အင်္ဂလန်ဘောလုံးလိဂ်ကတော့ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲမှာ ဂရာဗင်ဘက်ချ်ကို အဝင်ကြမ်းခဲ့တဲ့ ကိုင်ဆီဒိုအား ကတ်ပြ မပြရခဲ့တဲ့ အကြောင်းရင်းအား ထုတ်ပြောလာပါတယ်။

ဂရာဗင်ဘက်ချ်ရဲ့ ခြေကျင်းဝတ်ကို ကိုင်ဆီဒိုက တက်နင်းခဲ့တဲ့ ဖြစ်ရပ်ကို ကွင်းလယ်ဒိုင်က မမြင်ခဲ့ပေမယ့် VAR က စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဖြစ်ရပ်အတွက် အဝါကတ်၊ အနီကတ်တွေ မပြတဲ့အပြင် ဖောင်းတောင်မှ မပေးခဲ့ပါဘူး။

ကွင်းလယ်ဒိုင်က ကိုင်ဆီဒိုဟာ တမင် ပြင်းထန်တဲ့ ဖောင်းလုပ်ခဲ့တာ မဟုတ်ဘဲ မတော်တဆ ထိခိုက်စေခဲ့တာဖြစ်တယ်လို့ ယုံကြည်တာကြောင့် ဘာပြစ်ဒဏ်မှ မပေးခဲ့တာပါ။ ဖြစ်ရပ်ကို စစ်ဆေးအပြီးမှာ VAR ကလည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို သဘောတူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်ကို ပြစ်ဒဏ် မပေးခဲ့သလို အစောပိုင်းမှာ ကိုင်ဆီဒိုက ဝါတာရု အန်ဒိုကို ဖောင်းလုပ်ခဲ့တာကိုလည်း ကွင်းလယ်ဒိုင်က ခွင့်ပြုခဲ့ပါသေးတယ်။ နည်းပြကလော့ပ်ကတော့ ဒိုင်လူကြီး Chris Kavanagh ဟာ ဒီလိုဖိုင်နယ်ပွဲကို ကိုင်တွယ်နိုင်မယ့် အဆင့်မျိုး မရှိပါဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။