ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် ဘီဘီစီမှ ဝါရင့် ဘောလုံးပွဲ သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ ရလဒ်ခန့်မှန်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။

Nottingham Forest vs Liverpool

ဒီပွဲအတွက် ဆာလာ၊ ဆိုဘို၊ ဝါတာရုတို့ ပါဝင်ကစားပေးဖို့ ကြံ့ခိုင်နေမယ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။ လီဗာပူးကို ရပ်တန့်ဖို့က ခက်ခဲပါတယ်။ နူနိုရဲ့ အသင်းဟာ တိုက်စစ်ပိုင်း တိုးတက်လာပေမယ့် ရလဒ်တွေ မယူနိုင်သေးပါဘူး။ ဒီအပတ်ပွဲကိုလည်း နိုင်မှာ မဟုတ်ပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Nottingham Forest 0-2 Liverpool

Brentford vs Chelsea

ပိုချက်တီနိုရဲ့ ချယ်ဆီးကလည်း ရာသီကုန်ကို တောင့်တင်းတဲ့ ပုံစံနဲ့ အဆုံးသတ်နိုင်ဖို့ လိုပါတယ်။ ဒီပွဲကို ပုံမှန်အားဖြင့် သရေကျမယ် မထင်ပေမယ့်လို့ အခုချိန်မှာ နှစ်သင်းလုံး အနိုင်ကစားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ကျနော်မှာ မရှိပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Brentford 1-1 Chelsea

Manchester City vs Manchester United

စီးတီးပဲ အနိုင်ရမှာကို သံသယမရှိပါဘူး။ သူတို့ ဂိုးဘယ်လောက် သွင်းမလဲပဲ မေးခွန်းထုတ်ရမှာပါ။ စီးတီး အကောင်းဆုံး လုပ်နိုင်မယ်၊ ဒီဘရိုင်း ခံစားချက်ကောင်းနေမယ်ဆိုရင်တော့။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Man City 6-1 Man United

Sheff Utd v Arsenal

ဒီရာသီ အစောပိုင်း အမ်းမရိတ်မှာလည်း ၅-ဝ နဲ့ ရှုံးထားတဲ့ ရှက်ဖီး အသင်းထက် အာဆင်နယ်က အပေါ်စီးက ရှိပါတယ်။ ရှက်ဖီးကတော့ အာဆင်နယ်ကို အဘက်ဘက်က ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ခရစ်ဝိုက်ဒါရဲ အသင်းအတွက် ခက်ခဲတဲ့ ညနေခင်း ဖြစ်သွားပါမယ်။

Sutton’s prediction: 0-3

ဆက်တန် ခန့်မှန်းရလဒ်။ ။ Sheffield United 0-3 Arsenal

အခြားပွဲတွေ အတွက် ဆက်တန် ခန့်မှန်းရလဒ်များ

Everton 1-0 West Ham
Fulham 2-1 Brighton
Newcastle 2-1 Wolves
Tottenham 3-0 Crystal Palace
Luton 1-3 Aston Villa
Burnley 1-1 Bournemouth