မနေ့က စနေည အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ လီဗာပူး အာဆင်နယ်ပွဲစဉ်ကတော့ တစ်ဘက်ကို တစ်ဂိုးစီနဲ့ ၁-၁ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာ အာဆင်နယ် အသင်းရဲ့ တရစပ် ဖိအားပေးမှုကြောင့် လီဗာပူးတို့ ရုန်းကန်ခဲ့ရပြီး တည်ကန်ဘော က တစ်ဆင့် နောက်ခံလူ ဂါဘရီရယ်က ဦးဆောင်ဂိုး သွင်းယူသွားခဲ့ပါတယ်။

အိမ်ရှင် လီဗာပူးက ပွဲကို ပြန်ထိန်းနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသလို တစ်သင်းသင်းတည်းက အသာရတဲ့ ပထမပိုင်းမျိုး မဟုတ်ခဲ့ပါဘူး။

လီဗာပူးရခဲ့တဲ့ ချေပဂိုးကလည်း ထရန့်ရဲ့ ခံစစ်အတွင်းလူ နေရာက ပေးတဲ့ အဝေးဘောကို ဆာလာက သူ့ရဲ့ ပုံစံအတိုင်း အတွင်းထဲ ချိုးဝင် ပိတ်သွင်းသွားတာ ဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်သမားတွေ ဒီပွဲမှာ အခွင့်အရေး ယူနိုင်စွမ်း နည်းခဲ့သလို လီဗာပူး ကွင်းလယ်ကလည်း တိုက်စစ်ကို ပံ့ပိုးဖို့ ရုန်းကန်ခဲ့ရပါတယ်။

ပထမပိုင်းမှာ အိုဒီဂတ် သိသိသာသာ လက်နဲ့ပုပ်ခဲ့တဲ့ ဖြစ်ရပ်ကို VAR က ပင်နယ်တီ မပေးခဲ့တာတော့ အံ့ဩစရာဖြစ်ခဲ့တယ်။ ဆာကာနဲ့ မာတင်နယ်လီ တွဲလုံးကနေ အာဆင်နယ်တို့ ဦးဆောင်ဂိုး ထပ် မရတာကလည်း အံ့ဩဖွယ် ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးက ပွဲကို ပိုထိန်းချုပ်နိုင်ခဲ့ပြီး အာဆင်နယ်က ဖိအားပေးမှုတွေဖြင့် အခွင့်အရေး ပြန်ရချိန်မှာ တန်ပြန်ထိုးဖောက်ခဲ့ပါတယ်။ နှစ်သင်းလုံး အခွင့်အရေးတွေ ရကြပေမယ့် အပိုင်းအခွင့်အရေး ထပ်ရတာက လီဗာပူးဖြစ်ကာ ၄ ယောက် ၁ ယောက်လောက် အနေအထားကို ထရန့် ဖြန်းတီးခဲ့ပါတယ်။

ပွဲကောင်းတစ်ပွဲကို နှစ်သင်း ခြေရည်တူ ကစားခဲ့ကြတာဖြစ်ကာ လီဗာပူးခံစစ်က ကိုနတေးရဲ့ ပိတ်ကာချက်တွေ မကောင်းခဲ့ရင်လည်း အာဆင်နယ်တို့ ဒုတိယ ဦးဆောင်ဂိုး ရနိုင်လောက်ပါတယ်။

ဒီပွဲအပြီးမှာ အာဆင်နယ်က အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ပြီး လီဗာပူးကတော့ တစ်မှတ် အကွာနဲ့ ဒုတိယနေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။