နောဝစ်ချ်ပွဲမှာ ဘော်ဘီနဲ့ ဂျိုတာတို့ကို ဒဏ်ရာကြောင့် အနားပေးခဲ့တာဖြစ်ပြီး ထရန့်ကိုတော့ ပွဲဆက်များနေလို့ အနားပေးထားတာလို့ ကလော့ပ်က ပြောပါတယ်။

သတင်းကောင်းကတော့ ဂျိုတာရဲ့ ခြေကျင်းဝတ် ဒဏ်ရာက သိပ်မဆိုးလှပါဘူး။ ဘယ်အချိန် ပြန်ကစားနိုင်မယ်ဆိုတာ မသိရပေမယ့်လို့ အခြေအနေ ကောင်းနေဟန်ရှိတယ်။ ဘော်ဘီကတော့ ကြွက်သားဒဏ်ရာ ရထားကာ သူ့ကိုတော့ စောင့်ကြည့်နေရတာဖြစ်ပါတယ်။

ကလော့ပ်က မီဒီယာတွေ့ဆုံမှုမှာပဲ “ ကျနေ်ာတို့ အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့ပါတယ်။ ဒီယေဂိုနဲ့ ဘော်ဘီတို့က ဒီနေ့ပွဲမှာ မကစားနိုင်တာကြောင့် သူတို့ နှစ်ဦးအတွက်လည်း အပြောင်းအလဲတွေ လုပ်ခဲ့ရတယ်။ အခြေအနေကို ရာနှုန်းပြည့်တော့ ကျနေ်ာတို့လည်း မသိသေးပါဘူး။

ဒီယေဂိုရဲ့ အခြေအနေက အစောပိုင်းမှာ ကျနေ်ာတို့ ထင်ထားတာထက် ပိုကောင်းပါတယ်။ ဘော်ဘီနဲ့ကတော့ ကြားရက် အင်တာမီလန်နဲ့ပွဲအပြီး သူတစ်ခုခု ခံစားရတယ်ဆိုတာ မသိခင်ထိ ကျနေ်ာတို့လည်း ဘာတစ်ခုမှ သိခဲ့တာ မဟုတ်ပါဘူး။ ဘော်ဘီ ထိခိုက်မှု အနည်းငယ်ဖြစ်ခဲ့တယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် ကြွက်သားဒဏ်ရာဖြစ်လို့ ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာကို စောင့်ကြည့်သွားရမှာပါ။

ဒီအခြေအနေမှာတော့ ဘော်ဘီရဲ့ ဒဏ်ရာကို သေချာ မသိနိုင်သေးပါဘူး။ နောက်ပွဲ မပါနိုင်တာတော့ သေချာပါတယ်။ ဒီတော့ ကျနေ်ာတို့ စောင့်ကြည့်ရမှာပါ။

ဒီနေ့ပွဲမှာ ထရန့်ကို အနားပေးခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ ကစားသမားတွေကတော့ ကောင်းကောင်းမွန်မွန်ပဲ ပါဝင်ကစားခဲ့ကြပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပွဲနေ့ လူစာရင်းမှာ ဂျုံးကိုလည်း မထည့်နိုင်ခဲ့ပါဘူး။ ဒါက ကစားသမား ဒဏ်ရာရနေခြင်းထက် လူစာရင်း ပြည့်နေလို့ ထုတ်ထားခြင်းလို့ သိရတယ်။ လာမယ့် ပွဲတွေမှာ သူ ပြန်လည်ပါဝင်ခွင့်ရလာမယ်လို့ ယူဆရပြီး ဒီအတွက်တော့ လေ့ကျင့်ရေးမှာ ခြေစွမ်းကောင်းတွေဖြင့် သက်သေပြဖို့ လိုအပ်နေမှာ ဖြစ်ပါတယ်။