ပရီးမီးယားလိဂ်ဟာ အဲဗာတန်အသင်းရဲ့ အယူခံဝင်မှုကို လိုက်လျောမှုအဖြစ် ယခင် ၁၀ မှတ်လျော့ ပြစ်ဒဏ်အား ၆ မှတ်လျော့ ပြစ်ဒဏ်အဖြစ် ပြောင်းလဲပေးခဲ့ပါပြီ။

ယူနိုက်တက်ဟာ တိုက်စစ်သမား အန်တိုနီကို လျော့စျေးတစ်ရပ်နဲ့အတူ နွေစျေးကွက်မှာ ထုတ်ရောင်းတော့မှာ ဖြစ်ပါတယ်။

ကာရာဘောင်းဖလား ဖိုင်နယ်မှာ ဂိုးသွင်းခဲ့တဲ့ ဗန်ဒိုက်ကို သိပ်ကောင်းတဲ့ ကစားသမားပဲလို့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်က လူမှုကွန်ယက်ကနေ မှတ်ချက်ပေးလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ဆော်ဒီကလပ်တွေ မျက်စိကျနေတဲ့ ကွင်းလယ်ကစားသမား ဒီဘရိုင်း ကို ပေါင် သန်း ၁ဝဝ ရ ရင် ရောင်းချမယ်လို့ ဈေးသတ်မှတ်လိုက်ပါတယ်။ ဒီဘရိုင်း လက်ရှိ စာချုပ်က ၂၀၂၅ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဒီနွေမှာ တန်ကြေးမြင့်နဲ့ စီးတီးက ရောင်းချဖွယ် ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နွေမှာ ဘိုင်ယန်ကစားသမား အယ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ လို့ သတင်းထွက်လာပါတယ်။

ယူနိုက်တက်ရဲ့ အသက် ၂၉ နှစ် အရွယ် နောက်ခံလူ လင်ဒီလော့ဖ်ကို နွေမှာ ခေါ်ယူဖို့ အေစီမီလန် အသင်းက ချဉ်းကပ်နေပါတယ်။

လူကာမိုဒရစ်ရဲ့ အနာဂတ်က ကစားသမား လက်ထဲမှာပဲ ရှိပါတယ် လို့ နည်းပြ အန်ဆယ်လော့တီက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မိုဒရစ်ကို အနားယူရင် နည်းပြအဖွဲ့ထဲ ဝင်လာဖို့ အန်ဆယ်လော့တီက ကမ်းလှမ်းထားပါတယ်။

လိဒ်စ် ယူနိုက်တက်ဟာ ကယ်ဗစ် ဖီးလစ်ကို မန်စီးတီး ထံကနေ ပြန်လည် ခေါ်ယူဖွယ် ရှိနေပါတယ်။ ဖီးလစ်က လက်ရှိ ဝက်စ်ဟမ်းမှာ အငှား ထွက် ကစားနေတာပါ။

ချယ်ဆီးဟာ ပီအက်စ်ဂျီ ကို အလဲထိုးပြီး နာပိုလီ တိုက်စစ်သမား အိုဆီမန်ကို ခေါ်ယူသွားနိုင်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ဘရိုက်တန် တိုက်စစ်သမား အီဗန် ဖာဂူဆန်ကို အာဆင်နယ်က ပစ်မှတ်ထားလာပြီး ၎င်းကို ချယ်ဆီးကလည်း အလိုရှိနေပါတယ်။