ယူနိုက်တက်က အငှားခေါ်ယူထားတဲ့ စပါး အစွန်လူ ရီဂွယ်လွန်းကို ဒေါ့မွန်အသင်းကလည်း စိတ်ဝင်စားရိပ် ပြသလာပါတယ်။ ရီဂွယ်လွန်းဟာ ဇန်နဝါရီမှာတင် ယူနိုက်တက်နဲ့ အငှားစာချုပ်ကို အပြီးသတ်နိုင်ကြောင်း သတင်းထွက်နေပါတယ်။

စပါးအသင်းဟာ ဂျီနိုအာအသင်းမှ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူး Dragusin ကို ဇန်နဝါရီ စျေးကွက်မှာ ပေါင် ၂၁ သန်းဖြင့် ခေါ်ယူလိုနေပါတယ်။

ရီးရဲလ်မက်ဒရစ်က ဟာလန်း၊ အမ်ဘာပေတို့ကို ခေါ်ယူဖို့ သတင်းကြီးတွေ အရမ်း ထွက်ပေါ်ခဲ့ချိန်မှာ သူက ချယ်ဆီးနဲ့ ပီအက်စ်ဂျီတို့ထံ ရောက်ဖို့ နီးစပ်ခဲ့သေးတယ်လို့ ဘရာဇီး တိုက်စစ်မှူး Endrick က ပြောဆိုပါတယ်။

လိုက်ဇစ်အသင်းဟာ ယူနိုက်တက် တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူလိုပေမယ့် ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခက အဟန့်အတား ဖြစ်နေတာပါ။

လီဗာပူးအသင်းဟာ ဖူလ်ဟမ်အသင်း ကွင်းလယ်လူ ရာဖင်ညာကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ကြိုးစားသွားတော့မှာ မဟုတ်ပါဘူး။

ဘရန့်ဖိုဒ့် တိုက်စစ်မှူး တိုနေးဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ဖြစ်နိုင်ချေ များသွားပြီးလို့ နည်းစနစ် ဒါရိုက်တာဖြစ်သူက ဝန်ခံလိုက်ပါတယ်။

ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ဖရန့်ဖတ်အသင်းထံ ပြောင်းဖို့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီဖြစ်ကာ ကိစ္စအားလုံး အပြီးသတ်ဖိုရာတော့ အသေးစာ ကိစ္စ အချို့ကို ဆက်လက် ညိနှိုင်းနေဆဲ ဖြစ်ပါတယ်။

အလာဘာ ဒဏ်ရာရသွားတာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဇန်နဝါရီ စျေးကွက်ကနေ ခံစစ်မှူး တစ်ဦးကို အရေးပေါ် ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။

ချယ်ဆီးအသင်းဟာ ဆီနီဂေါ ယူ-၁၇ အသင်းရဲ့ ကွင်းလယ်လူ Daouda ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။

နည်းပြကူပါနဲ့ လမ်းခွဲထားတဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းဟာ ဝုဗ်အသင်း နည်းပြဟောင်းဖြစ်တဲ့ ဆန်းတိုစ့်ကို နည်းပြသစ်အဖြစ် ကြေညာလိုက်ပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဇန်နဝါရီ စျေးကွက်မှာ အသင်းသား အချို့ကို ရောင်းချမှာဖြစ်ပြီး ဆီဒရစ်လည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဇန်နဝါရီစျေးကွက် အပြီးမှာ အားကစားဒါရိုက်တာ ရှမတ်ကီဟာ လီဗာပူးအသင်းနဲ့ လမ်းခွဲသွားပါမယ်။

အာဆင်နယ်၊ ယူနိုက်တက်နဲ့ စပါးအသင်းတို့ဟာ ဖီယင်နုအသင်းမှ အသက် ၂၂ နှစ်အရွယ် တိုက်စစ်သမား ဂျီမီနက်စ်ကို လာမယ့် စျေးကွက်တွေမှာ ခေါ်ယူဖို့ အလိုရှိနေပါတယ်။