လီဗာပူး စီနီယာအသင်းမှ ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသင်းဘက်က သတင်းထုတ်ပြန်ပေးလာခဲ့ပါတယ်။

Alisson Becker

လီဗာပူးရဲ့ နံပါတ် ၁ ဂိုးသမားဖြစ်သူ အယ်လီဆန်ဟာ ဝမ်းဗိုက်ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေပါတယ်။ သူက လေ့ကျင့်ရေးမှာ ပါဝင်နေပြီး ပြန်ကစားဖို့လည်း နီးနေပါပြီ။ ဒါပေမယ့်လို့ ကွန်မြူနတီဒိုင်းပွဲမှာ ထုတ်သုံးဖို့ လောနေဦးမှာ မဟုတ်ပါဘူး။

“ ဒီနေ့ သူလေ့ကျင့်ရေးဆင်းပါတယ်။ မနေ့ကထက်တော့ ပိုပါလာပါပြီ။ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကွန်မြူနတီဒိုင်းပွဲမှာတော့ မပါနိုင်သေးပါဘူး ” လို့ ကလော့ပ်က ပြောပါတယ်။

Kostas Tsimikas

အသေးစားဒဏ်ရာကြောင့် ဆဲလ်ဘတ်ပွဲမှာ အနားပေးခဲ့တယ်လို့ အသင်းဘက်က သတင်းထုတ်ပြန်ပါတယ်။ ပွဲနေ့မတိုင်ခင် တစ်ရက်မှာ အသေးစား ထိခိုက်မှုရှိခဲ့တာကြောင့် အနားပေးထားတာဖြစ်ပြီး ဒီအပတ် ကင်းပါဝါကွင်းက ဒိုင်းပွဲမှာ ပါဝင်နိုင်မလား စောင့်ကြည့်ဦးမှာပါ။

Diogo Jota

မနှစ်ကဘောလုံးရာသီအပြီး ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းစဉ်မှာ တံကောက်ကြောဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာက ပြန်သက်သာလာပြီး လေ့ကျင့်ရေး အပြည့် ပြန်ဆင်းချိန်မှာ ဒဏ်ရာပြန်ရခဲ့တာပါ။ သူ့ရဲ့ ဒဏ်ရာက စိုးရိမ်ရပြီး ဒဏ်ရာဟောင်းမှာ ထပ်ဖြစ်တာမို့ ပရီးမီးယားလိဂ် အစောပိုင်း သီတင်းပတ်တွေကိုပါ လွဲဖွယ် ရှိနေပါတယ်။

ကလော့ပ်ကတော့ ” ဂျိုတာက ကံမကောင်းစွာဘဲ အချိန်တစ်ခု အနားယူရပါဦးမယ်” လို့ ဆိုခဲ့ပါတယ်။

Alex Oxlade-Chamberlain

အာရှ ခြေစမ်းပွဲမှာတင် ဒဏ်ရာရခဲ့တာဖြစ်ပြီး ဘယ်အချိန် ပြန်သက်သာလာမယ် မသိနိုင်သေးပါဘူး။ အဲ့ကတည်းက ကလော့ပ်ဟာ ချိန်ဘာလိန်အကြောင်း ထည့်မပြောတော့ပါဘူး။ ဒီနွေမှာ သူ့ကို အရောင်းစာရင်း တင်ခဲ့ပေမယ့် ကမ်းလှမ်းမယ့်သူ မရှိသလို ရာသီကြိုမှာတင် ဒဏ်ရာရတာမို့ လာမယ့်ရာသီ ချိန်ဘာလိန်ရဲ့ ပါဝင်နိုင်စွမ်းက အတော်လေး အခွင့်အလမ်း နည်းခဲ့ပါပြီ။

Calvin Ramsay

ရာသီကြိုမှာ ပါဝင်လာဖို့ ဖြစ်ခဲ့ပေမယ့် ကြံ့ခိုင်မှုဆိုင်ရာ အသေးစားဒဏ်ရာ ရှိထားတာပါ။ အဲ့ဒဏ်ရာကို ဂရုစိုက်ပေးဖို့ လိုတာကြောင့် သူ့ကို ကြံ့ခိုင်မှုပိုင်း စောင့်ကြည့် စစ်ဆေးတာတွေကိုပဲ လုပ်ပေးနေတာဖြစ်ပါတယ်။

Caoimhin Kelleher

လူငယ်ဂိုးသမားလေးကလည်း ကြံ့ခိုင်မှု ပြည့်ဝလာရေး ရုန်းကန်နေရဆဲပါ။ ပြင်းထန်တဲ့ ဒဏ်ရာ ရထားတာမျိုး မဟုတ်ပေမယ့် သူဘယ်အချိန် ပြန်ကစားနိုင်မလဲ အတိအကျ မသိဘူးလို့ ကလော့ပ်က ပြောထားပါတယ်။