အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နေပေမယ့်လို့ ကစားသမား အချို့ဟာ ရာသီကုန်ရင် အမ်းမရိတ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။

အင်္ဂလန်ဂိုးသမား ရမ်စ်ဒယ်ဟာ အာဆင်နယ်အသင်း ဂိုးပေါက်ကို တာဝန်ယူခွင့် ဆုံးရှုံးခဲ့တာကြောင့် ယူရို ၂၀၂၄ မှာ ရွေးချယ်ခံရဖွယ် မရှိဘူးလို့ အသံထွက်နေပါတယ်။

ရမ်စ်ဒယ်ကတော့ သူ့ရဲ့ အနေအထားကို ပျော်ရွှင်နေခြင်း မရှိပါဘူး။ ပုံမှန်ပွဲကစားခွင့်အတွက်ကော အင်္ဂလန်အသင်းနဲ့အတူ လာမယ့် ပြိုင်ပွဲကြီးတွေမှာ ပါဝင်ကစားနိုင်ရေးအတွက်ပါ အသင်းသစ်ကို ရှာဖွေသွားတော့မယ်လို့ Caught Offside က ဖော်ပြလာပါတယ်။

ရာယာထံ အာဆင်နယ်ဂိုးပေါက် ကာကွယ်ခွင့်ကို လက်လွတ်လိုက်ရတဲ့ ရမ်စ်ဒယ်ဟာ ပရီးမီးယားလိဂ်ဖလား အနိုင်ရရင်တောင် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်။ သူဟာ အင်္ဂလန်ပြိုင်ဘက် ကလပ်တစ်သင်းသင်းရဲ့ ကမ်းလှမ်းမှုကို ရဖို့လည်း လမ်းဖွင့်ထားပါတယ်။

ရမ်စ်ဒယ်နေရာ အစားထိုးရေး အာဆင်နယ်အသင်းကတော့ အေဂျက်အသင်းမှ Diant Ramaj ကို ပြန်လည်ခေါ်ယူဖွယ်ရှိတယ်လို့ သိရပါတယ်။