ချယ်ဆီးအသင်းကတော့ နည်းပြသစ် အဖြစ် ပိုချက်တီနို ကို ခန့်အပ်ကြောင်း ဒီနေ့ပဲ တရားဝင် ကြေငြာ သွားခဲ့ပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်ရက်မှာ ဆောက်သမ်တန်နဲ့အတူ လက်စတာနဲ့ လိဒ်စ်တို့ တန်းဆင်းရမယ်လို့ စူပါကွန်ပျူတာက ခန့်မှန်းခဲ့တာကြောင့် အဲဗာတန်တို့ ဆက်လက်ရှင်ကျန်နေဦးမယ်လို့ မျှော်လင့်ရပါတယ်။

ဒီ ကလန်ရိုက်စ်ဟာ ဒီနွေရာသီမှာ အာဆင်နယ်ကို ပြောင်းဖို့ အလိုရှိကြောင်း သူ့ရဲ့ ဆန္ဒကို ထုတ်ပြလာတော့မယ်လို့ သတင်းကြားရပါတယ်။ ရိုက်စ်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်ဘက်ကလည်း လှုပ်ရှားနေတာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကိုခေါ်ဖို့ ခက်ခဲမှုတွေကို နားလည်ထားပြီး တခြား တိုက်စစ်ပစ်မှတ်တွေကို ကြိုးစားဖွယ်ရှိပါတယ်။ အရံပစ်မှတ်တွေ အဖြစ် အိုဆီမန် အပါအဝင် တခြားတိုက်စစ်မှူး ၆ယောက်ကို ချိန်ရွယ်ထားပါတယ်။

မေဆန်မောင့်ဟာ ချယ်ဆီးမှာ ကောင်းကောင်း ခြေစွမ်းမပြခဲ့ပေမယ့် အိုးထရက်ဖို့ဒ်ထံ ပြောင်းရွှေ့မယ်ဆိုရင် အကျိုး ရှိလိမ့်မယ်လို့ ပေါလ်စခိုးက ယုံကြည်နေပါတယ်။ ဒါပေမယ့် ချယ်ဆီးဘက်က မောင့်အတွက် သူတို့ရဲ့ ခေါ်ဈေး ပေါင် ၈၅ သန်းကို လျှော့ပေးဖို့ ဆန္ဒမရှိပါဘူး။

ဘယ်လင်ဟမ်ရဲ့ ရီးရဲလ်မက်ဒရစ်ထံ အပြောင်းအရွှေ့ဟာ မကြာခင် ဖြစ်မြောက်တော့မယ်လို့ စပိန်သတင်းတွေက ဆိုပါတယ်။

အန်တိုနီဟာ ခြေကျင်းဝတ်ဒဏ်ရာ ရသွားတဲ့နောက် အက်ဖ်အေဖလား ဖိုင်နယ်တင် မဟုတ်ဘဲ ယူနိုက်တက်ရဲ့ အမေရိက ရာသီကြိုခရီးကိုပါ လွဲချော်သွားမှာပါ။

မာကိုအဆန်စီယိုဟာ စာချုပ်သက်တမ်းကုန်ပြီးနောက် ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာတော့မှာပါ။ သူဟာ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။

မန်စီးတီဟာ သမိုင်းဝင် ဖလားသုံးလုံးရဖို့ နီးစပ်နေပေမယ့် အသင်းပိုင်ရှင် ရှိတ်မန်ဆော်ကတော့ အင်တာမီလန်နဲ့ အရေးကြီး ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကို လာကြည့်ဖို့ အစီအစဉ် မရှိပါဘူး။

ယူနိုက်တက်နည်းပြ တန်ဟက်ဟာ ဟာကင်ဇီယက်ချ်နဲ့ စကားပြောခဲ့တဲ့အကြောင်းကို ဖွင့်ဟဖို့ ငြင်းပယ်ခဲ့ပေမယ့် ချယ်ဆီးတောင်ပံကစားသမားဟာ အပတ်တိုင်း ပွဲကစားဖို့ အားထုတ်နိုင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်စီးတီးဟာ ဘာစီလိုနာက စိတ်ဝင်စားနေတဲ့ ကန်ဆယ်လိုရဲ့ ခေါ်ဈေးကို ပေါင် ၃၄ သန်းအထိ လျှော့ချပေးဖို့ ဆန္ဒရှိနေပါတယ်။