လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်း ဖိုင်နယ်ပွဲမှာ အန်ဇိုဟာ ပြိုင်ဘက်အသင်း ပရိသတ်ကို လက်ပါတော့မယ့် အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။

လီဗာပူးနဲ့ ချယ်ဆီးဟာ မိနစ် ၉၀ နဲ့ နာကျင်အချိန်ပို မိနစ် ၃၀ တွေကို ကစားခဲ့ပြီး သရေရလဒ်ကြောင့် ပင်နယ်တီထိ သွားရတော့မလို ဖြစ်ခဲ့ပါတယ်။ နာကျင်အချိန်ပို ပြီးခါနီး ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ဂိုးကြောင့် ချယ်ဆီးတို့ အရှုံးပေးခဲ့ရတာပါ။

ဆုတံဆိပ် လက်ခံဖို့ အသင်းဖော်တွေနဲ့အတူ ကွင်းအပေါ်ကို တက်လာခဲ့ချိန် အန်ဇိုဟာ အတော်လေး စိတ်ပျက်နေပုံ ရခဲ့ပါတယ်။

ဝင်ဘာလေ ပွဲကြည့်စင်ပေါ်က လီဗာပူးပရိသတ်တစ်ဦးက အပေါ်တက်လာတဲ့ အန်ဇိုအား ‘ အန်ဇို၊ ကံမကောင်းလှတဲ့ ကောင်ကလေး’ လို့ ရယ်မောပြီး ဟားတိုက်ခဲ့တာပါ။

အန်ဇိုကလည်း ချက်ခြင်းပဲ လက်ပါတော့မယ့် အရိပ်အယောင် ပြခဲ့ပေမယ့် အနောက်က ပါလာတဲ့ အသင်းဖော် ဂျီမီက တားခဲ့ပြီး အပေါ် ဆက်တက်ဖို့ပဲ အချက်ပြခဲ့တာ ဖြစ်ပါတယ်။

မနှစ်က ဇန်နဝါရီမှာ ဗြိတိန်စံချိန်တင်ကြေး ပေါင် ၁၀၇ သန်းနဲ့ ချယ်ဆီးထံ ပြောင်းလာခဲ့တဲ့ အန်ဇိုဟာ ဖိုင်နယ်မှာ ခြေစွမ်းကောင်း မပြနိုင်ခဲ့ပါဘူး။ မက်ကယ်လစ္စတာနဲ့ အန်ဒိုတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ သူဟာ ရုန်းကန်ခဲ့ရပါတယ်။

ဒီတစ်ကြိမ် ဖလားလက်လွတ်ရမှုကြောင့် ချယ်ဆီးဟာ ၂၀၁၉ ကစလို့ အင်္ဂလန်ပြည်တွင်း ဖလားဖိုင်နယ်ပွဲ ၆ ခုလုံးကို ရှုံးနိမ့်ခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။