ဇန်နဝါရီမှာ ဒီယက်စ် ရောက်လာခဲ့သလို ဒီနွေမှာ နူးညက်စ် ရောက်လာခဲ့တာကြောင့် ဖာမင်နိုရဲ့ ပွဲကစားခွင့်ဟာ အတော်လေး မေးခွန်းထုတ်ခံလာရပါတယ်။

ဖာမင်နိုဟာ လီဗာပူးနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်တော့တာဖြစ်ကာ ဇန်နဝါရီမှာ အင်္ဂလန်ပြင်ပ ကလပ်တွေနဲ့ အလွတ်သဘော ဆွေးနွေးခွင့်ရတော့မှာပါ။ ဒါ့အပြင် ဒီနွေမှာတင်ပဲ ဂျူဗင်တပ်က ဘရာဇီးတိုက်စစ်မှူးကို ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းလိုတယ်လို့ သတင်းထွက်နေခဲ့ပါတယ်။

စနေ့နေ့မှာ ယှဉ်ပြိုင်ရမယ့် ကွန်မြူနတီဒိုင်း ပွဲကြိုမှာပဲ ကလော့ပ်က ဖာမင်နိုဟာ လီဗာပူးအသင်းရဲ့ အရေးပါတဲ့ အသင်းသားဖြစ်နေဆဲပါလို့ ပြောဆိုခဲ့ပါတယ်။

“ ဘော်ဘီက ကျနော်တို့အတွက် အရေးပါတဲ့သူပါ။ သူက လီဗာပူးအသင်းရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဉ်ပဲဖြစ်ပါတယ်။ ကိစ္စအားလုံးက အခြေအနေ ကောင်းနေပါတယ်။ ကျနော်ကလည်း လုံးဝ အဆင်ပြေပါတယ်။

ကျနော်အတွက်ဆိုရင်တော့ ဘော်ဘီရဲ့ အရည်အချင်းက သံသယဝင်စရာကို မလိုတာပါ၊ သူက အသင်းအတွက် မရှိမဖြစ် ကစားသမားပါပဲ ” လို့ ကလော့ပ်က ဖြေခဲ့ပါတယ်။

တိုက်စစ်မှာ မာနေး ထွက်သွားသလို ဂျိုတာ ဒဏ်ရာရနေပြီး နူးညက်စ် အသားကျဖို့ လိုအပ်နေသေးတာကြောင့် ဖာမင်နိုဟာ ရာသီအစောပိုင်း ပွဲစဉ်တွေအတွက် အဓိကကျတဲ့ တိုက်စစ်သမားဖြစ်လာဖို့ ရှိနေပါတယ်။

ကလော့ပ်က ဒီယက်စ်၊ ဖာမင်နို၊ ဆာလာအတွဲကို အဓိက ထုတ်သုံးပြီး လူစားဝင်မှုက တစ်ဆင့် နူးညက်စ်ကို အင်္ဂလန်ဘောလုံးလောကနဲ့ မိတ်ဆက်ပေးဖို့ ပြင်ဆင်သွားဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။