ဥရောပ ပြိုင်ပွဲသစ် စူပါလိဂ် အား ပိတ်ပင်ဖို့ ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့ရဲ့ ကြိုးစားမှုအား ဥရောပ တရားရုံးက တရားဝင်းပဲ ပ,လပ် ပယ်ချလိုက်ပြီ ဖြစ်ပါတယ်။

ဥရောပစူပါလိဂ်ကို ၂၀၂၁ ဧပြီမှာ ကြေညာခဲ့စဉ်က အသင်း ၁၂ သင်း ပါဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘောလုံးလောကကို ဖျက်ဆီးမယ့် ပလန်အဖြစ် ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုတွေကြောင့် ကလပ် ၉ သင်း နှုတ်ထွက်ခဲ့ကြပြီး ၄၈ နာရီအတွင်း အဲ့ဒီ့စီမံကိန်းက ပျက်ဆီးသွားခဲ့တာပါ။

မက်ဒရစ်၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့သာ စူပါလိဂ် အဖွဲ့ဝင် ကလပ်တွေအဖြစ် ကျန်ခဲ့ကြတာဖြစ်ကာ တရားရေးရာ ရင်ဆိုင်မှုတွေ ပြုလုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဥရောပစူပါလိဂ် ဖွဲ့စည်းခြင်း ကို ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့ဘက်က တားဆီးပိုင်ခွင့် မရှိဘူးလို့ ဥရောပ တရားရုံးက ဆုံးဖြတ်ပေး လာခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေတို့ရဲ့ တားဆီးခြင်းကို ရင်ဆိုင်နိုင်ခဲ့ပြီးနောက် ဥရောပ စူပါလိဂ်ကိုတော့ ကလပ်ပေါင်း ၆၀-၈၀ သင်းကြား ပါဝင်မယ့် အမှတ်ပေးလိဂ် ၄ ခုပါ ဥရောပအမှတ်ပေး ပြိုင်ပွဲအဖြစ် ပြန်လည် တည်ထောင် သွားမှာ ဖြစ်ပါတယ်။

ဒါဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ စတင်မယ့် ယူအီးအက်ဖ်အေ ကြီးမှူကျင်းပမယ့် အသင်း ၃၆ သင်း ပါ ချန်ပီယံလိဂ်နဲ့ ထပ်တိုးအသင်းတွေ ပါဝင်လာမယ့် ကလပ် ကမ္ဘာ့ဖလားတို့နဲ့ အပြိုင် တတိယ ပြိုင်ပွဲကြီး တစ်ရပ်ကို ထပ်တိုးလာစေမှာပါ။

ဥရောပစူပါလိဂ်ကို ၂၀၂၅ ခုနှစ်မှာ စတင်နိုင်ဖို့ အားထုတ်လာဖွယ် ရှိနေပြီး လီဂူးဝမ်း ကလပ် မာဆေးနဲ့ လိုင်ယွန်တို့က အဆိုပါ ပြိုင်ပွဲထံ ပူးပေါင်းကာ ဘဏ္ဍာရေး အခြေအနေ တိုးတက်လာအောင် ကြံစည်ကြမယ် လို့ သိရပါတယ်။