လီဗာပူးနည်းပြ ကလော့ပ်ကတော့ ကာရာဘောင်းဖလားရအပြီးမှာ ကွင်းလယ်ဒိုင် Chris Kavanagh ဟာ ဖိုင်နယ်လိုပွဲတွေကို ကိုင်နိုင်လောက်တဲ့ ဒိုင်မျိုး မဟုတ်ဘူးလို့ ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းဟာ သမိုင်းမှာ ၁၀ ကြိမ်မြောက်အဖြစ် လိဂ်ဖလားကို ကိုင်မြောက်နိုင်ခဲ့တာပါ။ ဒီပွဲမှာ ပေးဆပ်မှုတွေ ရှိခဲ့သေးကာ ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ဟာ ချယ်ဆီး ကွင်းလယ်လူ ကိုင်ဆီဒိုရဲ့ အဝင်ကြမ်းမှုကြောင့် ကွင်းထဲက ထွက်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင်က ဘာပြစ်ဒဏ်မှ မပေးခဲ့သလို ဖောင်းအဖြစ်တောင် သတ်မှတ်ပေးခဲ့ခြင်း မရှိပါဘူး။

စကိုင်းစပေါ့ကနေ ကလော့ပ် ပြောရာမှာတော့ ‘ အပြင်းအထန် အားထုတ် တိုက်ခိုက်ကြတဲ့ အသင်းနှစ်သင်းရဲ့ ပွဲစဉ်ကို ကိုင်တွယ်ရဖို့ရာ ဒိုင်လူကြီးက ဒီလိုပွဲအတွက် သင့်လျော်တဲ့ အဆင့်မျိုးမှာ မရှိပါဘူး။

ဒီလိုပြောရတာ စိတ်မကောင်းပါဘူး။ မကြာခင် ဇာတ်လမ်းတွေ ရေးကြတော့မှာ ကျနော်သိပါတယ်။ ဂရာဗင်ဘက်ချ် ကိစ္စက ဖောင်းတောင်မှ အပေးမခံရဘူး? သူ ဝီစီတောင် မမှုတ်ခဲ့ပါဘူး။

အဲ့နောက် စတုတ္ထဒိုင်လူကြီးက သူတို့ ကတ် ပြလို့ မရဘူးလို့ ရှင်းပြလာပါတယ်။ ဖြစ်ရပ်က သူတို့အတွက် သိပ်များ မြန်ဆန်သွားသလား မသိပါဘူး။ ဒါကြီးက ရှင်းရှင်းလင်းလင်း မြင်ရတဲ့ ဖြစ်ရပ်ပါ။ ဒီဖြစ်ရပ်မျိုးက ပြစ်ဒဏ်ကတ်ပြဖို့ လိုပါတယ် ‘ လို့ ထုတ်ပြောခဲ့တာပဲဖြစ်ပါတယ်။