မန်စီးတီးဟာ အက်သလက်တီကို ကွင်းလယ်လူ ရိုဒရီကို ခေါ်ယူနိုင်ဖို့ရာ နည်းလမ်းတွေ စတင်ရှာဖွေနေပါပြီ။ အဆိုပါ ကွင်းလယ်လူက သူ့အနာဂတ်ကို ဒီအပတ်အကုန်မှာ ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ အသင်းပြောင်းမယ် သတင်းထွက်နေတဲ့ အသက် ၃၃ နှစ်အရွယ် ကွင်းလယ်ကစားသမား ဒေးဗစ် ဆေးလ်ဗား ကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြံရွယ်နေပါတယ်။

ဒီဘရိုင်း ဒဏ်ရာကနေ သက်သာလာသလို ဘာနာဒိုဆေးဗား အကောင်းဆုံး ခြေစွမ်းပြ နေပေမယ့် ပက် ဂွာဒီယိုလာက ကွင်းလယ် ကစားသမား များ အားလုံး နောက်နှစ် အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ကြောင်း ပြောကြား ထားပါတယ်။

ဘင်ဖီကာရဲ့ အရည်အသွေးမြင့် တိုက်စစ်သမား ဂျိုအိုဖီးလစ်အား စာချုပ်ပါလျော်ကြေးပေးကာ ခေါ်ယူဖို့အတွက် မန်စီးတီးက ကြိုးစားနေပြီး စာချုပ်ပါ လျော်ကြေးဟာ ပေါင် ၁၀၆ သန်းရှိတယ်လို့သိရပါတယ်။

မန်စီးတီးဟာ ခံစစ်မှူးများ ဖြစ်တဲ့ ဒပ်ဖ်နဲ့ ဒန်နီလိုကိုတော့ ရောင်းချလိုနေပြီး ဒီအပြောင်းအရွှေ့မှာ ကမ်းလှမ်းမှုများ လက်ခံစဉ်းစား သွားမယ်လို့ ဆိုထားပါတယ်။

အသင်းပြောင်းလိုနေတဲ့ တိုက်စစ်သမား ဆာနေးရဲ့ အနေအထားကို မနှစ်သက်ပေမယ့် မန်စီးတီးအသင်းဟာ ကစားသမားကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေပြီး ဆက်လက် စည်းရုံးနေဆဲ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကလည်း ဆာနေးကို ခေါ်ဖို့ ဆက်လက်ကြိုးစားသွားမှာ ဖစ်ပေမယ့် ကစားသမားကိုယ်တိုင်က ဘိုင်ယန်သို့လာချင်သည့် ဆန္ဒ တကယ် ရှိသည်ဆိုမှသာ ခေါ်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီး၊ ချယ်ဆီးတို့နဲ့ သတင်းကြီးတွေ ထွက်ပေါ်ထားခဲ့တဲ့ ဖရန့်ဖတ် တိုက်စစ်မှူး ဂျိုဗစ်ဟာ ရီးရဲလ်မက်ဒရစ်ထံ ၆ နှစ်စာချုပ်နဲ့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ သူ့အတွက် လာလီဂါကလပ်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။