လီဗာပူးအသင်းဟာ လာမယ့် ပြိုင်ပွဲစုံ ၈ ပွဲကို ၁၈ ရက်အတွင်း ယှဉ်ပြိုင်ရမှာဖြစ်ကာ ပွဲကြပ်ကာလတစ်ခုကို ကျော်ဖြတ်ရပါလိမ့်မယ်။

မတ်လ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် အသင်း ရင်ဆိုင်ကစားရမယ့် ပွဲစဉ်တွေမှာ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေ ပါဝင်လာတာပါ။ အရေးအကြီးဆုံး ပွဲကတော့ အန်ဖီးမှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲပဲ ဖြစ်ပါတယ်။

ချက်ကလပ် စပါတာ ပရာဟာ အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အဝေးကွင်းနဲ့ အိမ်ကွင်းပွဲ နှစ်ခုကြားမှာ မန်စီးတီးပွဲ ရှိနေတာမို့ နည်းပြကလော့ပ်ဟာ အဓိက ကစားသမားတွေကို အလှည့်ကျ စနစ်တွေ သုံးရလာဖို့ ရှိနေပါတယ်။

အက်ဖ်အေဖလားမှာ အနိုင်ရခဲ့ရင် အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲကို ရက်ရွှေ့မှာဖြစ်ကာ ရလဒ်ကောင်း မထွက်ရင်တော့ မူရင်းအတိုင်း မာဆေးဆိုဒ်ဒါဘီပွဲ ရှိနေပါလိမ့်မယ်။

လီဗာပူးတိုက်စစ်သမားတွေဖြစ်တဲ့ ဆာလာ၊ ဒါဝင်နဲ့ ကွင်းလယ်လူဖြစ်တဲ့ ဆိုဘိုစလိုင်တို့ဟာ ဆောက်သမ်တန်ပွဲကစတင်ပြီး ပြန်ကစားနိုင်မယ်လို့ အသံထွက်နေတာပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ လာမယ့် ပြိုင်ပွဲစုံ ၆ ပွဲ

ဖေဖော်ဝါရီလ ၂၉ ရက် – ဆောက်သမ်တန် (အိမ်ကွင်း) – အက်ဖ်အေဖလား ပဉ္စမအဆင့်

မတ်လ ၂ ရက် – နော်တင်ဟမ် ဖောရက်စ် (အဝေးကွင်း) – ပရီးမီးယားလိဂ်

မတ်လ ၈ ရက် – စပါတာ ပရာဟာ (အဝေးကွင်း) – ယူရိုပါလိဂ် ၁၆ သင်းအဆင့်

မတ်လ ၁၀ ရက် – မန်စီးတီး (အိမ်ကွင်း) – ပရီးမီးယားလိဂ်

မတ်လ ၁၅ ရက် – စပါတာ ပရာဟာ (အိမ်ကွင်း) – ယူရိုပါလိဂ် ၁၆ သင်းအဆင့်

မတ်လ ၁၇ ရက် – အဲဗာတန် (အိမ်ကွင်း) ဒါမှမဟုတ် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲ