ရာသီကုန်မှာ နည်းပြကလော့ပ်နဲ့အတူ လီဗာပူးကနေ ထွက်ခွာသွားမယ့် လက်ထောက်နည်းပြ ပပ်လင်ဒါးဟာ မန်နေဂျာအဖြစ် စတင် အလုပ်လုပ်တော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ အောင်မြင်မှုတွေအတွင်း အဓိကကျသူ တစ်ဦးအဖြစ် ပါဝင်ခဲ့တဲ့ ပက်လင်ဒါးဟာ ကလော့ပ်နေရာ ဆက်ခံသူဖြစ်ခွင့်အတွက် အလွန်ဆို၊ ဒီဇာဘီတို့နဲ့အပြိုင် ကြိုးစားသွားမှာ မဟုတ်ပါဘူး။

သူဟာ ဇာတိမြေဖြစ်တဲ့ နယ်သာလန်ကို ပြန်သွားကာ အေဂျက်အသင်းကို တာဝန်ယူဖွယ် ရှိနေပါတယ်။ လက်ရှိမှာ လင်ဒါးနဲ့ အေဂျက်ကြား စကားပြောမှု စတင်နေပြီလို့ သိရပါတယ်။

ကလော့ပ်နဲ့အတူ လက်ထောက်နည်းပြတွေဖြစ်တဲ့ လင်ဒါး၊ ပီတာ၊ ဗစ်တာမာတိုစ့်တို့တွေ လီဗာပူးကနေ ထွက်ခွာမှာဖြစ်ပေမယ့် အသင်းသစ်ထံ အတူ ကူးပြောင်းကြမှာ မဟုတ်ပါဘူး။

နည်းပြကလော့ပ်က ဘောလုံးလောကကနေ တစ်ရာသီ အနားယူမှာဖြစ်ကာ မိန်ဇ့်မှာတည်းက သူနဲ့ လက်တွဲခဲ့တဲ့ ပီတာကလည်း ကာလတစ်ခု အနားယူပြီး နည်းပြလောထဲက အတူပြန်ဝင်လာကြဖွယ် ရှိပါတယ်။

လင်ဒါးကတော့ သူ့ရဲ့ ကိုယ်ပိုင် နည်းပြအဖွဲ့ကို စတင်ဖွဲ့စည်းကာ ဥရောပ ထိပ်တန်း အသင်းတစ်သင်းဖြစ်တဲ့ အေဂျက်ထံ ရောက်ရှိသွားဖို့ နီးစပ်နေတယ်။ သူ့ရဲ့ နည်းပြအဖွဲ့ထဲ ဗစ်တာမာတိုစ့်ကိုလည်း ခေါ်သွင်းဖွယ် ရှိနေပါတယ်။