ဂျူဗင်တပ်ဟာ မန်ယူမှာ ရောက်နေတဲ့ ၄င်းတို့ ကစားသမားဟောင်း ပေါ့ဘာကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အီတလီ စီးရီးအေ ချန်ပီယံ အသင်းဟာ ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာထံ ဆက်သွယ်မေးမြန်းမှု ပြုလုပ်ထားကြောင်း သိရပါတယ်။

မန်ယူ ပစ်မှတ်ထားကာ ခေါ်ယူဖို့ ကြိုးစားနေတဲ့ လက်စတာအသင်းမှ ပေါင် သန်း ၆၀ တန် ကွင်းလယ်တိုက်စစ်သမား ဂျိမ်းစ် မက်ဒီဆန်က ၄င်း အတုယူရတဲ့ စံပြပုဂ္ဂိုလ်က ယူနိုက်တက် ကစားသမားဟောင်း ခရစ္စတီယာနိုရော်နယ်ဒို ဖြစ်ကြောင်း ဖွင့်ဟ ၀န်ခံဖူးပါတယ်။ မက်ဒီဆန်ကို မန်ယူနဲ့ အပြိုင် လီဗာပူးကလည်း စိတ်ဝင်စားဟန် ပြသလာပါတယ်။

မန်ယူနဲ့ သတင်းကြီးတွေ ထွက်ထားခဲ့တဲ့ ဝက်ဟမ်းတိုက်စစ်မှူး အနာတိုဗစ်ဟာ စီးရီအေကလပ် အင်တာမီလန်ကို ရောက်ရှိမယ်လို့ သတင်းထွက် လာနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ပါရဲရားက အသင်း ဂန္တ၀င် ကစားသမားဟောင်းများ ဖြစ်တဲ့ ရွန်းနီ၊ ဂစ်၊ စခိုးလ်တို့က ၄င်း အားကျ အတုယူရသူများ ဖြစ်ပြီး ၄င်းတို့ကဲ့သို့ ကိုယ်ပိုင် မှတ်တမ်းများ အသင်းနဲ့အတူ ရေးထိုးရန် ကြိုးစားသွားမယ်လို့ ဖွင့်ဟပြောဆို လိုက်ပါတယ်။

ဂျူဗင်တပ်နဲ့ နာပိုလီက အလိုရှိနေပေမယ့် ထရစ်ပီယာကတော့ အင်္ဂလန်မှာပဲ ဆက်နေလိုတယ်လို့ ဝန်ခံလိုက်ပါတယ်။ စပါးအစွန်လူဟာ နွေမှာ ရောင်းထုတ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး မန်ယူကက ခေါ်ယူလိုနေသူပါ။

အီတလီက သတင်းများအရ မန်ယူတိုက်စစ်မှူး လူကာကူအား ခေါ်ယူဖို့ ပြိုင်ပွဲထဲသို့ နာပိုလီအသင်းကပါ ပါဝင်လာခဲ့ကြောင်းသိရသည်။ အင်တာမီလန် နည်းပြသစ် အန်တိုနီယို ကွန်တီဟာ ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟား ခေါ်ယူနိုင်ရန် ကြိုးစားနေပါတယ်။

မန်ယူနဲ့ အာဆင်နယ်တို့က အလိုရှိနေတဲ့ ညာအစွန်လူ မူနီယာဟာ ပီအက်ဂျီကနေ ထွက်ခွာဖို့ စဉ်းစားနေပြီး ဇန်နဝါရီမှာ ပြင်သစ်ပြင်ပ ကလပ်တွေနဲ့ အလွှတ်ပြောင်းရွှေ့ကြေးဖြင့် ညိနှိုင်းမှုတွေ ပြုလုပ်ဖွယ် ရှိနေပါတယ်။

မန်ယူ ပစ်မှတ်ထားနေတဲ့ အသက် ၂၁ နှစ်အရွယ် နော်ဝှစ်ခ်ျကြယ်ပွင့် ဂေါ့ဖရေးအား ခေါ်ယူဖို့ စပါးအသင်းကလည်း ဝင်ရောက် ပြိုင်ဆိုင် လာခဲ့ပါတယ်။