လီဗာပူးဟာ တနင်္လာနေ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ဒီရာသီ ကလပ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ရယူဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

ရာသီအဖွင့် ၂ ပွဲလုံး သရေကျခဲ့တဲ့ လီဗာပူးဟာ အသင်းနည်းတူ နိုင်ပွဲမရသေးတဲ့ ခါးသီး ပြိုင်ဘက်တွေထံ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲ့မတိုင်ခင် ကြာသပတေး၊ သောကြာ၊ စနေနေ့တွေအတွင်း လီဗာပူးရဲ့ ခါဘီမှာတော့ အပြောင်းအလဲ အနည်းငယ်ကလွဲလို့ လူစုံနေခဲ့ပါတယ်။

ဗန်ဒိုက်အခြေအနေ စိုးရိမ်စရာမရှိ

ဆိုရှယ်မီဒီယာဟာ အခြေအမြစ် မရှိတဲ့ ကောလာဟလတွေ မြန်မြန် ပျံ့နှံ့သွားနိုင်တဲ့ နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဗန်ဒိုက်ရဲ့ အကြောင်းလည်း ဒီလိုပါပဲ။ ဒူးဒဏ်ရာကနေ ပြန်သက်သာလာပြီးတည်းက သူ့ရဲ့ ဒဏ်ရာအကြောင်း ကောလဟာလတွေ မကြာခဏ ထွက်လေ့ရှိပေမယ့် ဒီအပတ် လေ့ကျင့်ရေးကွင်းမှာတော့ အစမှ အဆုံးတိုင် အသင်းနဲ့ ပူးပေါင်းခဲ့တဲ့ ဗန်ဒိုက်ကို မြင်တွေ့ခဲ့ရပါတယ်။

ဖာမင်နို ပြန်လာပြီ

ပဲလေ့စ်နဲ့ပွဲမှာ လွဲချော်ခဲ့တဲ့ လီဗာပူး ကစားသမားများစွာထဲမှာ အရန်စာရင်းကြောင့် ဖာမင်နို မပါတာက အသိသာဆုံး ဖြစ်သွားခဲ့ပါတယ်။ ကြွက်သားဒဏ်ရာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ချန်လှပ်ခံခဲ့ရတဲ့ ဖာမင်နိုဟာ လီဗာပူး ဆေးအဖွဲ့ရဲ့ စောင့်ကြည့်မှုအောက်မှာ အခြေအနေကောင်းနေပြီး နောက်ဆုံးလေ့ကျင့်ရေးမှာတော့ အပြည့်အဝ ပူးပေါင်းခဲ့ပါတယ်။

ဒါဝင်ဟာ ပဲလေ့စ်နဲ့ပွဲက အနီကဒ်ကြောင့် နောက် ၃ပွဲ ပယ်ခံထားရပေမယ့် သူ့အသင်းဖော်သစ်တွေနဲ့ အံဝင်ဖို့ ဆက်လက် ကြိုးစားနေသလို အသင်းနဲ့အတူတူ လေ့ကျင့်ရေး လုပ်ခဲ့ပါတယ်။

မာတစ်ရဲ့ စပရိုက်

ခံစစ်မှူး ပေါင်ခြံဒဏ်ရာ ရခဲ့ပြီးနောက် မာတစ်မပါပဲ ၂ ပတ်လောက် ကစားရမယ်လို့ ကလော့ပ်က ပြောဆိုထားခဲ့တာကြောင့် လေ့ကျင့်ရေးမှာ သူ့ကို မြင်လိုက်ရတာက အံ့ဩစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မာတစ်ကို ဘောလုံးနဲ့အတူ လေ့ကျင့်ရတဲ့ လေ့ကျင့်ရေးတွေမှာ မတွေ့ခဲ့ရတာကြောင့် ကြံ့ခိုင်မှု ပြည့်သေးဟန် မရှိပါဘူး။

ပဲလေ့စ်နဲ့ပွဲမှာ မာတစ်အစား ဝင်ကစားခဲ့တဲ့ နက်ဖီးလစ်လည်း အစောပိုင်းရက် လေ့ကျင့်ရေးတွေမှာ မပါဝင်ခဲ့ဘဲ အဲ့ဒီ့အစား ကြံ့ခိုင်ရေးလက်ထောက်နည်းပြ ဂျော်ဒန်နဲ့အတူ ကွင်းပတ်ပြေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းရက်တွေမှာတော့ သူပြန်လည် ပါဝင်လာခဲ့ပါတယ်။

ပဲလေစ့်ပွဲမှာ အသေးစား ဒဏ်ရာတွေကြောင့် အရန်လူစာရင်းမှာပဲ ရှိနေတ့ ဟန်ဒါဆန်နဲ့ ဂိုးမက်စ်တို့အပြင် ကွင်းလယ်လူ ကိတ်တာလည်း အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပါဝင်နေခဲ့ပါတယ်။

မျက်နှာသစ် ဂိုးသမားတွေ

မာဆယ်လို ပီတာလူးဂါဟာ ဒီနွေမှာ အငှားချခံခဲ့ရတဲ့ လီဗာပူးကစားသမား ၁၂ ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။ ထပ်ပြောရရင် အငှားကစားတွေထဲက ၃ ယောက်ဟာ ဂိုးသမားတွေဖြစ်ပါတယ်။

ဒါပေမယ့် ၁၉ နှစ်အရွယ် ဂိုးသမားဟာ မက်ဆယ်ဖီးလ်အတွက် ပါဝင်ကစားပေးခဲ့ပေမယ့် လီဗာပူးနဲ့အတူ ပုံမှန်လေ့ကျင့်လျက်ရှိပြီး ကြာသပတေးနေ့က ခါဘီလေ့ကျင့်ရေးမှာ ပါဝင်လာခဲ့ပါတယ်။ ပိတ်ရက် လေ့ကျင့်ရေးမှာတော့ မပါတော့ပြန်ပါဘူး။

ကြားရက်တုန်းက လေ့ကျင့်ရေးမှာ ရာသီကြိုမှ ာပါဝင်ခဲ့သေးတဲ့ ပထမအသင်း ဂိုးသမားတွေဖြစ်တဲ့ ဟာဗေးဒေးဗီးနဲ့ ဖာဘီယန် မရိုဇက်တို့လည်း အယ်လီဆန်၊ အတ်ဒရီယန်တို့နဲ့အတူ ရှိနေခဲ့ပါတယ်။