မန်စီးတီးက လူတန်ကို ၆-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ တိုက်စစ်မှူး ဟာလန်းဟာ တစ်ဦးတည်း ၅ ဂိုးသွင်းခဲ့ကာ အင်္ဂလန်လိဂ်ရဲ့ ထိပ်တန်း စံချိန်တွေကို ရယူသွားပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ မိနစ် ၄၀ မှာတင် hat-trick ရခဲ့တာဖြစ်ကာ ဒုတိယပိုင်းမှာ နောက်ထပ် ၂ ဂီုး ထပ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ ဒီဘရိုင်းကလည်း ဟာလန်းအတွက် ၄ ကြိမ်တောင် ဂိုးထောက်ပံ့မှု လုပ်ပေးခဲ့ပါတယ်။

စီးတီးရဲ့ နောက်ဆုံး သွင်းဂိုး တစ်ဂိုးကတော့ ပွဲချိန် ၇၂ မိနစ်မှာ ကိုဗာဆစ်က သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။ မန်ချက်စတာဒါဘီ အကြိုမှာ ဂွာဒီယိုလာရဲ့ အသင်းကတော့ အကောင်းဆုံး တိုက်စစ်စွမ်းအားကို ပြသနေခဲ့ပါပြီ။

ဒီနေ့ပွဲမှာ ၅ ဂိုးရခဲ့ပြီးတဲ့နောက် ဟာလန်းဟာ ယူနိုက်တက် ဂန္တဝင်ကြီး George Best နောက်ပိုင်း အက်ဖ်အေဖလားမှာ ၅ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့တယ်။

ဟာလန်းဟာ မန်စီးတီးသမိုင်းမှာ တစ်ရာသီအတွင်း သွင်းဂိုး ၅ ဂိုး ၂ ကြိမ် သွင်းပြနိုင်တဲ့ ပထမဆုံး တိုက်စစ်မှူးလည်း ဖြစ်လာခဲ့တယ်။ အောက်တိုဘာတုန်းကပဲ စီးတီးဟာ လိုက်ဇစ်ကို ၇-၀ ဖြင့် အနိုင်ရခဲ့သေးကာ ဟာလန်းက ၅ ဂိုး သွင်းယူခဲ့ပါတယ်။

မနှစ်ကရာသီ ပရီးမီးယားလိဂ်သမိုင်းမှာ သွင်းဂိုး အများဆုံးအဖြစ် ၃၅ ပွဲကစား ၃၆ ဂိုး သွင်းခဲ့တဲ့ ဟာလန်းဟာ မန်ချက်စတာ ဒါဘီပွဲကြိုမှာ အကောင်းဆုံး ပုံစံတွေကို ပြန်လည် ပြသနေပြီ ဖြစ်ပါတယ်။