မန်ချက်စတာ ဒါဘီပွဲရှိနေတဲ့ ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် ဝါရင့် ဘောလုံးပွဲ သုံးသပ်သူ ပေါမာဆန်ရဲ့ ရလဒ်ခန့်မှန်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။
Nottingham Forest vs Liverpool
လီဗာပူးမှာ ဒဏ်ရာရ ကစားသမားတွေက ကားတစ်စီးတိုက်လောက် ရှိနေပါတယ်။ ဒီပွဲက ခက်ခဲတဲ့ ပွဲ တစ်ပွဲ ဖြစ်မှာပါ။ ဒါပေမယ့် ဒီပွဲ အတွက် စီနီယာ ကစားသမား တချို့ ပြန်ပါလာနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်က လီဗာပူး အနိုင်ဘက်က ရှိပါမယ်။ လီဗာပူးအတွက် ရိုးရှင်းတဲ့ ပွဲ တစ်ပွဲတော့ ဖြစ်မယ် မထင်ဘူး။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ Nottingham Forest 1-2 Liverpool
Brentford vs Chelsea
ဘရန့်ဖို့ဒ် လူစာရင်းလည်း ဒဏ်ရာတွေကြောင့် အတော် ချိနဲ့နေပြီ ဖြစ်တယ်၊ ဒါကြာင့် ဒီပွဲမှာ ချယ်ဆီးတို့ ရည်မှန်းချက် အောင်မြင်နိုင်မယ် လို့ ကျွန်တော်ထင်တယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ Brentford 1-2 Chelsea
Manchester City vs Manchester United
ဟွိုင်လန်း ကြံ့ခိုင်နေမယ်ဆိုရင် ဒီပွဲမှာ ယူနိုက်တက်တို့ အနိုင်ရမယ့် အခွင့်အရေးမျိုး ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် အခုက ဟွိုင်လန်းလည်း မပါတာကြောင့် မန်စီးတီးပဲ တဖတ်သတ် ဖိကစားမယ့်ပွဲ ဖြစ်လာမှာပါ။ ကျနော်ကတော့ မန်စီးတီးတို့ အေးအေးဆေးဆေး အနိုင်ပါပဲ။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ Man City 3-0 Man United
Sheffield United vs Arsenal
အာဆင်နယ် အနိုင်ကလွဲလို့ အခြားရလဒ် ထွက်လာဖို့ မရှိပါဘူး။ အာဆင်နယ်က ဟန်ချက်ညီနေတဲ့ အသင်းဖြစ်ပြီး ဒီအပတ်တွေမှာ ခပ်စောစော သွင်းဂိုးတွေ ရယူနိုင်စွမ်း ရှိနေပါတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ Sheffield United 0-3 Arsenal
အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ
Newcastle United 3-2 Wolves
Tottenham 3-1 Crystal Palace
Everton 2-1 West Ham
Fulham 1-1 Brighton
Luton Town 1-2 Aston Villa
Burnley 1-2 Bournemouth