မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ကတော့ အန်ဖီးကွင်းမှာ မနှစ်တုန်းက ၇-၀ နဲ့ ရှုံးခဲ့သလို ဒီရာသီမှာ ထပ်အဖြစ်ခံမှာ မဟုတ်ကြောင်း ပွဲကြို ရှင်းလင်းပွဲမှာ ပြောဆိုလာပါတယ်။

တနင်္ဂနွေည အန်းဖီးမှာ ကစားမယ့် ပွဲ မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေက ပြီးခဲ့တဲ့ ရာသီက ၇ ဂိုးပြတ် ရလဒ်ကို ထည့်သွင်း မေးခွန်းထုတ်ခဲ့တာပါ။

တန်ဟက်က ” အဲ့ဒီ ရလဒ်က မနှစ်တုန်းကပါ၊ အတိတ်မှာလည်း ကျန်ခဲ့ပါပြီ။ အတိတ်ကို ဘာမှ လုပ်မရပေမယ့် ကျနော်တို့က အနာဂတ်ကိုတော့ ပြောင်းလဲပစ်နိုင်ပါတယ်။

တနင်္ဂနွေနေ့မှာ ပွဲသစ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မနှစ်တုန်းက အန်ဖီးကွင်းမှာ သွား ကစားရတာကို ကျနော်တို့ မကြောက်ခဲ့ပါဘူး။ ဆိုးရွားတဲ့ အတွေ့အကြုံ ဆိုပေမယ့် အမြဲတမ်း အဲ့လိုပဲ ဖြစ်နေမှာ မဟုတ်ပါဘူး။ ပြန်ပြီး စတင်လို့ ရပါတယ်။

မနှစ်ကရာသီ ပထမပိုင်းမှာ ကျနော်တို့ ကစားခဲ့တာ ကောင်းပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျနော်တို့ ပြိုလဲပျက်ဆီးခဲ့တယ်။ အဲ့တာမျိုး ဒီတစ်ကြိမ် ထပ်မဖြစ်နိုင်တော့ပါဘူး ” လို့ ဆိုပါတယ်။

ဆက်လက်ပြီးလည်း နည်းပြတန်ဟက်က ” ကျနော်တို့တွေ အန်ဖီးကွင်းကို ယုံကြည်မှုရှိရှိ သွားပါမယ်၊ ပွဲအစကနေ ပွဲအဆုံးထိ ယုံကြည်မှု ရှိနေရပါမယ်။ အဲ့ဒီမှာ ကျနော်တို့ စိန်ခေါ်သွားမယ် တိုက်ခိုက်သွားမယ် အဲ့ကို သွားရောက် ယှဉ်ပြိုင်တာ အနိုင်ရဖို့ ဖြစ်ပါတယ် ” လို့ ပြောသွားတာ ဖြစ်ပါတယ်။