲဘက်မှုဖြစ်ပြီး ကိုစတက်ကလည်း အရန်ခုံမှာပဲ ဆက်ရှိနေမယ့် အနေအထားပါ။ ကလော့ပ် အကြိုက် ဖာဘင်ညို၊ သီယာဂို၊ ဟန်ဒါဆန် ကွင်းလယ်အတွဲက အလုပ်ဖြစ်ခဲ့ပြီး ဖာဘင်ညို၊ သီယာဂိုတို့ နှစ်ဦးက အတော်လေး နားလည်မှု ပြည့်နေပါတယ်။

တိုက်စစ်ကတော့ ဆာလာ၊ မာနေး၊ ဂျိုတာတို့ပဲ ပွဲထွက်လာဖို့ ရှိပါတယ်။

Alisson; Alexander-Arnold, Matip, Van Dijk, Robertson; Fabinho, Henderson, Thiago; Salah, Mane, Jota

အခြား လူစာရင်းဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရမယ့် အဲဗာတန်ကို ရင်ဆိုင်ဖို့ ဗန်ဒိုက်၊ ကိုနတေးကို ကြံ့ခိုင်မှု ပြည့်နေတဲ့ ထရန့်၊ ကိုစတက်နဲ့ တွဲပေးတာပဲဖြစ်ပါတယ်။ ကွင်းလယ်မှာတော့ သီယာဂိုအစား မီလ်နာကို ထည့်သွင်းတာကလည်း ရွေးချယ်စရာဖြစ်ပါတယ်။