ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အဂွယ်ရိုကတော့ မန်စီးတီးရဲ့ ၄ ရာသီ ဆက်တိုက် ချန်ပီယံ မျှော်လင့်ချက်ကို ခြိမ်းခြောက်နိုင်မယ့် အသင်းက အာဆင်နယ်နဲ့ လီဗာပူးတို့ မဟုတ်ပါဘူးလို့ ထင်မြင်ချက် ပေးလာပါတယ်။

အဂွယ်ရိုကတော့ ချန်ပီယံစိန်ခေါ်မှုမှာ ရေပန်းမစားလှတဲ့ မန်ယူနိုက်တက်ကို ဘယ်တော့မှ မေ့မထားသင့်ကြောင်း ထောက်ပြခဲ့ပြီး လက်ရှိ ထိပ်ဆုံး ၄ သင်း ပြင်ပ ရောက်နေတဲ့ ကလပ်တွေထဲက နှစ်သင်းရဲ့ အန္တရာယ်ကြီးမှုကို အသိပေးခဲ့ပါတယ်။

” ဒီလို ဘောလုံးရာသီမှာ ယူနိုက်တက်တို့ ဘယ်တော့မှ အိပ်မောကျနေမှာ မဟုတ်ပါဘူး။ သူတို့ဟာ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ စိန်ခေါ်မှုကို အကြီးမားဆုံး ခြိမ်းခြောက်နိုင်တဲ့ အသင်းတွေထဲက တစ်သင်းပဲ ဖြစ်ပါတယ်။ ” လို့ အဂွယ်ရိုက ဆိုပါတယ်။

မန်စီးတီးနဲ့အပြိုင် ဆုဖလား စိန်ခေါ်မယ့် အဓိက ပြိုင်ဘက်အဖြစ်တော့ ” စပါးအသင်းက ဆုဖလား စိန်ခေါ်နိုင်မယ့် အသင်းလို့ ထင်ပါတယ်။ သူတို့က နည်းပြ ပိုစတီကိုဂလူး လက်ထက်မှာ အတော်လေးကို တိုးတက်လာပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ စပါးထက် ၆ မှတ်အသာ၊ ယူနိုက်တက်ထက် ၁၁ မှတ်အသာတွေဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ အဂွယ်ရိုကတော့ အာဆင်နယ်၊ လီဗာပူးတို့ရဲ့ ဦးဆောင်ထားမှုကို သိပေမယ့် စပါး၊ ယူနိုက်တက်တို့ကို ဖလား စိန်ခေါ်ဘက်တွေအဖြစ် အလေးပေးခဲ့တာ ဖြစ်ပါတယ်။