လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က မနေ့ညက အန်းဖီးမှာ လီဗာပူးကို ၁-၁ နဲ့ သရေ ကစားသွားခဲ့တဲ့ ပြိုင်ဘက် စပါး အသင်းကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပေမယ့် စပါးအသင်းရဲ့ ပွဲချဉ်းကပ်ပုံနဲ့ ပတ်သတ်ပြီး သဘောမကျကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြီး ဒါက သူ ဝင် ထိန်းချုပ်လို့ရတဲ့ ကိစ္စလည်း မဟုတ်ကြောင်း ဝန်ခံခဲ့ပါတယ်။

ခံစစ် အားပြုသွားတဲ့ စပါးအသင်း ကစားပုံနဲ့ ပတ်သတ်ပြီး သူ့အမြင်ကို မေးခွန်းထုတ်ခံရရာ ကလော့ပ်က အခုလို တုန့်ပြန်ခဲ့ပါတယ်။

” ဆောရီးပါ။ ဒီမေးခွန်း ကျနော့် လာမေးတာတော့ မှားနေပြီ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် ဒီလို ဘောလုံး ကစားပုံကို မကြိုက်လို့ပါ။

ဒါပေမယ့် အဲဒါက ကျနော့် တကိုယ်ရည် ပြဿနာပါ။ သူတို့က ကမ္ဘာ့ အဆင့် အသင်း ဖြစ်တယ်၊ ပွဲထဲမှာတော့ ဒိထက် ပို လုပ်ခဲ့သင့်တယ်လို့ ကျနော်က မြင်ပါတယ်။

လီဗာပူးကို ရင်ဆိုင် ကစားတဲ့ ပွဲမှာ သူတို့ ဘောလုံး ပိုင်ဆိုင်မှုက ၃၆% နဲ့ပါ။ ဒါပေမယ့် ဒါတွေက ကျနော့် ပြသနာလေ။ ဝင်ပြီး သွား နည်းပြလို့ ရတာလည်း မဟုတ်ဘူး။ ဒါ ကျနော် လုပ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး။

ကမ္ဘာ့အဆင့် ဆိုတဲ့ ကစားသမားတွေက ဘောလုံးတွေ လာသမျှ ပိတ်ဆို့ ဖျက်တောက်နေတာ ဆိုတော့ တကယ်ကို ခက်ခဲပါတယ်။ ဒါမျိုး အက်သလက်တီကို မက်ဒရစ်လည်း ကစားနေတယ်။ ဒါပေမယ့် ဘယ်လိုပဲ ကစားကစားပါ၊ အဆင်ပြေပါတယ်။

ကျနော် မကြိုက်နိုင်တာက မကြိုက်နိုင်တာပဲလေ။ သူတို့ လုပ်ဆောင်တာတွေကို လေးစားမှု ရှိပါတယ်၊ ဒါပေမယ့် ကျနော်တော့ အဲဒီလို မလုပ်နိုင်ဘူးပေါ့ဗျာ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Zawgyi

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က မေန႔ညက အန္းဖီးမွာ လီဗာပူးကို ၁-၁ နဲ႔ သေရ ကစားသြားခဲ့တဲ့ ၿပိဳင္ဘက္ စပါး အသင္းကို ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ စပါးအသင္းရဲ႕ ပြဲခ်ဥ္းကပ္ပုံနဲ႔ ပတ္သတ္ၿပီး သေဘာမက်ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ၿပီး ဒါက သူ ဝင္ ထိန္းခ်ဳပ္လို႔ရတဲ့ ကိစၥလည္း မဟုတ္ေၾကာင္း ဝန္ခံခဲ့ပါတယ္။

ခံစစ္ အားျပဳသြားတဲ့ စပါးအသင္း ကစားပံုနဲ႕ ပတ္သတ္ၿပီး သူ႔အျမင္ကို ေမးခြန္းထုတ္ခံရရာ ကေလာ့ပ္က အခုလို တုန္႔ျပန္ခဲ့ပါတယ္။

” ေဆာရီးပါ။ ဒီေမးခြန္း က်ေနာ့္ လာေမးတာေတာ့ မွားေနၿပီ ထင္တယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေနာ္ ဒီလို ေဘာလုံး ကစားပုံကို မႀကိဳက္လို႔ပါ။

ဒါေပမယ့္ အဲဒါက က်ေနာ့္ တကိုယ္ရည္ ျပႆနာပါ။ သူတို႔က ကမာၻ႔ အဆင့္ အသင္း ျဖစ္တယ္၊ ပြဲထဲမွာေတာ့ ဒိထက္ ပို လုပ္ခဲ့သင့္တယ္လို႔ က်ေနာ္က ျမင္ပါတယ္။

လီဗာပူးကို ရင္ဆိုင္ ကစားတဲ့ ပြဲမွာ သူတို႔ ေဘာလုံး ပိုင္ဆိုင္မႈက ၃၆% နဲ႔ပါ။ ဒါေပမယ့္ ဒါေတြက က်ေနာ့္ ျပသနာေလ။ ဝင္ၿပီး သြား နည္းျပလို႔ ရတာလည္း မဟုတ္ဘူး။ ဒါ က်ေနာ္ လုပ္ႏိုင္တဲ့ ကိစၥ မဟုတ္ဘူး။

ကမာၻ႔အဆင့္ ဆိုတဲ့ ကစားသမားေတြက ေဘာလုံးေတြ လာသမွ် ပိတ္ဆို႔ ဖ်က္ေတာက္ေနတာ ဆိုေတာ့ တကယ္ကို ခက္ခဲပါတယ္။ ဒါမ်ိဳး အက္သလက္တီကို မက္ဒရစ္လည္း ကစားေနတယ္။ ဒါေပမယ့္ ဘယ္လိုပဲ ကစားကစားပါ၊ အဆင္ေျပပါတယ္။

က်ေနာ္ မႀကိဳက္ႏိုင္တာက မႀကိဳက္ႏိုင္တာပဲေလ။ သူတို႔ လုပ္ေဆာင္တာေတြကို ေလးစားမႈ ရွိပါတယ္၊ ဒါေပမယ့္ က်ေနာ္ေတာ့ အဲဒီလို မလုပ္ႏိုင္ဘူးေပါ့ဗ်ာ။ ” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။