၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပြိုင်ပွဲတွေ ပြီးစီးခဲ့ပြီဖြစ်ကာ ရှုံးထွက် အဆင့် တက်ရောက်သွားတဲ့ ကလပ် ၁၆ သင်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အုပ်စုတွင်းမှာ အုပ်စုဗိုလ်နေရာကနေ ရှုံးထွက်ကို တက်ရောက်ခဲ့ကာ PSV ကတော့ အုပ်စု ဒုတိယဖြင့် ရှုံးထွက်ကို တက်ရောက်လာခဲ့ပါတယ်။

အုပ်စု တတိယနေရာက လန့်စ်အသင်းကတော့ ယူရိုပါလိဂ်ဆင်းကာ play-off ကစားရမှာဖြစ်ပြီး ဆီးဗီးလာ ကတော့ ဥရောပပြိုင်ပွဲကနေ ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အုပ်စု ဒုတိယနေရာက အသင်းတွေဖြစ်တဲ့ လိုက်ဇစ်၊ ကိုပင်ဟေဂင်၊ နာပိုလီ၊ အင်တာ၊ လာဇီယို၊ ပီအက်စ်ဂျီ၊ ပေါ်တို တို့ဖြင့် မဲခွဲမှု ရလဒ်အတိုင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီ ရှုံးထွက် အဆင့်မှာတော့ အာဆင်နယ် ရင်ဆိုင်ရနိုင်တဲ့ အင်အားအကြီးဆုံး ပြိုင်ဘက်က ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းပဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ စီးရီးအေကလပ်တွေနဲ့ ထိပ်တိုက်တွေ့မယ့် ပွဲကောင်းမျိုးလည်း ရင်ဆိုင်ရနိုင်ပါတယ်။

အခြားသော ချန်ပီယံလိဂ် အုပ်စုတွေမှာတော့ အုပ်စုဗိုလ်တွေအဖြစ် မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ဆိုစီဒက်၊ ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကို၊ ဒေါ့မွန်၊ ဘာစီလိုနာတို့က ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပါတယ်။