ဒီကြားရက်မှာ ယှဉ်ပြိုင်ကစားမယ့် အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ရလဒ်ခန့်မှန်းတွေက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Luton v Man City

မန်စီးတီးက သိပ်ကောင်းကောင်း မကစားနိုင်ပေမယ့် နိုင်ပွဲတွေ ရနေပါတယ်။ သူတို့ နှစ်ပွဲဆက်တိုက် ၁-၀ တွေနဲ့ အနိုင်ရထားခဲ့တယ်။ မန်စီးတီးရဲ့ အားသာချက်က အလှည့်ကျ ထုတ်သုံးနိုင်အောင် အင်အားကောင်းတာပါ။ လူတန်က ၁ ဂိုးတော့ ရလောက်ပေမယ့် ဒီပွဲကိုတော့ မနိုင်နိုင်ပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လူတန် ၁-၂ မန်စီးတီး

Chelsea v Leeds United

ကာရာဘောင်းဖလား ဖိုင်နယ်ပွဲကို ရှုံးထားတာကြောင့် ဒီပွဲမှာ ချယ်ဆီးအသင်း ပြန်နိုင်ဖို့ လိုပါတယ်။ အချိန်ပိုမှာ လီဗာပူးအသင်းရဲ့ ကလေးတွေကို သူတို့ ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲမှာ ပြန်ပြနိုင်ဖို့ လိုပါတယ်။ ချယ်ဆီးတို့ နိုင်မှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၂-၀ လိဒ်စ်

Nottingham Forest v Man Utd

အဲရစ်တန်ဟက်ထံက ဘယ်လိုအသင်းမျိုး မြင်ရမလဲကို မသိတော့ဘူး။ သူတို့ နိုင်ပွဲတွေ ဆက်နေတာတောင် ပွဲတွေကို မထိန်းချုပ်နိုင်ပါဘူး။ ဖောရက်စ်နိုင်သွားတာလည်း ဖြစ်နိုင်ပေမယ့် ဘာလို့လဲမသိဘူး ယူနိုက်တက်နိုင်မယ်လို့ပဲ တွေးနေမိတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ဖောရက်စ် ၁-၁ ယူနိုက်တက် (အချိန်ပို၊ ပင်နယ်တီမှာ ယူနိုက်တက် နိုင်မည်)

Liverpool v Southampton

ကာရာဘောင်းဖိုင်နယ်မှာ လွဲချော်ခဲ့တဲ့ အဓိက ကစားသမားတွေ ဒီပွဲမှာ ပြန်ပါလာမလား မသိနိုင်ပါဘူး။ ဒါပေမယ့် အသင်းလိုက်မှာ လီဗာပူးတို့ ဆုဖလားတွေ ဆာလောင်နေပါတယ်။ ကလော့ပ်ကလည်း သူ့ရဲ့ နောက်ဆုံးရာသီမှာ ရနိုင်သလောက် ဖလားအားလုံး အောင်မြင်လိုမှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၁ ဆောက်သမ်တန်

အခြားပွဲစဉ်တွေအတွက် ဆက်တန်ရဲ့ ရလဒ်ခန့်မှန်းများ

Coventry City 3-1 Maidstone Utd
Bournemouth 2-1 Leicester City
Blackburn 1-3 Newcastle
Wolves 0-1 Brighton